20 April 2012

ကမ္ဘာ့နိုင်ငံများ မှ အစ္စလာမ်သာသနာ


ဘီလီဇီနိုင်ငံမှ အစ္စလာမ် သာသနာ


ဘီလီဇီ နိုင်ငံသည် မက္ကစီကိုနိုင်ငံ၏ အရှေ့တောင်ပိုင်းနှင့် ဂွမ်တီမာလာနိုင်ငံ၏ အရှေ့ပိုင်း ကယ်ရေဘီယံ ပင်လယ်အား မျက်နှာမူထားရာ ကမ်းခြေနိုင်ငံငယ်လေးဖြစ်၍ မြောက်အမေရိက နိုင်ငံတစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၅၀ဝ (ဘီစီ ၁၅၀ဝ) မှ အေဒီ ၂၀ဝ ခန့်အထိ မေယန်မြို့ပြယဉ်ကျေးမှု ထွန်း ကားခဲ့သော နိုင်ငံဖြစ်သည်။

၁၅၀၂ ခုနှစ်မှ စတင်၍ ဥရောပသားများ တစ်စစ အခြေချလာပြီး၊ ၁၈၆၂ ခုနှစ်တွင် အပြီးသတ် ကိုလိုနီ ပြုလုပ်လိုက်ခြင်းကို ခံခဲ့၍ ဗြိတိသျှကိုလိုနီ ဟွန်ဒူးရာ့စ်၏ အထဲသို့ သွပ်သွင်းခံလိုက်ရသည်။ ၁၉၆၄ ခုနှစ် ဇန်နဝါရီလတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရေးရှိခဲ့၍၊ ၁၉၇၃ ခုနှစ် ဂျွန်လတွင် ဟွန်ဒူးရာ့စ်မှ သီးခြား ခွဲထွက်ခွင့်ရခဲ့သည်။ ၁၉၈၁ ခု စက်တင်ဘာ ၂၁ ရက်နေ့တွင် လုံးဝ လွတ်လပ်သော အချုပ် အခြာနိုင်ငံ အဖြစ် လွတ်လပ်ရေးကို ရရှိခဲ့သည်။

ဘီလီဇီနိုင်ငံတွင် အစ္စလာမ် သာသနာဝင် လူဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၂၇၉၄ ဦးဖြစ်၍ နိုင်ငံလူဦး ရေ၏ ၁ ရာနှုန်းဖြစ်သည်။ မူဆလင် အသိုင်းအဝိုင်းအား ဘီလီဇီ အစ္စလာမ်မစ် မက်ရှင်းက ဦးဆောင်၍ ဗဟိုဌာနချုပ်မှာ ဘီလီဇီ စီတီး၌ ရုံးထိုင်သည်။

ကိုလံဘီယာမှ အစ္စလာမ် သာသနာ


 ကိုလံဘီယာနိုင်ငံသည် တောင်အမေရိကတိုက်ကြီး၏ မြောက်ဘက်ဆုံးတွင် တည်ရှိပြီး နိုင်ငံ၏ တောင် ပိုင်းသည် အီကွေတာ ဖြတ်သွားရာ လမ်းကြောင်းပေါ်၌ ရှိသည်။ ပနားမားနိုင်ငံ၊ ကယ်ရေဘီယံ ပင်လယ်ကွေ့၊ ဗင်နီဇွဲလားနိုင်ငံ၊  ဘရာဇီးလ်နိုင်ငံ၊ ပီရူးနိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ပစ္စိဖိတ်သမုဒ္ဒရာ ကမ်း ခြေ ဝိုင်းရံထားသော နိုင်ငံဖြစ်သည်။

ကိုလံဘီယာနိုင်ငံ ယခု ဘိုဂိုတို ဟူသော အရပ်တွင် ဘီစီ ၁၀ဝ၀ဝ ပတ်ဝန်းကျင် (သမ္မာကျမ်းစာပါ အာဒံ မပေါ်မှီ နှစ်ပေါင်း ၄၀ဝ၀) ခန့်ကပင် စုပေါင်းနေ မုဆိုးအသိုင်းအဝိုင်း ဖြစ်တည်ခဲ့သည်။ ဘီစီ ထောင်စုနှစ်၏ အစပိုင်း မှစ၍ ကက်စီကစ်ခေါ် ခေါင်းဆောင်များ ဦးဆောင်သည့် ပီရမစ်ပုံ အုပ်ချုပ်ရေး ကာစီကာ့ဇ်ဂိုစ် စနစ် ထွန်းကား ခဲ့သည်။ အေဒီ ၁၂၀ဝ ဝန်းကျင် အင်ကာ့စ် မင်းဆက် ပေါ်ပေါက်လာပြီးနောက် တောင်အမေရိကတိုက်တွင် မြူစ် ကာ လူမျိုးမှာ နိုင်ငံရေး အဖွံဖြိုးဆုံးဟု သတ်မှတ်နိုင်သည်။

ကိုလံဘီယာနိုင်ငံတွင် အစ္စလာမ်သာသနာ လူဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၁၀ဝ၀ဝ ခန့်ရှိ၍ နိုင်ငံ လူဦး ရေ၏ ဝ.ဝ၂ ရာနှုန်း ဖြစ်သည်။ အစ္စလာမ်မစ် စင်တာ ငါးခု အပါအဝင် အစ္စလာမ့် အဖွဲ့အစည်းများလည်း ရှိနေသည်။ ဘိုတိုဂါနှင့် မိုင်ချို မြို့များတွင် အစ္စလာမ် မူလတန်းကျောင်း အလယ်တန်းကျောင်းများ ရှိ၍၊ မိုင်ချိုမြို့တွင် ဒုတိယ အကြီးဆုံး ဝတ်ကျောင်းတော် ဖြစ်သည့် အိုမာ အိဗ်နိ အလ် ခတာ့ဗ် ဝတ်ကျောင်းတော် ရှိသည်။

