04 January 2010

အစ္စလာမ် ငြိမ်းချမ်းရေးသာသနာ


အစ္စလာမ်ဟူသည် ငြိမ်းချမ်းခြင်း အမိန့်နာခံခြင်းဟု အဓိပ္ပာယ်ရသည်။နိစ္စထာဝရတည်ရှိတော်မူသော တစ်ဆူတည်းတစ်ပါးတည်း ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် နောက်ဆုံးတမန်တော် မုဟမ္မဒ်သခင်၏ စံနမူနာများကို နာခံကျင့်သုံးခြင်းဖြင့် ငြိမ်းချမ်းမှု ရရှိခြင်းဖြစ်သည်။အစ္စလာမ်သည် ပြီးပြည့်စုံသော ဘာသာသာသနာ အယူဝါဒလမ်းစဉ်ဖြစ်သည်။ လူ့ဘဝ တည်ဆောက်ရေး လမ်းညွှန်ဖြစ်သည်။သာသနာဟူသည်အဆုံးအမဖြစ်သည်။တမန်တော်မြတ်၏ဩဝါဒတော်တစ်ရပ်တွင်ဒီန်
သာသနာဟူသည်အဆုံးအမဖြစ်သည်ဟုလာရှိသည်။
အစ္စလာမ်သည် ကမ္ဘာတည်စကတည်းကရှိသောကမ္ဘာဦးဘာသာဖြစ်သည်။ ကမ္ဘာဦးဖခင်အာဒမ်၊ မိခင်ဟာဝါနှင့်တကွလူမျိုးအသီးသီးဒေသအသီးသီး၊ခေတ်အသီးသီးတွင်ပေါ်ထွန်းခဲ့သမျှသောနဗီရစူလ်
အပေါင်းနှင့် အမြင့်မြတ်ဆုံးပွင့်တော်မူခဲ့သည့်နောက်ဆုံးနဗီတမန်တော်မုဟမ္မဒ်သခင်ကိုယ်တော်မြတ်တို့ လိုက်နာကျင့်သုံးဟောကြားသွန်သင်သောဒီန်သာသနာတော်သည်အစ္စလာမ်ဖြစ်သည်။မွတ်စလင်မ်ဟူ
သည်ငြိမ်းချမ်းသူ၊အမိန့်နာခံသူဟု အဓိပ္ပာယ်ရသည်။အစ္စလာမ်တည်းဟူသော ငြိမ်းချမ်းရေးလမ်းစဉ်ကို နာခံကျင့်သုံးသူဖြစ်သည်။

မွတ်စလင်မ်သည် လူမျိုးကို ရည်ညွှန်းသော အမည်မဟုတ်။ အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူ လူတိုင်းကိုမွတ်စလင်မ်ဟုခေါ်သည်။ အလ္လာဟ်အရှင်မြတ်မှတစ်ပါးအခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိ။တမန်တော်မြတ်မုဟမ္မဒ်သခင်
သည်အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသောနောက်ဆုံးတမန်တော်ဖြစ်သည်ဟူသော သန့်စင်သော စကားတော်အဓိဌာန်ကိုြွခင်းချက်မရှိ သက်ဝင်ယုံကြည်လိုက်နာကျင့်သုံးသူကို မွတ်စလင်မ်ဟုခေါ်သည်။
အစ္စလာမ်သည်စကြဝဠာတစ်ခုလုံးနှင့်သက်ဆိုင်သည်။လူသားအားလုံးနှင့်သက်ဆိုင်သည်။ကျမ်းတော်မြတ်
ကုရ်အာန်အရရှင်းပြပါမည်။အလ္လာဟ်အရှင်မြတ်သည်စကြဝဠာလောကခပ်သိမ်းကို ပြုစုပျိုးထောင်တော်
မူသောအရှင်ဖြစ်သည်။ (ကုရ်အာန် အဖွင့်ကဏ္ဍ၊ ၁း၂)
အလ္လာဟ်အရှင်မြတ်သည်ပုဂ္ဂိုလ်၊သတ္တဝါ၊လူ၊နတ်၊ ဗြဟ္မာမဟုတ်၊ဖြစ်ပျက်အနိစ္စသင်္ခါရဓမ္မတို့နှင့် ကင်းတော်မူသောအရှင်ဖြစ်သည်။ အိုခြင်း၊နာခြင်း၊သေခြင်း ကင်းတော်မူသောအရှင်ဖြစ်သည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊မရဏတို့နှင့်လားလားမှမအပ်စပ်သောအရှင်ဖြစ်သည်။ရုပ်၊နာမ်၊ဓမ္မ၊သင်္ခါရတို့ကိုဖြစ်ပေါ်ထင်ရှားစေတော်
မူသောစကြဝဠာအနန္တကိုလွှမ်းမိုးသက်ရောက်နေသည့်သဘာဝနိယာမတို့ကိုပြဌာန်းတော်မူသောအကြောင်း
တရား အားလုံးတို့၏ ပထမဦးဆုံး အကြောင်းတရားကိုအစပျိုးစေတော်မူသော အရှင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်တစ်ဆူတည်းတစ်ပါးတည်းတည်ရှိ တော်မူသည်။တမန်တော်မုဟမ္မဒ်သခင်သည်
