ကမားရ်စိုင်ယဒ် (အိုးအိမ်ဦးစီးဋ္ဌာန အတွင်းရေးမှူး) ။ ။ အသင်၏ နှစ်လိုဖွယ်ရာကောင်းသော စကားတွင်း၌ အသင်သည် ကွာရှင်းပြတ်စဲခြင်းခံရသော အမျိုးသမီးအား “အီဒဒ်”(စောင့်ဆိုင်း)ကာလအတွင်း၌ ၎င်း၏ခင်ပွန်းမှ ၎င်းအား ကျွေးမွေးထောက်ပံ့ရမည်ဟု ပြောကြားဖော်ပြခဲ့ပါသည်။ ထို့နောက် ယင်းမိန်းကလေးကို ၎င်း၏ မိဘများက ကျွေးမွေး စောင့်ရှောက်ထိန်းသိမ်းပေးရမည်ဟု ယူဆပါသည်။ ယင်းကဲ့သို့သောကိစ္စတွင် မိဘများမှ ထိန်းသိမ်းစောင့်ရှောက်ရန် မတတ်စွမ်း နိုင်ခဲ့သော် မည်သူမှ ထိန်းသိမ်းစောင့်ရှောက်ရမည်နည်း။
ဒေါက်တာဇာကိရ်နိုက်(ခ်) ။ ။ နှမတော်မှ မေးမြန်းသွားသော မေးခွန်းမှာ အလွန်ပင် ကောင်းလှပါသည်။ အမျိုးသမီးတစ်ယောက်သည် ကွာရှင်း ပြတ်စဲခြင်းခံရသည်လို့ ဆိုကြပါစို့။ ယင်းအမျိုးသမီး၏ အီဒဒ် (စောင့်ဆိုင်းကာလ) သုံးလ (သို့) ကလေး မီးဖွားပြီးသည့်တိုင်အောင် ၎င်းင်း၏ ခင်ပွန်းမှ ကျွေးမွေး ထောက်ပံ့၊ စောင့်ရှောက်ရပါမည်။ ၎င်းင်းနောက် သူမ၏ ခင်ပွန်း၏တာဝန်ဖြစ်တယ်လို့ ကျွန်ုပ်၏ ဟောပြောတင်ပြမှုတွင် ဖော်ပြခဲ့ခြင်းကို တောင်းပန်ပါရစေ။ ၎င်းင်းနောက် ယင်းအမျိုးသမီးအား ကြည့်ရှု စောင့်ရှောက်ရမည့်တာဝန်မှာ သူမ၏ ဖခင်(သို့) အစ်ကို၊ မောင်များ၏ တာဝန်ပင် ဖြစ်သည်။ အကယ်၍ သူမ၏ ဖခင်နှင့် အစ်ကို၊ မောင်များမှ သူမအား စောင့်ရှောက် နိုင်စွမ်း မရှိပါက သူမ၏ ဆွေမျိုးသားချင်းများသည် သူမအား စောင့်ရှောက်ရပါမည်။ သူမ၏ ဆွေမျိုးသားချင်းများမှ စောင့်ရှောက်နိုင်စွမ်းမရှိပါလျှင် သူမကို ထိန်းသိမ်း စောင့်ရှောက်ရန်မှာ မွတ်စလင်မ် အွမ္မသ်၏ တာဝန်ပင်ဖြစ်သွားပေသည်။
ထို့ကြောင့် (ယင်းကဲ့သို့သော
ကိစ္စများဆောင်ရွက်ရန်) ကျွန်ုပ်တို့သည် အဖွဲ့အစည်းများဖွဲ့စည်းထားရန်
လိုအပ်ပေသည်။ ဇကားသ်ရန်ပုံငွေများ ရရှိလာပါက ယင်းကဲ့သို့သော
အမျိုးသမီးများကို စောင့်ရှောက်နိုင်ပေမည်။ ဤကဲ့သို့သော အလုပ် များကို
မလုပ်နိုင်ခဲ့လျှင် ယင်းကဲ့သို့ အမျိုးသမီးများကို စောင့်ရှောက်
ထိန်းသိမ်းရန်မှာ နောက်ဆုံးအနေနှင့် အစ္စလာမ်နိုင်ငံတော်၏တာဝန်ပင်ဖြစ်သည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း