မကြာမှီ နှစ်များက အစ္စလာမ်နှင့် အာရဗ်-မူဆလင်တို့သည် ကိုလံဘီယာ လူဝင်မှုကြီးကြပ်ရေး ဌာနတို့ ထဲထဲဝင် ဝင်ပူးပေါင်းဆောင်ရွက်ခဲ့ရာ နိုင်ငံရေး၌ ပိုမို ပါဝင်ဆောင်ရွက်ခွင့်နှင့် ရေပန်းစားသော ယဉ်ကျေးမှုများတွင် သြဇာ လွှမ်းမိုးလာခဲ့သည်။

ကိုစ်တာရီကာ မှ အစ္စ္စလာမ် သာသနာ


ကိုစ်တာရီကာသည် ကမ္ဘာ့ အနောက်ဘက်ခြမ်း အီကွေတာလိုင်း၏ မြောက်ဘက်၊ မြောက်အမေရိက
တိုက်၏ တောင်ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် နီဂွရာဂါနိုင်ငံ၊ အရှေ့ဘက်တွင် ကယ်ရေဘီ
ယံ ပင်လယ်၊ တောင်ဘက်တွင် ပနားမားနှင့် အနောက်ဘက်တွက် ပစ္စိဖိတ်သမုဒ္ဒရာတို့ ရှိသည်။
ဥရောပသားတို့ သတ်မှတ်သော သမိုင်းမတိုင်မှီကာလတွင် ကို့စ်တာရီကာအား မည်သို့ အမည်ရှိခဲ့
သည်ကို မသိရချေ။ မူလဒေသခံ တိုင်းရင်းလိုမျိုးများသည် မီဆိုအမေရီကန် ( မက္ကဆီကို ဒေသ လူမျိုး
များ) နှင့် အင်ဒီးစ်တောင်တန်းဒေသ ယဉ်ကျေးမှုထွန်းကားရာ အလယ်တွင် နေထိုင်ခဲ့သည်။ ထိုဒေသ
သည် အမေရိကတိုက် မက္ကဆီကို ဒေသသားတို့၏ ယဉ်ကျေးမှုနှင့် တောင်အမေရိက မူလလူမျိုးတို့၏
ယဉ် ကျေးမှု ဆုံရာ ဒေသလည်း ဖြစ်ခဲ့သည်။
ဥရောပသားတို့သည် ကို့စ်တာရီကာသို့ ၁၅၀၂ ခုနှစ်တွင် စတင်ရောက်ရှိခဲ့သည်။ ၁၈၂၁ ခုနှစ်တွင်
ကို့စ်တာ ရီကာသည် အခြားသော အမေရိကတိုက် အလယ်ပိုင်းနိုင်ငံများနှင့် ပူးပေါင်းလျှက် လွတ်လပ်
ရေး ကြေငြာခဲ့သည်။ တိုတောင်းသော မက္ကဆီကို အင်ပါယာကာလအတွင်း ၁၈၂၃ မှာ ၁၈၃၉ ထိ ကို့စ်
တာရီကာသည် မက္ကဆီကို၏ ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။
အခြားသော အမေရိကတိုက် အလယ်ပိုင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သမိုင်းကြောင်း တစ်လျှောက်
ကို့စ်တာရီကာသည် နိုင်ငံရေးတက်လှမ်းမှုများကို ငြိမ်းချမ်းစွာ ကျော်လွှားနိုင်ခဲ့သည်။ သို့သော် ၁၉ ရာ
စု၏ နောက်ပိုင်းမှ စ၍ ကို့စ်တာရီကာသည် ကြီးမားသော အုံကြွမှုကြီး နှစ်ခုနှင့် ကြုံခဲ့ရသည်။ ၁၉၁၇-၁၉ တွင် ဖာဒီရီကို တီနိုကို ဂရာနာဒိုစ် သည် သူ့အား ပြည်နှင်ဒဏ် ပေးခံရသည်အထိ အာဏာရှင်
စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ တဖန် ၁၉၄၈ ခုနှစ်တွင် ဂျိုးဇက် ဖက်ဂူရီစ် ဖာရာ သည် သမ္မတရွေးကောက်
ပွဲ အငြင်းပွားမှုကြောင့် လက်နှက်ကိုင် ထကြွခဲ့သည်။ ထိုအရေးအခင်းမှာ ၄၄ ရက်ကြာခဲ့၍ ကို့စ်တာရီ
ကာ ပြည်တွင်းစစ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထိုအရေးအခင်းသည် ၂၀ ရာစုတငွ် သွေးထွက်သံယိုမှု အကြီး
ဆုံး အရေးအခင်း ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အတိုက်အခံ စစ်အစိုးရမှ အောင်မှ ပွဲခံလျှက် ဒီမိုကရေ
စီ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲများကို ပြုလုပ်နိုင်ခဲ့သည်။
ကို့စ်တာရီကာတွင် အစ္စလာမ်သာသနာဝင် လူဦးရေမှာ ၅၀၀ ခန့်ရှိ၍ နိုင်ငံ လူဦးရေ၏ ၀.၀၁ ရာနှုန်း
ဖြစ်သည်။ မစ္စဂျစ် အိုမာ အပါအ၀င် အစ္စလာမ် အဖွဲ့များ စန့် ဂျိုးတွင် တည်ရှိသည်။

ကျူဘားနိုင်ငံမှ အစ္စလာမ် သာသနာ


ကျူဘားနိုင်ငံသည် ဟေတီကျွန်းမကြီး၏ အနောက်ဖက်ယွန်း- မြောက်ပိုင်းတွင် တည်ရှိ၍- မြောက်အမရိက အုပ်စုဝင် နိုင်ငံဖြစ်သည်။ (ဟေတီကျွန်းမကြီးအာ ဟက်စပင်နီအိုလာဟု ခေါ်၍ ဟေတီနိုင်ငံနှင့် ဒိုမင်နီကန် နှစ် နိုင်ငံ တည်ရှိရာ ကျွန်းဖြစ်သည်။)