လောကခပ်သိမ်းအတွက် ကရုဏာတော်ရှင်အဖြစ် ပွင့်ပေါ်လာသည်။
(ကုရ်အာန် နဗီတမန်တော်များကဏ္ဍ၊ ၂၁း၁၀၇)
တမန်တော်မြတ် မုဟမ္မဒ်သခင်သည်အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသောနောက်ဆုံးတမန်တော်ဖြစ်သည်။ မုဟမ္မဒ်ဟူသောအမည်၏အဓိပ္ပာယ်မှာချီးမွမ်းခြင်းခံထိုက်သူဟူ၍ဖြစ်သည်။ထို့ကြောင့်ပညတ်ရာဓါတ်ပါဆိုသ
ကဲ့သို့တမန်တော်မြတ်မုဟမ္မဒ်သခင်သည်ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့နှင့်ထူးခြားဝေဆာ၍အခါမလပ်
၊မေတ္တာပိုအပ်သောလူသားတို့၏အချစ်တော်ဖြစ်သည်။သန်းပေါင်းများစွာသောလူတို့၏မေတ္တာပို့သခြင်းခံ
ရသောထူးခြားသည့်ဂုဏ်ရည်တော်ပိုင်ဆိုင်သူ ဖြစ်သည်။တမန်တော်မုဟမ္မဒ်သည်လူ့သမိုင်းတွင် လော
ကီလောကုတ္တရာ၊ကိုးကွယ်ယုံကြည်မှုဘက် ပြည်ရေးရွာမှုဘက် နှစ်ဖက်စလုံးတွင်အကြီးမားဆုံးအောင်မြင်
မှုရရှိခဲ့သူဖြစ်သည်။ လူသားတို့အပေါ်တွင်နေ့စဉ်နေထိုင်ရေးဘဝလမ်းကြောင်းအပါအဝင်ဩဇာအရှိဆုံး ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်သည်။ထိုအချက်ကိုခရစ်ယာန်ဘာသာဝင်ဖြစ်သည့်သမိုင်းပညာရှင်မိုက်ကယ်
အိပ်ခ်ျဟတ်(MichaelH.HART)က သူရေးသည့်ွှ့The 100; A Ranking of the Most infulential PersonsinHistoryအမည်ရှိစာအုပ်တွင်တမန်တော်မုဟမ္မဒ်သခင်အားအဆင့်အမှတ်တစ်နေရာ၌ထား
ကာဖော်ပြထားသည်။ထိုစာအုပ်ကို သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်းက "ကျော်စွာ၁၀ဝ" ဟု အမည်ပေးကာ ဘာသာပြန်ပြီးဖြစ် သည်။
(ဒေါက်တာသန်းထွန်း၊(၂၀ဝ၁)၊ မုဟမ္မဒ်(၅၀၇-၆၃၂)။ ကျော်စွာ ၁၀ဝ ပထမ တွဲ၊ ရန်ကုန်၊ အင်ကြင်းဦး။

တမန်တော်မုဟမ္မဒ်သခင်ဦးဆောင်ခဲ့သည့်အာရပ်လူ့အစည်းအရုံးနှင့်ယဉ်ကျေးမှုအကြောင်းကိုစာရေးဆရာ
ကြီးဗန်းမော်တင်အောင်ကသဘာဝသိပ္ပံစာအုပ်တွင်ဤသို့ဖော်ပြခဲ့သည်။"အစ္စလာမ်ယဉ်ကျေးမှုနှင့်အာရဗ်အင်ပါယာ"
ဟူသောခေါင်းစဉ်အောက်တွင်"မိုဟာမက်သည်မက္ကာဟ်နှင့်မဒီနာမြို့ပြနိုင်ငံနှစ်နိုင်ငံတို့ကို(၇)ရာစုနှစ်များအစ
ပိုင်းလောက်တွင်စတင်သိမ်းသွင်းစုစည်းမိ၏။ရာစုနှစ်ပေါင်းများစွာအစုစုအသင်းသင်းကွဲကာကျဉ်းကျဉ်းမြောင်းမြောင်းနေ
ထိုင်လျက်ရှိနေခဲ့ကြသောအာရဗ်လူ့အစည်းအရုံးကလေးများကိုသိမ်းသွင်းစုစည်းရသောစည်းရုံးရေးလုပ်ငန်း
သည်သေးငယ်လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ပေ။အလွန်တရာလေးလံခက်ခဲသောလုပ်ငန်းကြီးတစ်ခုဖြစ်၏။မိုဟာမက်
သည်သာမန်စည်းရုံးရေးသမားကြီးတစ်ဦးသာမဟုတ်ပေ။နိုင်ငံရေး၊စစ်ရေးနှင့်ယဉ်ကျေးမှုခေါင်းဆောင်ကြီးတစ်ဦးပါဖြစ်၏။
သူသည်နှစ်ပေါင်းအစိတ်သုံးဆယ်ခန့်မျှအတွင်းအာရေဗျကျွန်းဆွယ်တွင်အစုစုအသင်းသင်းကွဲနေရုံသာမကအယူဝါဒအမျိုး
မျိုးကွဲပြားကာ၎င်းတို့အချင်းချင်းလည်းမကြာမကြာစစ်မက်တိုက်ခိုက်လျက်ရှိကြသောအာရဗ်လူ့အစည်းအရုံးများအားအစ္စ
လာမ်ယဉ်ကျေးမှုကိုဦးထိပ်ထားသောအာရဗ်နိုင်ငံတော်အဖြစ်ဖြင့်ထူးထူးခြားခြားသိမ်းသွင်းထူထောင်နိုင်ခဲ့ခြင်းဖြစ်၏။မို
ဟာမက်ကိုဆက်ခံခဲ့ကြသောအစ္စလာမ်ယဉ်ကျေးမှုနှင့်အာရဗ်လူ့အစည်းအရုံးအကြီးအကဲနှင့်ခေါင်းဆောင်များသည်ထို
သို့အာရေဗျနိုင်ငံတော်ထူထောင် ပြီးခဲ့ရုံနှင့်တင်းတိမ်ရပ်တန့်နေခဲ့ကြသူများမဟုတ်ပေ"ဟုဖော်ပြထားသည်။
(ဗန်းမော်တင်အောင်(၁၉၇၄)၊သဘာဝသိပ္ပံ၊ စာ-၁၈၃)

ထို့အပြင်"ခေတ်သစ်ခေတ်ဟောင်းနှင့်အရှေ့အနောက်တို့၏ ပေါင်းကူး"ခေါင်းစဉ်အောက်တွင်-"အာရဗ်လူ့အစည်းအရုံးနှင့် ယဉ်ကျေးမှုသည်ရောမအင်ပါယာအပျက်တွင်အစပျောက်သွားခဲ့သော ခေါမယဉ်ကျေးမှု၏သဘာဝသိပ္ပံပညာရပ်များနှင့်
ခေတ်သစ်သဘာဝသိပ္ပံပညာရပ်များကိုအသက်ဆက်ပေးခဲ့သောသို့မဟုတ်ပေါင်းကူးပေးခဲ့သောဆက်သွယ်ရေးတာဝန်ခံ
လည်းဖြစ်၏။ထိုမျှသာလျှင်မဟုတ်သေးပေ။အာရဗ်လူ့အစည်းအရုံးဝင်များသည်အာရှတိုက်ဖက်ရှိတရုတ်နှင့်အိန္ဒိယလူ့အ
စည်းအရုံးများထူထောင်ခဲ့ကြသောအရပ်ရပ်ယဉ်ကျေးမှုများကိုပါဆက်ခံစုဆောင်းခဲ့ကြသူများဖြစ်၏။ဥရောပလူ့အစည်းအ
ရုံးများတွင်ခေတ်သစ်သဘာဝသိပ္ပံပညာရပ်များထူထောင်ရေးနှင့်တိုးချဲ့ရေးများအတွက်အိန္ဒိယနှင့်တရုတ်လူ့အစည်းအရုံး
များ၏အရပ်ရပ်ယဉ်ကျေးမှုများကိုပါလက်ဆင့်ကမ်းခဲ့ကြသူများလည်းဖြစ်၏။ထိုသို့ဆိုလိုက်သည့်အတွက်အာရဗ်လူ့အ
စည်းအရုံးသည်ခေတ်သစ်နှင့်ရှေးဟောင်းအရှေ့နှင့်အနောက်တို့ကိုဆက်စပ်ပေါင်းကူးပေးခဲ့သူများလောက်သာ ဖြစ်
သည်ဟုမဆိုလိုပေ။နှစ်ပေါင်း၅၀ဝခန့်မျှတန်ခိုးတေဇာကြီးမားခဲ့သောအာရဗ်လူ့အစည်းအရုံးဝင်များသည်ရှေးဟောင်း
ခေါမနှင့်ခေတ်ပြိုင်အာရှအရပ်ဒေသများမှဆက်ခံစုဆောင်းခဲ့သောအသိအလိမ္မာတရားများကိုသူတို့စွမ်းပကားနှင့်လည်း
သူတို့ဟာသူတို့တိုးချဲ့ခြင်းပြုခဲ့ကြ၏"ဟုဖော်ပြထားသည်။(ဗန်းမော်တင်အောင်(၁၉၇၄)၊သဘာဝသိပ္ပံ၊စာ-၁၈၇)

ထို့အပြင်အာရဗ်လူ့အစည်းအရုံးနှင့်ယဉ်ကျေးမှုခေါင်းစဉ်ငယ်အောက်တွင်လည်း(၆)ရာစုနှစ်များမှ(၁၁)ရာစုနှစ်များအထိ
တန်ခိုးတေဇာကြီးမားခဲ့သောအာရဗ်လူ့အစည်းအရုံးနှင့်ယဉ်ကျေးမှုသမိုင်းကာလများအတွင်းအရပ်ရပ်ကုန်ထုတ်လုပ်ငန်း
များနှင့်ကုန်သွယ်ရေးလုပ်ငန်းများအတားအဆီးမရှိဖွံဖြိုးတိုးတက်ခဲ့သဖြင့်သဘာဝသိပ္ပံပညာရပ်များ၏ဖွံ့ဖြိုးတိုးတက်ရေး
အတွက်ကောင်းမြတ်သော ရေခံမြေခံများ ဖြစ်လာကြ၏။၎င်းပြင်အာရဗ်များသည်ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားလာရေးများဖက်တွင်လည်းလွန်စွာအားကောင်းခဲ့သူများဖြစ်ကြသည်မဟုတ်သလော။ ဖောက်ကားရောင်းဝယ်
ရေးအတွက်သွားလာရင်းဖြစ်စေ၊ခရီးသွားလာရင်း ဖြစ်စေ၊အခြားအခြားသောလူ့အစည်းအရုံးနှင့်ယဉ်ကျေးမှုများအသိအ
လိမ္မာနှင့်အကြားအမြင်များကောင်းစွာစုဆောင်းနိုင်ခဲ့ကြရာ၏။ယင်းသို့ဖြင့်အာရဗ်များသည် ခေါမယဉ်ကျေးမှုဆိုင်ရာ သဘာဝသိပ္ပံပညာရပ်များသာမကပါးရှင်း၊အိန္ဒိယနှင့်တရုတ်တို့ထံမှလည်း ကောင်းစွာစုဆောင်းဆက်ခံနိုင်ခဲ့ကြရာ၏။ သို့ရာတွင်အာရဗ်များသည်ဆက်ခံထိန်းသိမ်းရုံမျှလောက်နှင့်တင်းတိမ်ရောင့်ရဲခဲ့ကြသူများမဟုတ်ပေ။ခေါမယဉ်ကျေးမှု