နောက်ဆုံးသော စာရင်းအရ ကျူဘားနိုင်ငံရှိ အစ္စလာမ် သာသနာဝင် လူဦးရေမှာ ၃၀ဝ၀ ဝန်းကျင်ခန့်ရှိသည်။ ယင်းမှာ နိုင်ငံ လူဦးရေ၏ ဝ.ဝ၃ ရာနှုန်း ဖြစ်သည်။ အခြားအပြင်ရပ်ဝန်း စာရင်တင်ပြမှုများမှအရ ထိုဖေါ်ပြ ပါ လူဦးရေ စာရင်းသည် ၃၀ဝ ခန့်လျှော့နည်းသည်ဟု လည်းကောင်း အမြင့်ဆုံး ၇၀ဝ၀ ခန့်ရှိသည်ဟု လည်း ကောင်း ဆိုသည်။ သို့သော် ကျူဘားအစိုးရ၏ ဘာသာမဲ့နိုင်ငံတော် ဆီသို့ ဦးတည်နေရေး သဘောထားကြောင့် အစ္စလာမ် လူဦရေစာရင်းအား အတိအကျ ပြောဆိုရန်မှာ လွန်စွာ ခက်ခဲလှသည်။ကျူဘားနိုင်ငံ၏ မြို့တစ်မြို့ဖြစ်သော ပီလေယာ ဒီ ရိုဆာရီယို မြို့တွင် မူဆလင်လူဦးရေမှာ မြို့၏ ၄၀ ရာနှုန်း ဖြစ် သည်။ ကျူဘားနိုင်ငံတွင် အစ္စလာမ့်ဝတ်ကျောင်းတော် တည်ဆောက်ခွင့် မရှိသောကြောင့် ကျူဘား မူဆလင် များသည် ၁၉၄၀ ခုနှစ်တွင် အခြေချနေထိုင်ခဲ့သော လူကုံတန် အာရဗ် သူဌေးကြီး၏ အိမ်အား သောကြာနေ့ ဆွလားသ်ဝတ်ပြုရန် နေရာ အဖြစ် အသုံးပြုနေရသည်။ ကျူးဘားအစိုးရမှ ထိုအဆောက်အဦးတွင် ဆွလားသ် ဝတ်ပြုခွင့်အား သောကြာနေ့တွင် သုံးနာရီကြာ ခွင့်ပြုပေးထားသည်။ကျူဘား မူဆလင်များမှာ အနည်းဆုံး ၁၀ဝ၀ မှာ မူလဇစ်မြစ် ဒေသခံ တိုင်းရင်းသားများမှ ဖြစ်သည်ဟု ဆို သည်။ အမေရိကန်ရောက် ကျူးဘားမျိုးနွယ် ပညာတတ်များမှလည်း အစ္စလာမ်သာသနာအား လက်ခံသည့် လူဦးရေမှာ တိုးပွားလာလျှက် ကျန်ရစ်ခဲ့သော မိဘဆွေမျိုးများအား အစ္စလာမ် သာသနာအား နားလည် လက်ခံ ကျင့်သုံးရန် ဆက်သွယ်ပြောကြားနေမှုများလည်း ရှိနေသည်။

ဒိုမင်နီကန်နိုင်ငံမှ အစ္စလာမ် သာသနာ


စာရင်းအင်းအရ ဒိုမင်နီကန် သမ္မတနိုင်ငံတွင် ခန့်မှန်းချေ အစ္စလာမ် သာသနာဝင်မှာ နိုင်ငံ လူဦးရေ၏ ၀.၀၂ ရာနှုန်းရှိ၍ စုစုပေါင်း လူဦးရေ ၃၀၀၀ ခန့်ရှိပေသည်။ သို့သော် စနစ်တကျ အသေးစိတ် စာရင်းကောက်ယူရန်မှာ လွန်စွာခဲယဉ်းသောကြောင့် အတိအကျ ပမာဏအား ပြုစု၍ မရပေ။

နိုင်ငံ လူဦးရေ၏ အများစုမှာ ရိုမန် ကက် သလစ် ခရစ်ယာန်များ ဖြစ်သော်လည်း မူဆလင် ကျောင်းသားများ၊ ဒိုမင်နီကန် သမ္မတနိုင်ငံ အစ္စလာမ့် အ၀န်း အ၀ိုင်းနှင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် အခြေစိုက်သော ဒိုမင်နီကန် သမ္မနိုင်ငံ အစ္စလာမ်မစ် စင်တာ ကဲ့သို့ ဒေသခံ အစ္စလာမ် အဖွဲ့အစည်းများက ဒိုမင်နီကန်၌ အစ္စလာမ်သာသနာ ထွန်းကား လာစေရန် ကူညီအားပေးလျှက် ရှိသည်။

 မကြာသေးမှီမှ ဒိုမင်နီကန် သမ္မတနိုင်ငံ အစ္စလာမ့် အ၀န်း အ၀ိုင်း၏ ခန့်မှန်းချက်အရ ဒိုမင်နီကန်တွင် မူဆလင် လူဦးရေမှာ ၃၀၀၀ ဒေသခံ သာသနာပြောင်းလဲမှုမှ ကောင်းမွန်တိုးတက်သော ကိန်းကဏန်း ပင်ဖြစ် သည်။ဒိုမင်နီကန် သမ္မတနိုင်ငံ အစ္စလာမ့် အ၀န်းအ၀ိုင်းမှ ပထမဦးဆုံး အစ္စလာမ့် ၀တ်ကျောင်းတော် အား စင်တီယာဂို မြို့တော်၏ ဗဟိုအချက်အခြာကျ၍ အမျိုးသား လွှတ်တော်နှင့် သော် လည်းကောင်း အဘီရို အမေရိကန် တက္ကသိုလ်နှင့် သော် လည်းကောင်း ငါးမိနစ်ခန့် လမ်းလျှောက်ရသော နေရာ၌ တည်ဆောက်ခဲ့သည်။ ထိုနေရာ သည် မြို့နေ မူဆလင်များ အလွယ်တကူ သွားလာနိုင်သော နေရာ ဖြစ်သည်။