မှဆက်ခံရရှိခဲ့ကြသည်ဆိုသောအမွေအနှစ်များကိုသူ့ခေတ်နှင့်သူ့အခါအလျောက်တိုးချဲ့ခဲ့ကြသည့်နည်းတူ၎င်းတို့နှင့်
ခေတ်ပြိုင်များဖြစ်ကြသောအိန္ဒိယနှင့်တရုတ်လူ့အစည်းအရုံးများမှခရီးသွားဟန်လွဲရရှိခဲ့ကြသောအရပ်ရပ်ယဉ်ကျေး
မှုနှင့်အတွေ့အကြုံများ၊အသိအလိမ္မာများကိုလည်း ကောင်းစွာတိုးချဲ့ခြင်း ပြုခဲ့ကြ၏။အိန္ဒိယလူ့အစည်းအရုံးများမှရရှိခဲ့
ကြသောအက္ခရာသင်္ချာနှင့်ဒဿမဂဏန်းစနစ်များကိုအာရဗ်သင်္ချာပညာရှင်ကြီးများသည်ကျယ်ကျယ်ပြန့်ပြန့်တိုး
ချဲ့ခြင်းပြုခဲ့ကြသည်မဟုတ်သလော။အလားတူပင်တရုတ်လူ့အစည်းအရုံးမှရရှိခဲ့သည်ဆိုသောသံလိုက်ဓါတ်ကိုလည်း
အာရဗ်သင်္ဘောသားများသည်ရေကြောင်းကူးသန်းသွားလာရေးအတွက်လမ်းညွှန်အဖြစ်ဖြင့်တွင်တွင်ကျယ်ကျယ်အ
သုံးပြုခဲ့ကြသည်မဟုတ်သလော။ထိုမျှသာမဟုတ်သေး။စက္ကူနှင့်ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဆိုင်ရာအတတ်ပညာရပ်များ
ကိုလည်းတရုတ်လူ့အစည်းအရုံးမှတင်သွင်းယူငင်လာခဲ့ပြီးနောက်ဥရောပလူ့အစည်းအရုံးများသို့တင်ပို့ဖြန့်ြ့ဖူးခဲ့ကြသူ
များမှာအာရဗ်များသာဖြစ်ကြသည်ဆို၏။"ဟူ၍ ဖော်ပြထားသည်ကိုတွေ့ရပါသည်။(ဗန်းမော်တင်အောင်(၁၉၇၄)၊ သဘာဝသိပ္ပံ၊ စာ-၁၈၉)

ကျမ်းတော်မြတ်ကုရ်အာန်၏အဆုံးအမနှင့်တမန်တော်မြတ်မုဟမ္မဒ်သခင်၏လမ်းညွှန်များကိုနာခံကျင့်သုံးခဲ့သောအာ
ရဗ်လူ့အစည်းအရုံး၏လူသားအကျိုးပြုဆောင်ရွက်ပုံများမှာဂုဏ်ယူလေးစားဖွယ်ရာဖြစ်ရပါသည်။ကျမ်းမြတ်ကုရ်အာန်
အကြောင်းဆက်၍ဆိုရပေဦးမည်။ကျမ်းမြတ်ကုရ်အာန်သည် လောကခပ်သိမ်းအတွက်အဆုံးအမတော်ဖြစ်သည်။ (ကုရ်အာန် ခွေလိပ်ထားခြင်းကဏ္ဍ၊ ၈၁း၂၇)
ကုရ်အာန်ကျမ်းမြတ်သည်အလ္လာဟ်အရှင်မြတ်၏မုက္ခပါဌ်တော်ဖြစ်သည်။ကုရ်အာန်ကျမ်းမြတ်သည်ယနေ့တိုင်ကမ္ဘာအ
ရပ်ရပ်ရှိမွတ်စလင်မ်တို့၏လက်များတွင်လည်းကောင်း၊ကုရ်အာန်ကျမ်းမြတ်ကိုစ၊လယ်၊ဆုံးအာဂုံဆောင်ထားကြသော
(ဟာဖစ်)အာဂမရေတို့၏နှလုံးသားများတွင်လည်းကောင်း၊တည်ရှိနေပေသည်။ကမ္ဘာအရပ်ရပ်တွင်ကုရ်အာန်ကျမ်းမြတ် အစောင်ပေါင်း၊အသင်္ချေ၊အသင်္ချာရှိငြား သော်လည်းတစ်စောင်နှင့်တစ်စောင်ပုဒ်၊ပဒ၊သရ၊သုညမှအစကွဲပြားမှုအလျဉ်း
မရှိဘဲပကတိအတိုင်းလုံးလုံးလျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။
(မြန်မာ့စွယ်စုံကျမ်း၊ အတွဲ၁၅၊ (၁၉၇၆)။ မောင်လာနာဃာဇီ မိုဟမ္မဒ်ဟာရှင်၊အစ္စလာမ်အယူဝါဒ။ စာ-၃၃၃)

ကုရ်အာန်ဟူသော ဝေါဟာရ၏အဓိပ္ပာယ်မှာများစွာရွတ်ဖတ်သောကျမ်းဟူ၍ ဖြစ်သည်။ကုရ်အာန်ကျမ်းကိုအစ္စလာမ်
ဘာသာဝင်တို့ကအမြဲရွတ်ဖတ်သရဇ္ဈာယ် ခြင်းပြုကြသည်။ဤသည်ကိုရည်၍စာပေလေ့လာသူတို့ကယင်းကျမ်းသည် ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံး ဖတ်ရှုသောကျမ်းဖြစ်သည်ဟု ဆိုစမှတ်ပြုကြပါသည်။