သူတို့သည် ထိုမြေအား ရရှိရန် မြေပိုင်ရှင်ထံမှ ၀ယ်ငွေနှင့် အဆောက်အဦး တည် ဆောက်ခ ကုန်ကျငွေ ပီဆို ၂.၈၅ သန်း (ဒေါ်လာ ၈ သိန်း ကျော်) သုံးစွဲခဲ့ရသည်။  ထိုဝတ်ကျောင်းတော်တွင် နေ့စဉ် ၀တ်ပြုမှု ငါးကြိမ်အတွက် ဖွင့်ထားပြီး အမျိုးသမီးနှင့် ကလေးများအတွက် စနေ၊ တနင်္ဂနွေနေ့များ၌ အစ္စလာမ့် သာသနာ ဗဟုသုတ သင်ခန်းစာများ ပို့ချသင်ကြားလျှက် ရှိသည်။သူတို့ သည် ကုသိုလ်ဖြစ် ကျမ္မာရေး ဆေးစစ်ခန်းနှင့် ဆေးပေးခန်းကိုလည်း ၀တ်ကျောင်းတော်၏ နောက်ကျောတွင် သီးခြား အဆောက်အဦးတည် ဖွင့်ပေးထား ရှိသည်။ယခုလောလောဆယ်တွင် စီတီယာဂိုမြို့၌ မစ္စဂျစ်ဒေ့ အစ္စလာမ်၊ မစ္စဂျစ်ဒေ့ မာ့က္ကီ၊ မစ္စဂျေစ်ဒေ့ အလ် နူးရ် ဟူ သည့် ၀တ်ကျောင်းတော်ကြီး သုံးခုလည်း ရှိနေပြီ ဖြစ်သည်။ မစ္စဂျစ်ဒေ့ အစ္စလာမ်နှင့် မစ္စဂျစ်ဒေ့ မာ့က္ကီ တို့သည် လှုပ်ရှား လည်ပတ်မှုအားနည်းသော ၀တ်ကျောင်းတော်များ ဖြစ်၍ မစ္စဂျစ်ဒေ့ အလ် နူးရ် သည် ထိုကျွန်းနိုင်ငံ တစ်ခုလုံးတွင် လှုပ်ရှားဆောင်ရွက်မှု အများဆုံး ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ထိုဝတ်ကျောင်းတော်တွက် အီးဒ် ဆွလားသ်ဝတ်ပြုမှုများ၊ သောကြာဆွလားသ် ၀တ်ပြုမှုများ၌ လူများ ပြည့်လျှံလျှက် ရှိသည်။ထို့အပြင် အခြားသော လို့စ်အလ်လန်နိုစ် မြို့၌လည်း ၀တ်ကျောင်းတော် တစ်ဆောင် တည်ဆောက်လျှက် ရှိနေ သည်။ ထိုမြို့သည် မစ္စဂျစ်ဒေ့ အလ် နူးရ် နှင့် မီနစ်သုံးဆယ်ခန့် ခရီးအကွာအဝေးတွင် ရှိသည်။ 

အီကွေဒေါနိုင်ငံမှ အစ္စလာမ် သာသနာ


အီကွေဒေါနိုင်ငံသည် တောင်အမေရိကတိုက်တွင် တည်ရှိပြီး၊ အီကွေတာ လမ်းကြောင်းပေါ်၌ ကျရောက်သော အပူပိုင်းနိုင်ငံ တစ်ခုဖြစ်သည်။ ကိုလံဘီယာ၊ ပီရူးနှင့် ပစ္စိဖိတ်သမုဒ္ဒရာတို့နှင့် ထိစပ်လျှက် တည်ရှိသည်။

အီကွေဒေါနိုင်ငံ၏ လူ့ယဉ်ကျေးမှုမှာ ဘီစီ ၃၅၀ဝ ခန့်ကပင် တည်ရှိနေသည်ဟု အထောက်အထားများက ဆို သည်။ များစွာသော မြို့ပြယဉ်ကျေးမှုများမှာ အီကွေဒေါ တစ်လျှောက် ပြန့်နှံ့ထွန်းကားခဲ့၍၊ ၎င်းတို့ ကိုယ်စီတွင် ကိုယ်ပိုင် ဗိသုကာပညာများ၊ အိုးခတ်ပညာများ၊ ဘာသာတရားများ ထွန်းကားခဲ့ပြီး ဒတ်ချီစယ်လာ၏ မျိုးဆက်မှ အုပ်ချုပ်သော ချီးရေးဟုခေါ်သည့် အုပ်ချုပ်မှုဖြင့် အင်ကများ ဝင်ရောက်မလာမှီထိ အုပ်ချုပ်ခဲ့ကြသည်။

 နှစ်ပေါင်း များစွာ ကယမ်ဘီနှင့် အခြားသော တိုင်းရင်းသားများ၏ ပြင်းထန်သော ခုခံတိုက်ခိုက်မှုကို ခံခဲ့ရပြီး နောက်ဆုံး တွင် အင်ကတို့က သိမ်းပိုက် လွှမ်းမိုးနိုင်ခဲ့သည်။ ခုခံရေး စစ်ပွဲများအတွင်း ခုခံရေးစစ်သည် ထောင်ပေါင်းများစွာ သတ်ဖြတ်ခံရပြီး တိုက်ပွဲဖြစ်ရာ ရေကန်ကြီးထဲတွင် အလောင်းများကို ပစ်ချသောကြောင့် ထိုရေကန်ကြီးအား သွေးရေးကန် (ယာဟွာကိုချာ)ဟု ခေါ်တွင်တော့သည်။သို့ဖြင့် အီကွေဒေါသည် ၁၄၆၃ ခုနှစ်တွင် အင်က အင်ပါယာ၏ အစိတ်အပိုင်း ဖြစ်ခဲ့သည်။ ဥရောပမှ စပိန်များ သည် အီကွေဒေါ၏ မြောက်ပိုင်းသို့ စတင်ရောက်ရှိလာသော အချိန်တွင် အင်က အင်ပါယာအား ဟွီနာ ကက်ပစ် က အုပ်ချုပ်ထားပြီး ၎င်းတွင် မြောက်ပိုင်းအား အပိုင်စားရထားသော အတာဟူပါနှင့် အင်က မြို့တော်တွင် အိမ် ရှေ့မင်းသား ဖြစ်နေသော ဟွာစ်ကာ ဟူသည့် သားနှစ်ဦးရှိသည်။ ဟွီနာ နတ်ရွာစံသော ၁၅၂၅ ခုနှစ်တွင် သား နှစ်ယောက်ကြောင့် တိုင်းပြည် နှစ်ခြမ်းကွဲခဲ့ရ၍၊ အေဒီ ၁၅၃၀ တွင် ဟွာစ်ကာသည် နှိမ်နှင့်ခံရပြီး အတာဟူပါက အင်ပါယာ တစ်ခုလုံးကို အုပ်ချုပ်လိုက်သည်။

အတာဟူပါသည် တိုင်းပြည်အား တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရန် ကြိုးစားသော မြောက်ပိုင်းသို့ ရောက်ရှိပြီး ဖြစ်သော ဥရောပသား စပိန်တို့က ကဂျာမာကာ တွင် ကိုယ်ပိုင်နယ်မြေထူထောင်၍ နေပြီး ဖြစ်ပြီး ၁၅၃၂ ခုနှစ် ကဂျာမာကာ တိုက်ပွဲတွင် အတာဟူပါ အဖမ်းခံရပြီး- ၎င်းအား ပြန်ရွေးရန် အခန်းတစ်ခန်းပြည့် ရွှေနှင့် နှစ်ခန်း ပြည့် ငွေတို့ကို တောင်းဆိုခဲ့သည်။ အင်ကာတို့က တောင်းဆိုသည့် အတိုင်း ပေးအပ်ခဲ့သော်လည်း အတာဟူပါ အား သတ်ဖြတ်ခဲ့တော့သည်။

ထို့နောက် အီကွေဒေါသည် နှစ်ပေါင်းသုံးရာ နီးပါး စပိန်တို့၏ လက်အောက်သို့ ကျရောက်သွားတော့သည်။ ၁၈၂၂ ခု မေ ၂၄ ရက်နေ့တွင် စပိန်ထံမှ လွတ်လပ်ရေး ရခဲ့သည်။

အီကွေဒေါနိုင်ငံတွင် စာရင်းအင်းအရ အစ္စလာမ်သာသနာဝင် လူဦးရေ ၂၇၅ ယောက်သာ ရှိသည်ဟု ဆိုသော် လည်း အမှန်တကယ်တွင် ထိုထက် အဆပေါင်းများစွာ ရှိသည်ဟု အဖွဲ့အစည်းများမှ ဆိုကြသည်။ ပထဦးဆုံး ရောက်ရှိလာသော မူဆလင်များမှာ အာရဗ်များဖြစ်၍၊ ကမ္ဘာစစ်ကြီးများအပြီး အော်တိုမင်အင်ပါယာ ပြိုကွဲသွား ပြီးနောက် ရောက်ရှိလာခြင်း ဖြစ်သည်။ ကွီတို၊ ဂွာယာကွေး မြို့များတွင် အခြေချနေထိုင်ကြ၍ မာနာဘီ၊ လော့စ် ရီးယို့စ် နှင့် အစ်မာရာဒါ့စ် ခရိုင်များတွင် မူဆလင် အသိုင်းအဝိုင်းငယ်များ ရှိနေသည်။

၁၉၉၀ ခုနှစ် အလယ်လောက်မှ စ၍ အီကွေဒေါ မူလဒေသခံ တိုင်းရင်းသားများမှ အစ္စလာမ်သာသနာသို့ စတင် ဝင်ရောက်လာပြီး အာရဗ် အသိုင်းအဝိုင်းများနှင့် အတူတကွ ပူးပေါင်းလာကြသည်။ သူတို့သည် သောကြာ ဆွ လားသ်ဝတ်ပြုရန် သီးခြားအခန်းကို ငှားရမ်းသုံးစွဲခဲ့သည်။ နောက်ပိုင်းတွင် အီဂျစ်သံရုံးမှလား ရည်ရွယ်ချက်တူ စွာဖြင့် သီးခြားလွတ်လပ်သည့် အခန်းကို ပြုလုပ်ပေးခဲ့သည်။ ၁၉၉၄ ခု အောက်တိုဘာ ၁၅ ရက်နေ့တွင် အီကွေ ဒေါ အစ္စလာမ် ဗဟိုဌာနကို ထူထောင်ခဲ့၍ ၎င်းသည် အီကွေဒေါ အစိုးရမှ အသိအမှတ်ပြုသော ပထမဦးဆုံး အစ္စလာမ် အဖွဲ့အစည်း ဖြစ်ခဲ့သည်။ ထိုအဖွဲ့၏ လက်ရှိခေါင်းဆောင်မှာ ဂျွန် ယာယာ ဆူကွီလို ဖြစ်၍ သူသည် စစ်အရာရှိဟောင်း တစ်ဦးပြီး အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်လာသူ ဖြစ်သည်။ ထိုအဖွဲ့သည် ဘာ သာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး ဆောင်ရွက်ချက်များကို သယ်ပိုးဆောင်ရွက်ပြီး ဆွန္နီအစ္စလာမ် နည်းနာ အတိုင်းကျင့်သုံးလျှက် ရှိသည်။ ထိုအသင်းအဖွဲ့အား မည်သည့်နိုင်ငံခြား တိုင်းပြည်ကမျှ ငွေကြေး ထောက်ပံ့မှု မရှိချေ။ ထိုအဖွဲ့အစည်းသည် အစ္စလာမ် စာပေ အမျိုးမျိုးကို စပိန်ဘာသာဖြင့် ပြန်ဆို ဖြန့်ချီလျှက် ရှိ၍။ နှစ်စဉ် အာဂျင်တီနားတွင် ကျင်းပသည် လက်တင်အမေရိကန် မူဆလင်ခေါင်းဆောင်များ စုစည်းပွဲသို့ ကိုယ်စားလှယ် စေပို့လျှက် ရှိသည်။