[မောင်တင် (၁၉၇၄)၊ အာရဗ်စာပေသမိုင်း၊ကမ္ဘာ့စာပေအညွှန်း၊(အိန္ဒိယ၊အီရန်၊ အာရဗ်စာပေသမိုင်း)၊ စာ-၉၁၊ ရန်ကုန်၊ စာပေဗိမာန်]
အစ္စလာမ်ဘာသာနှင့်စပ်လျဉ်း၍ဆရာမောင်ဆုရှင်ကဤသို့ရှုမြင်ပါသည်။"အစ္စလာမ်ဘာသာ၌ဤအမည်နာမတော်
ကပင်နာခံခြင်း(SubmissiontoGod)ဟူသောအဓိပ္ပာယ်ကိုဆောင်သည်ဟုနားလည်ရပါသည်။အရှင်မြတ်၏အ
မိန့်တော်ကိုနာခံခြင်းဖြစ်ကြောင်းကိုလည်းသဘောပေါက်ပါသည်။ထို့အပြင်ဤဘာသာဝင်တို့သည်သဒ္ဓါယုံကြည်မှုရှိ
အပ်သောစိတ်ထားကိုလည်းပိုင်ဆိုင်သူများဖြစ်သည်ဟုသဘောပေါက်ရပါသည်။ထိုမွ်မကအစၥလာမ္ဘာသာဝင္မ်ား
သည်အချိန်မှန်ဝတ်ပြုဆုတောင်းသူများ၊လှူဒါန်းပေးကမ်းသူများ၊ဝါဆောင်သူများ၊ဘုရားဖူးခရီးသွားသူများအဖြစ်
လည်းသဘောပေါက်ရပါသည်။ကျွန်တော်တို့အနက်အဓိပ္ပာယ်ဖွင့်ဆိုရလျှင်ဤဘာသာဝင်တို့သည်ပင်လျှင်သာတူညီ
မျှဝါဒကျင့်သုံးသူများ၊လူသားအချင်းချင်းကိုညီရင်းအစ်ကိုသဖွယ်သဘောထားသူများ၊အချင်းချင်းကြင်နာသနားတတ်
သူများ၊လောကတွင်အမှန်တရားဟူသည်ကိုယုံကြည်လက်ခံလိုလားသူများ၊ဘာသာအဆုံးအမနှင့်အညီနေ့စဉ်ကျင့်
ကြံအားထုတ်သူများဟူ၍ဆိုလျှင်လွဲမှားစရာအကြောင်းမရှိပါ။လူ့ယဉ်ကျေးမှုများထွန်းကားမှုရှုထောင့်မှကြည့်လျှင်
ဤဘာသာတရားကိုသက်ဝင်ကြည်ညိုမှုမှအကြောင်းပြု၍ပေါ်ပေါက်သောလူ့လောကကောင်းကျိုးဆောင်ပညာရပ်
များလည်းဖွံ့ဖြိုးကြွယ်ဝလာခဲ့သည်ကိုကမ္ဘာ့သမိုင်းဖြစ်ရပ်များ၌တွေ့ရပါသည်။ထိုကောင်းကျိုးဆောင်ပညာရပ်များမှ
အနုပညာရပ်များဗိသုကာပညာသဘောများ၊အခြေခံသိပ္ပံပညာအချက်အလက်များ၊ဒဿနိကအတွေးအခေါ်များ၊
ဆေးဝါးကုသရေးပညာများ၊နက္ခတ်ပညာရပ်များ၊တရားဥပဒေဆိုင်ရာအတွေးအခေါ်များ၊စသည်တို့ဖြစ်ကြပါသည်။
[မောင်ဆုရှင်၊ (၁၉၉၈)၊ အိမ်နီးချင်းကောင်းများ တိုးပွားဖို့၊ ပြည့်အားမာန်မဂ္ဂဇင်း၊ ၃၂-၃၄]

အစ္စလာမ်၏ ကိုယ်ကျင့်တရားအနှစ်ချုပ်
ဧကန်မုချ၊အလ္လာဟ်အရှင်မြတ်သည်တရားမျှတရန် ကောင်းမှုပြုရန်နှင့်နီးစပ်သူတို့အား ထောက်ပံ့ကူညီရန်အမိန့်ပ
ညတ်တော်မူ၏။၎င်းပြင်ထိုအရှင်မြတ်သည်စက်ဆုပ်ရွံရှာဖွယ်လူမဆန်မှုများ၊မကောင်းမှုများနှင့်မတရားကျူးလွန်မှုများ
မပြုရန်တားမြစ်ထားတော်မူ၏။ထိုအရှင်မြတ်သည်အသင်တို့အားအသိတရားဖြင့်သတိထားနိုင်ကြစေရန် နှိုးဆော်
တော်မူလေသည်။ (ကုရ်အာန်ပျားကဏ္ဍ၊ ၁၆း၉၀)

အစ္စလာမ်က ပြဆိုသော လူမှုရေးတရား
လူသည်အစုအဝေးအသိုင်းအဝိုင်းနှင့်ကင်းကွာ၍မရပါ။မွတ်စလင်မ်တိုင်းသည်မိမိနေထိုင်ရာဇာတိ၊တိုင်းပြည်၊ နိုင်ငံနှင့်
လူသားအားလုံးတို့အမှီပြုရာမြေကမ္ဘာစိုပြေသာယာအောင်ကြိုးပမ်းစွမ်းဆောင်ရန်တာဝန်ရှိသည်။ထိုအသိတရားကို
"အစ္စလာမ်"ကဆုံးမပြီးဖြစ်သည်။ကျမ်းတော်မြတ်ကုရ်အာန်တွင်ဤသို့မိန့်ဆိုထားသည်။အလ္လာဟ်အရှင်မြတ်သည်
လောကအလှဆင်သူ၊ ကောင်းကျိုးပြုသူ၊ကုသိုလ်တရားပွားများသူများကို နှစ်သက်တော်မူသည်။ 
(ကုရ်အာန်၊ဂါဝီကဏ္ဍ၊ ၂း၁၉၅)
အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားကိုးကွယ်ဆည်းကပ်ကြကုန်။၎င်းပြင်အသင်တို့သည်အလ္လာဟ်
အရှင်မြတ်နှင့်တွဲဖက်၍မည်သည့်အရာကိုမျှနှိုင်းယှဉ်ကိုးကွယ်ခြင်းမပြုကြနှင့်။၎င်းနောက်အသင်တို့သည်
ဆွေမျိုးနီးစပ်သူတို့နှင့်လည်းကောင်း၊မိဘမဲ့ကလေးများနှင့်လည်းကောင်း၊သူဆင်းရဲတို့နှင့်လည်းကောင်း၊ 
ဆွေမျိုးတော်စပ်သောအိမ်နီးချင်းတို့နှင့်လည်းကောင်း၊ဆွေမျိုးတော်စပ်ခြင်းမရှိသောအိမ်နီးချင်းတို့နှင့်
လည်းကောင်း၊အပေါင်းအဖော်တို့နှင့်လည်းကောင်း၊ခရီးသည်တို့နှင့်လည်းကောင်း၊မိမိတို့ပိုင်ဆိုင်သောကျေး
ကျွန်များနှင့်လည်းကောင်း၊ကောင်းစွာဆက်ဆံကြကုန်။ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မောက်မာသူ၊
ဝင့်ဝါသူကိုနှစ်သက်တော်မမူပေ။(ကုရ်အာန်အမျိုးသမီးကဏ္ဍ၄း၃၆)
လူသားအားလုံးတို့သည်လူ့အဖွဲ့အစည်းတစ်ခု၏အဖွဲ့ဝင်ညီနောင်များဖြစ်သည်။(ကုရ်အာန်ဂါဝီကဏ္ဍ၂း၂၁၃)
အို-လူသားတို့၊ဧကန်မလွဲငါအရှင်မြတ်သည်အသင်တို့အားယောကျာ်းတစ်ယောက်မိန်းမတစ်ယောက်မှဖန်
ဆင်းတော်မူခဲ့၏။ထို့ပြင်ငါအရှင်မြတ်သည်အသင်တို့အချင်းချင်းတစ်ဦးကိုတစ်ဦးခွဲခြားသိမြင်မှတ်မိကြအံ့
သောငှာလူမျိုးစုအသီးသီးမျိုးနွယ်အသွယ်သွယ်ပြုလုပ်တော်မူခဲ့၏။ဧကန်စင်စစ်အသင်တို့အနက်အမြတ်ဆုံး
သူမှာအကျင့်သီလအမွန်မြတ်ဆုံးသူဖြစ်သည်။ (ကုရ်အာန်၊ အတွင်းဆောင်များကဏ္ဍ၊ ၄၉း၁၃)
ထို့ကြောင့်အစ္စလာမ်အမြင်အရလူကိုတန်ဖိုးဖြတ်ရာတွင်ဥစ္စာဓန၊ရုပ်ရည်ရူပကာယ၊ရာထူးဌာနန္တရတို့ဖြင့်တန်ဖိုးမဖြတ်
ပါ။လူ၏အကျင့်သီလ၊သိက္ခာ၊သမာဓိ၊ပညာကိုသာအရင်းခံထား၍တန်ဖိုးဖြတ်ပါသည်။တမန်တော်မြတ်မုဟမ္မဒ်သခင်က
လည်းဤသို့မိန့်ဆိုတော်မူပါသည်။"လူတို့အား၊ကြင်နာသနားမှုမထားရှိသူကိုအလ္လာဟ်အရှင်မြတ်ကလည်းသ
နားကြင်နာတော်မူမည် မဟုတ်။" (မစ်ရှ်ကားသ်ဟဒီးစ်အမှတ် ၄၇၂၈)
"အဖန်ဆင်းခံဟူသမျှသည်အလ္လာဟ်အရှင်မြတ်၏အိမ်ထောင်စုကြီးဖြစ်သည်။အလ္လာဟ်အရှင်မြတ် အနှစ်သက်တော်မူဆုံးအဖန်ဆင်းခံသည်ထိုအိမ်ထောင်စုအကျိုးကိုအကောင်းဆုံးဆောင်ရွက်သူဖြစ်သည်။" (မစ်ရှ်ကားသ်ဟဒီးစ်အမှတ် ၄၇၇၃၂)
" ငယ်သူကို မသနား၊ ကြီးသူကို မရိုသေ၊ ကောင်းမှုကို မညွှန်ကြား၊မကောင်းရာကိုမမြစ်တားသူသည် ငါတမန်တော်မြတ်၏ အုပ်စုဝင်မဟုတ်"(မစ်ရှ်ကားသ်ဟဒီးစ်အမှတ် ၄၇၈၁)
ဤသွန်သင်ချက်များသည်လူမျိုးမရွေး၊ဘာသာမရွေးအဆင့်အတန်းမရွေး၊လူသားအားလုံးအပေါ်ထားရှိရမည့်လူမှုရေး သွန်သင်ချက်များသာဖြစ်သည်။အစ္စလာမ်ဘာသာတွင်မိဘဆရာသမား၊သက်ကြီးဝါကြီးများအပေါ်ရိုသေလေးစားဂါရဝ
ထားရန်သွန်သင်ချက်များရှိပါသည်။ထိုအချက်နှင့်စပ်လျဉ်း၍စာရေးဆရာကြီးဒဂုန်နတ်ရှင်ကဤသို့ရှုမြင်တင်ပြပါသည်။
ထို့ပြင်အရှေ့တိုင်းသားဖြစ်သည့်မွတ်စလင်မ်ဘာသာဝင်များကလည်းမိမိတို့၏ဘာသာယဉ်ကျေးမှုတစ်ရပ်ဖြစ်သောမိဘ