၂၀ဝ၄ ခုနှစ်တွင် အလ်ဟီဂျရာ အစ္စလာမ် ဗဟိုဌာန တစ်ခုကို အီကွေဒေါ အကြီးဆုံးမြို့ ဖြစ်သည့် ဂွာယာကွေး တွင် ထူထောင်လိုက်၍ ထိုအဖွဲ့အစည်းသည်လည်း အစိုးရမှ အသိအမှတ်ပြုခြင်းကို ခံရသည့် အဖွဲ့အစည်း ဖြစ် သည်။ ထိုအဖွဲ့၏ ခေါင်းဆောင်မှာ ဂျွန် အဗ္ဗဒူလ္လာဟ် စအုဒ် ဖြစ်၍ သူသည်လည်း အစ္စလာမ်သို့ ကူးပြောင်း သက်ဝင်လာသူ တစ်ဦးပင် ဖြစ်သည်။

ဂွမ်တီမာလာ မှ အစ္စ္စလာမ် သာသနာ


ဂွမ်တီမာလာနိုင်ငံသည် မြောက်အမေရိကတိုက်တွင် တည်ရှိပြီး မက္ကဆီကို၊ ဘီလီဇီ၊ အရှေ့ဘက် ကယ်
ရေဘီယံ ပင်လယ်ကွေ့၊ ဟွန်ဒူးရာ့စ်၊ အယ်လ်ဆာဗေဒို နှင့် နောက်ဘက် ပစ္စိဖိတ် သမုဒ္ဒရာ တို့ ၀ိုင်းရံ
ထားသော နိုင်ငံငယ် တစ်ခု ဖြစ်သည်။
ထိုနိုင်ငံငယ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀၀ ခန့်မှပင် လူသားများ စတင်နေထိုင်ခဲ့သည်ဟု ဆို
သည်။ အေဒီ ၁၆ ရာစု ဥရောပ စပိန်များ မရောက်မှီအထိ နှစ်ပေါင်း ၂၀၀၀ ခန့် မေယန်ယဉ်ကျေးမှု
လွှမ်းမိုးခဲ့သည်။ မြောက်ပိုင်း မြေနိမ့်ဒေသ ပက်တင် အရပ်တွင် တော်ဝင် မေယန် ရိုးရာ ထွန်းကားခဲ့ပြီး
အေဒီ ၁၀၀၀ လောက်တွင် စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။
၁၈၂၁ ခုနှစ် လွတ်လပ်ရေး မရမှီထိ၊ ဂွမ်တီမာလာသည် စပိန်ကိုလိုနီဘ၀ဖြင့် နှစ်ပေါင်း ၃၀၀ နီးပါး
နေခဲ့ရ၍ ၄င်းသည် မက္ကဆီကို အင်ပါယာတွင်း၌ ၁၈၄၀ ထိ နေခဲ့ရသည်။ လွတ်လပ်ရေး ရပြီးချိန်မှ စ၍
ဒီမိုကရေစီ နစ်ဖြင့်လည်းကောင်း စစ်အုပ်ချုပ်ရေး စနစ်ဖြင့်လည်းကောင်း ဖြတ်သန်းခဲ့ရသည်။ ပြည်
တွင်းစစ်ပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့၍ ၁၉၉၆ ခုနှစ်တွင်မှ ကိုယ်စားပြု အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်။
ဂွမ်တီမာလာ နိုင်ငံတွင် ခန့်မှန်းခြေ အစ္စလာမ်သာသနာဝင် လူဦးရေမှာ ၁၂၀၀ ခန့်ရှိ၍ ၄င်း၏ ၉၅
ရာနှုန်းမှာ ပါလက်စတိုင်း အာရဗ်များဖြစ်သည်။ ဂွမ်တီမာလာ စီတီး၏ ဆင်ခြေဖုံးတွင် အစ္စလာမ့်
ဝတ်ကျောင်းတော် တစ်ဆောင် ရှိသည်။
အဟာမဒ်ဒီယာ မူဆလင်များ အသိုင်းအ၀ိုင်းမှ လည်ပတ်သည့် အခြားသော ၀တ်ကျောင်းတော် တစ်ခု
ကို (၁၉၈၉) တွင် တည်ဆောက်၍ မက်ဇ်ကွီတာ ဘိုင်တူလ် အောင်ဝါ ဟုခေါ်ပေသည်။

ဂိုင်ယာနာနိုင်ငံမှ အစ္စလာမ် သာသနာ


 ဂိုင်ယာနာသည် တောင်အမေရိကတိုက်၏ မြောက်ဘက်ထိပ်ဆုံး နိုင်ငံများတွင် ပါဝင်၍၊ အတ္တလန်တိတ် သမုဒ္ဒရာ၊ ဆူရီနင်၊ ဘရာဇီးလ်နှင့် ဗင်နီဇွဲလားနိုင်ငံတို့ ထိစပ်လျှက်ရှိသည်။ အီကွေတာနှင့် နီးစပ်သော နိုင်ငံ ဖြစ်၍ အပူပိုင်းဒေသတွင် ကျရောက်သည်။ ဂိုင်ယာနာ၏ မူရင်းဒေသ လူမျိုးများမှာ အမေရိက အလယ်ပိုင်း ဒေသခံလူမျိုးများ ဖြစ်သည့် အရာဝါ့ခ်နှင့် ကာ ရီဘ် လူမျိုးတို့ ဖြစ်သည်။ ဥရောပ တိုက်သားများ၏ ကိုလိုနီဘ၀တွင် အာဖရိကမှ ကျွန်များစွာကို တင်သွင်း ခဲ့သည်။ ထို့ပြင် ဥရောပတိုက်သားပေါင်း များစွာလည်း ရောက်ရှိလာခဲ့သည်။ ဂိုင်ယာနာသည် ၁၉၆၆ ခုနှစ် မေလ ၂၆ ရက်တွင်မှ ဗြိတိသျှ လက်အောင်မှ လွတ်မြောက်ခဲ့သည်။ ဂိုင်ယာနာနိုင်ငံ အစ္စလာမ် ဗဟိုအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ အစ္စလာမ့် ၀တ်ကျောင်းတော်ပေါင်း ၁၂၅ ဆောင်ရှိ၍၊ တိုင်းပြည်လူဦးရေ၏ ၁၂ ရာနှုန်းသည် အစ္စလာမ် သာသနာဝင်များ ဖြစ်သည်။ အီးဒ် ပွဲတော်နေ့ (၂) ရက်သည် အစိုးရ တရားဝင် ရုံးပိတ်ရက်များ အဖြစ် သတ်မှတ်ခံထားရသည်။

၁၉၉၈ ခုနှစ်မှ စ၍ ဂိုင်ယာနာနိုင်ငံသည် ကမ္ဘာ့ အစ္စလာမ်မစ် ညီလာခံ၏ အဖွဲ့နိုင်ငံ ဖြစ်လာခဲ့သည်။ ဂိုင်ယာနာ နိုင်ငံအား မူဆလင်များ ရောက်ရှိလာသော ခုနှစ်မှ ၁၈၃၈ ခုနှစ်ဟု မှတ်တမ်းဝင် ဖြစ်သော်လည်း၊ ထိုထက်စော ၍ မူဆလင်များ ရှိနေခဲ့သည်မှာ ဖျောက်ဖျက်၍ မရချေ။ အာဖရိကမှ ကျေးကျွန်ပြုလုပ်ရန် ဖမ်းဆီးခေါ်ဆောင် ခြင်း ခံရသူများတွင် အစ္စလာမ် သာသနာဝင်များ ပါဝင်ခဲ့သည်။ အာဖရိက အနောက်ပိုင်းမှ မန်ဒင်ဂိုနှင့် ဖူလာနီ လူမျိုးမူဆလင်များသည် ဂိုင်ယာနာ၏ ကြံစိုက်ခင်းများတွင် ကျေးကျွန်လုပ်ပေးခဲ့ရသည်။

 ၁၇၆၃ ခုနှစ် ပုန်ကန် ထကြွခဲ့သော အမျိုးသားခေါင်းဆောင် ဂါတ်ဖီသည် ဒတ်ခ်ျအစိုးရထံသို့ ငြိမ်းချမ်းရေး အခြေအနေများ စာရေး သားရာတွင် အာရ်ဗီစာဖြင့် ရေးသားခဲ့ပြီး ဂါတ်ဖီ အုပ်စုသည် မူဆလင်များ ဖြစ်ကြောင်းကို ဖေါ်ပြနေသည်။ သို့သော် ဖမ်းဆီးထားသော ကျေးကျွန်များအပေါ် ရက်စက်ကြမ်းကြုတ်စွာဖြင့် ချေမှုန်းခဲ့ပြီး၊ မူဆလင်နှင့် အစ္စလာမ့် ဓလေ့များကိုပါ ကျွန်ပြုခံခဲ့ရသဖြင့် တောင်အာရှမှ မူဆလင်များ ရောက်ရှိလာချိန်ထိ အစ္စလာမ့် ဓလေ့ ဟူ၍ မတွေ့ရတော့ပေ။

 သို့သော် ယခုခေတ် ဂိုင်ယာနာမှ မူဆလင်များသည် သူတို့ကို သူတို့ ဖူလာဟု ရည်ညွန်း လျှက် သူတို့၏ အာဖရိက အနောက်ပိုင်းမှ လွတ်ငြိမ်းခွင့် အဖွဲ့နှင့် အဆက်အသွယ်ရှိခဲ့သည်။ ၁၈၃၅ မှ ၁၉၁၇ အတွင်း ရောက်ရှိလာသော အိန္ဒိယသား ၂၄၀၀၀၀ မှာ စာပေမတတ်သည့် အူရ်ဒူ စကားပြော ကျေးလက်ဒေသ သားများ ဖြစ်၍ ၈၄ ရာနှုန်းမှာ ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်ဟု မာစီယာ အီလီဒါက ရေးသားခဲ့သည်။ နောက်ပိုင်းတွင် ရှီယာမူဆလင်များနှင့် အာဟ်မဒ်ဒီယာများ ရောက်ရှိလာခဲ့သည်။ သို့သော် သူတို့၏ လူဦးရေမှာ ရာနှုန်းဝင် သတ်မှတ်လောက်သည့် ပမာဏ မရှိခဲ့ချေ၊

ဟေတီနိုင်ငံမှ အစ္စလာမ် သာသနာ


ခန့်မှန်းခြေအားဖြင့် ဟေတီနိုင်ငံတွင် မူဆလင် လူဦးရေ ၃၂၅၀ ခန့်ရှိသည်ဟု ဆို၍ တစ်နိုင်ငံလုံး လူဦး ရေ၏ ၀.၀၄ ရာနှုန်းဖြစ်သည်။

သို့သော် ဒေသခံ မူဆလင်များက ထိုထက်ပို၍ များပြားသည်ဟု ဆို၍ အတိအကျ စာရင်းကောက်ယူနိုင်ခြင်း မရှိချေ။

နိုင်ငံ၏ မြောက်ပိုင်း ကမ်းခြေမြို့ ဖြစ်သည့် ကက်ပ်-ဟေတီယင်မြို့မှ ဘီလာဟ် အစ္စလာမ့် ၀တ်ကျောင်းတော်နှင့် အစ္စလာမ်မစ် စင်တာ (ဗဟိုဌာန) အပါအ၀င် အစ္စလာမ် သာသနာ ဆိုင်ရာ အဖွဲ့အစည်းများ ရှိနေပေသည်။

၎င်းတို့မှာ အစ္စလာမ့်ဆိုင်ရာ လေ့လာရေး များနှင့် နေ့စဉ် ၀တ်ပြုရေးတို့ကို စေ့ဆော်လျှက် ရှိနေသည်။ထို့ပြင် မြို့တော် ပို့တ်တူ ပရင့်စ် မြို့တွင် အလ္လာဟ်အရှင်သည် အကြီးမြတ် ဆုံးဖြစ်သည်ဟု အနက်ကို ပေးသည် အလ္လာဟ်ဟု အက္ကဘာရ် ၀ိဉာဏဆိုင်ရာ စင်တာကြီးလည်း ရှိနေပေသည်။