ဆရာသမားနှင့်တကွသက်ကြီးဝါကြီးတို့ကိုရိုသေလေးစားစွာဆက်ဆံကြရခြင်း၊ပြုစုစောင့်ရှောက်ရခြင်းစသည့်ကိစ္စများဖြင့်
စပ်လျဉ်းကာတဖွစီရ်ခေါ်အစ္စလာမ်တရားတော်ကျမ်းစာတွင်ဖော်ပြထားသည်။မိဘဘိုးဘွားသက်ကြီးဝါကြီးများနှင့်ကျေးဇူး
ရှင်ဆရာသမားအပါအဝင်တို့ကိုမရိုမသေဆက်ဆံမိသောအပြစ်သည်သူ့အသက်သတ်ခြင်း၊သူ့ဥစ္စာခိုးယူခြင်း၊သူ့မယားအား
ပြစ်မှားခြင်းစသည့်မကောင်းမှုတို့ထက်ပိုမိုကာအပြစ်ကြီးလေးသောဂိုနာဟ်ကဗျီရာခေါ် ပြစ်မှုကြီးတစ်ရပ်ဟုဆိုထားပါ
သည်။တစ်ဖန်အဆိုပါမိဘဘိုးဘွားသက်ကြီးဝါကြီးနှင့်ဆရားသမားကျေးဇူးရှင်များကိုလေးစားသမှုလုပ်ကျွေးပြုစုသူတို့ကိုမူ
ကားခိုဒါဇီခလာက်ရာဇီဟုဆိုသောလူနတ်သာဓုခေါ်ခြင်းဂျန္နတ်ဆိုသည့်နိဗ္ဗာန်ဘုံသို့ ရောက်နိုင်ကြောင်းဆိုထားပြန်သည်။ 
(ဒဂုန်နတ်ရှင်၊ (၁၉၈၉၊ ပူဇာပူဇနယျနံ၊ စစ်ပြန်မဂ္ဂဇင်း၊ ၄း၈၉-၁၇-၁၉)

အစ္စလာမ်ဘာသာ၏လူမှုရေးဆောင်ရွက်ချက်များအပေါ်ဆရာကြီးပါရဂူက ဤသို့သုံးသပ်တင်ပြဖူးပါသည်။
"အစ္စလာမ်ဘာသာ၌လည်းပရဟိတလုပ်ငန်းသည်ကြီးမားသောအခန်းကဏ္ဍကပါဝင်နေသည်။ ကုရ်အာန်ကျမ်းစာ၌မွတ်စလင်မ်အားလုံးသည်ညီရင်းအစ်ကိုများ ဖြစ်ကြ၏။ထိုကြောင့်အချင်းချင်းရန်ငြိုးထားကြသောညီ
အစ်ကိုသားချင်းများကို သွေးစည်းအောင်ပြုလုပ်ရမည်။အလ္လာဟ်အရှင်မြတ်ကိုထိတ်လန့်ကြောက်ရွံ့ပါ။သင်သည်ကရု
ဏာရှင်တစ်ယောက်ဖြစ်နေပါစေဟုမိန့်ဆိုထားသည်။လူတို့၏ညီအစ်ကိုသားချင်းဘဝကိုထုတ်ဖော်ပြောပြထားခြင်းဖြစ်
သည်။အစ္စလာမ်ဘာသာဝင်များ၏ပရဟိတဆောင်ရွက်ချက်များကိုနေရာအတော်များများ၌တွေ့မြင်သိရှိရသည်။ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)၌ရှိသောမွတ်စလင်မ်ဆေးရုံသည် နှစ်ပေါင်းများစွာကစပြီးလူနာများ၏ခိုကိုးရာဖြစ်
လာခဲ့သည်။ကလကတ္တားမြို့မြန်မာဘုန်းတော်ကြီးကျောင်း၏အနီး၌ရှိသောမွတ်စလင်မ်ဆေးရုံကြီးသည်ကလကတ္တားမြို့
ရှိဆေးရုံကြီးများထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။အိန္ဒိယပြည်အခြားမြို့များ၌လည်းမွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံများ
ကိုအတော်များများ တွေ့မြင်ရသည်။ရန်ကုန်မြို့၌အစ္စလာမ်ဘာသာဝင်များကြီးမှူးပြီးဖွင့်လှစ်ထားသောလူအိုရုံများလည်း
ရှိသည်။တချို့ရပ်ကွက်များ၌အစ္စလာမ်ဘာသာဝင်များသည်မူလတန်းကျောင်းများ၌ကျောင်းတက်နိုင်သည့်အခြေအနေ
မရှိသောဆင်းရဲသော သားသမီးများကို ကျောင်းစရိတ်ထောက်ပံ့နေကြသည်။"
[ပါရဂူ၊ (၂၀ဝ၂)၊ သမဂ္ဂါနံတပေါသုခေါ၊ သုခအစစ်နှင့် သုခအတု၊ ၂၅-၂၆]

မြန်မာစာပါမောက္ခဆရာတက္ကသိုလ်မောင်မောင်ကြီးကလည်း"လူ့အသည်း"ဟူသော ဆောင်းပါးတွင်ဘာသာတရားအ
သီးသီးကိုနာယူကျင့်သုံးသူတို့ထားရှိအပ်သောသဘောထားကိုဖော်ပြပုံမှာလည်းမှတ်သားဖွယ်ဖြစ်သည်။"ကမ္ဘာပေါ်၌ ဘုရားအဆူဆူပွင့်ခဲ့ကြသည်။ဘာသာအသီးသီးပေါ်ပေါက်လာ၏။ယခုခေတ်သို့ကူးခဲ့ပြီ။ကိုးကွယ်မှုသည်ဖွားခါစကလေး
၏သွေးသား၌ရိုးတွင်း ခြင်ဆီထိအောင်စွဲမြဲပါလာ၏။မိဘဆွေမျိုးတို့ကိုးကွယ်သောဘာသာအတွင်း၌ကြီးပြင်းလာ၏။ မိမိလည်း ထိုဘာသာဝင်ဖြစ်လာတော့သည်။"ရံဖန်ရံခါအခြားဘာသာတို့ကိုရှုတ်ချ၏။စော်ကားတတ်၏။ " မိမိကိုးကွယ်သောဘာသာ၌အယူသည်းလေအခြားဘာသာကိုရှုတ်ချလေလေဖြစ်၏"ဟုဖော်ပြထားသည်။ထို့အပြင် "ဘာသာဝင်တစ်ဦးသည်အခြားတစ်ဦး၏ယုံကြည်မှုကိုအလေးဂရုပြုကာထိုသူ၏မျက်စိဖြင့်ထိုသူစွဲလမ်းယုံကြည်
သကဲ့သို့ယုံယုံကြည်ကြည်ကြည့်ရှုပါကထိုသူမြင်သကဲ့သို့လိုက်၍မြင်ရပေလိမ့်မည်။အဘယ်သို့လျှင်အယူဝါဒချင်း
ကွဲပြားပေတော့အံ့နည်း"ဟုလည်းဆိုထားသည်။လူ့အသည်းဆောင်းပါးအဆုံးတွင်" နေဝင်လုဆဲဆဲဗလီမျှော်စင်ထက်မှ
ကော်ဇောကလေးကိုခင်းလျက်အနောက်ဘက်သို့မျက်နှာမူကာမိမိတို့ဘာသာအတိုင်းသံနေသံထားဖြင့်ဝတ်ပြုရန် နှိုး
ဆော်လိုက်သောအသံကိုနားထောင်ရင်းကြည်ညိုစိတ်သန်းသောမျက်နှာထားဖြင့်မိမိဝတ်ထားသော"ဂျူဗာ၊အခ်ျကန့်နှင့်
ကိုရ်တာ"တို့ကိုပြုပြင်ကာပုဆစ်ဒူးတုပ်နဖူးမြေထိဦးချသောမဟာမက်ဘာသာဝင်ကို မြင်ရပုံလည်းကြည်နူးဖွယ်ရာပင်။
လောက၌အဘယ်ဘာသာလျှင်လူ့စိတ်ကိုမညွတ်နူးနိုင်အောင်ရှိပေအံ့။ဘာသာတရားဆိုရာ၌လည်းလူ့အသည်းနှလုံးသား
အတွင်း၌ကိန်းအောင်းသောယုံကြည်မှုပင်ဖြစ်တော့သတည်းဟုဆိုထားပုံမှာနှစ်သက်စရာဖြစ်ရပါသည်။အသိဥာဏ်ပညာ
အမြော်အမြင်သည်ကြီးမားသောကောင်းမှုတစ်ရပ်ဖြစ်သည်ဟုကျမ်းတော်မြတ်ကုရ်အာန်ဂါဝီကဏ္ဍ၂း၂၆၉တွင်ဖော်ပြဆို
ထားပါသည်။ နှစ်ဘဝသခင် ကျေးဇူးတော်ရှင်တမန်တော်မြတ်မုဟမ္မဒ်သခင်ကလည်း " ပုခက်တွင်းမှ သင်္ချိုင်းထိပညာရှာမှီးကြလော့"ဟုဩဝါဒပြုပါသည်။ထို့ကြောင့်ကျွန်တော်တို့သည်အသိပညာရရာရကြောင်းရှာမှီးဆည်းပူ
လျက် ဘာသာသာသနာ၏အဆုံးအမကိုခံယူကာသီရိဂေဟာတမျှချမ်းမြေ့ပျော်ရွှင်သာယာလှပသော မိသားစုဘဝကို ထူထောင်ကြပါမည်။ ပညာဖြင့် လောကကို အလှဆင်သူများဖြစ်အောင် ကြိုးစားကြပါမည်။
မောင်သန်းဝင်း(ရန်ကုန်တက္ကသိုလ်)

ကျမ်းကိုး စာရင်း
ဆုရှင်မောင်၊ (၁၉၉၈)၊ အိမ်နီးချင်းကောင်းများတိုးပွားဖို့။
ပြည့်အားမာန်မဂ္ဂဇင်း၊ ရန်ကုန်၊
မြန်မာမွတ်စလင်မ်အမျိုးသားရေးရာအဖွဲ့ချုပ်။
တင်အောင်၊ ဗန်းမော်၊ (၁၉၇၄)၊ သဘာဝသိပ္ပံ၊ ရန်ကုန်၊ သင့်စာပေ။
ထင်၊ မောင်၊ (၁၉၇၄)၊ ကမ္ဘာ့စာပေအညွှန်း(အိန္ဒိယ၊ အီရန်၊ အာရဗ်စာပေသမိုင်း)။
ရန်ကုန်၊ စာပေဗိမာန်။
နတ်ရှင်၊ ဒဂုန်၊ (၁၉၈၉)၊ ပူဇာစပူဇနေယျန၊ စစ်ပြန်မဂ္ဂဇင်း၊ ၄/၈၉၊ ၁၇-၁၉)
ပါရဂူ၊ (၂၀ဝ၂)၊ သုခအစစ်နှင့် သုခအတု(အတွေးစာစုများ)။
ရန်ကုန်၊ ဖူလုံစာပေ။ မောင်မောင်ကြီး တက္ကသိုလ် (၁၉၆၄)၊ လူ့အသည်း၊
စာမျက်ရှု။
ရန်ကုန်၊ ကျုံပျော်စာပေ။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၅၊ (၁၉၇၆)၊ ရန်ကုန်၊ စာပေဗိမာန်။
သန်းထွန်း၊ ဒေါက်တာ၊(၂၀ဝ၁)၊ ကျော်စွာ ၁၀ဝပထမတွဲ။
ရန်ကုန်၊ အင်ကြင်းဦး။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | coupon codes