ဟေတီနိုင်ငံ၏ အစ္စလာမ်သမိုင်းသည် ဟစ်ပင်နီအိုလာ ဟုခေါ်သော ဟေတီနှင့် ဒိုမင်နီကင် နိုင်ငံနှစ်ခု တည် သည့် ကျွန်းကြီးပေါ်သို့ ဟေတီသို့ ကျေးကျွန်များ စတင်ဖမ်းယူလာချိန်မှ စတင်ခဲ့သည်။

မူဆလင်ပေါင်းများ စွာကို ဟေတီသို့ ကျေးကျွန်အဖြစ် ဖမ်းယူလာခြင်း ခံရသူများ ဖြစ်သည်။ ၎င်းတို့အား အစ္စလာမ်သာသနာကို စွန့် လွှတ်ရန် နှစ်ပေါင်းများစွာ အတင်း အဓမ္မပြုခြင်းခံရသော်လည်း ဟေတီ ဒေသခံများ၏ ရိုးရာယဉ်ကျေးမှုတွင် အစ္စလာမ်အမွေအနှစ်များ စွဲနစ်လျှက်သာ ရှိခဲ့သည်။

ဟေတီတော်လှန်ရေး စတင်ချိန်တွင် ကျဆုံးခဲ့သော သမိုင်းဝင် တော်လှန်ရေး သမား တစ်ဦးဖြစ်သည့် ဒူတီ ဘော့က်မန် သည် မူဆင်တစ်ဦး ဖြစ်သည်ဟု အများစုက လက်ခံထားပေသည်။

၂၀ ရာစု အစပိုင်း တွင်လည်း အာရဗ်များသည် အမေရိကန်တိုက်သို့ ပြောင်းရွေ့လာခဲ့ရာ ထိုလူဦးရေမှ အံ့အားသင့် လောက်သော ပမာဏသည် အခြားနိုင်ငံများကဲ့သို့ ဟေတီတွင် အခြေချခဲ့ကြသည်။

၁၉၂၀ ပတ်ဝန်းကျင်ခန့်က ပါလက်စတိုင်း ဂျေရုဆလင်မြို့အနီးရှိ အီဇာရီယာရွာမှ ပါလက်စတိုင်း တစ်ဦးသည် မိသားစု ၁၉ စုနှင့်အတူ ဟေတီသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ယနေ့ ဟေတီမှာ မူဆလင်များမှာ ဟေတီ ဒေသခံတိုင်းရင်းသားများ ဖြစ်၍ အရှေ့အလယ်ပိုင်း လူမျိုးစု၏ နောက်လိုက်များ ဖြစ်ကြပေသည်။သူတို့၏ စီးပွားရေး ကြပ်တည်းမှုများကြောင့် ၀တ်ကျောင်းဆောင် သော်လည်းကောင်း ဘာသာရေး စာသင်ကျောင်းများ သော်လည်းကောင်း ၁၉၈၅ ခုနှစ်အထိ တည်ဆောက်နိုင် ခြင်း မရှိခဲ့ချေ။ ၂၀၀၀ ခုနှစ်တွင် ဆန်ရာ့ပ်ဟီးလ်မှ ဖန်မီ လာ့ဗ်ဗာလာ့စ် အဖွဲ့ဝင် နော်ဝန် မာစဲလ်လာ့စ် သည် ဟေတီ၏ ဟေတီ ဥပဒေပြုရေး အဖွဲ့တွင် ပထမဦးဆုံး ရွေးချယ်ခံရသော မူဆလင် တစ်ဦး ဖြစ်သည်။

ဟွမ်ဒူးရာ့စ် မှ အစ္စလာမ် သာသနာ


ဟွမ်ဒူးရာ့စ်သည် ကမ္ဘာ့ အနောက်ဘက်ခြမ်း အီကွေတာလိုင်း၏ မြောက်ဘက်၊ မြောက်အမေရိက
တိုက်၏ တောင်ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ကယ်ရေဘီယံ ပင်လယ်၊
တောင်ဘက်တွင် နီဂါရာဂွာနှင့် အနောက်ဘက်တွက် အယ်လ်ဆာဗေးဒိုး နိုင်ငံတို့ ရှိသည်။
ရှေးဟောင်း သုတေသီများက ဟွမ်ဒူးရာ့စ်တွင် သမိုင်းမတင်မှီ ရှေးဟောင်းလူမျိုးနွယ်ပေါင်း များစွာ
နေထိုင်ခဲ့သည်ဟု ဆိုသည်။ မေယန် ယဉ်ကျေးမှု အကြီးအကျယ်လွှမ်းမိုးခဲ့ရာ နိုင်ငံတစ်ခုလည်း ဖြစ်
သည်။
ဥရောပ စပိန်များ ဟွမ်ဒူးရာ့စ်ကို တွေ့ရှိပြီးနောက် ဂွမ်တီမာလာ ဘုရင့်နိုင်ငံအတွင်း ထည့်သွင်း ခဲ့၍
စပိန်တို့သည် ဟွမ်ဒူးရာ့စ်အား နှစ် သုံးရာခန့် အုပ်ချုပ်ခဲ့သည်။
ဟွမ်ဒူးရာ့စ် နိုင်ငံ၏ အစ္စလာမ်သာသနာဝင် လူဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၂၇၉၀ ခန့်ရှိ၍၊ နိုင်ငံ လူဦး
ရေ၏ ၀.၀၄ ရာနှုန်း ဖြစ်သည်။ တရားဝင် စာရင်းအင်း မဟုတ်သော်လည်း တိုင်းပြည်၏ လူဦးရေ ၇
သန်းအနက် ခန့်မှန်းခြေ တစ်သိန်းနှင့် နှစ်သိန်းကြား လူဦးရေမှာ အာရဗ်မျိုးနွယ်စုမှ ဆင်းသက်လာ
သူများ ဖြစ်သည်။ သို့သော် အများစုမှာ အာရဗ် ခရစ်ယာန်မျိုးနွယ်များမှ ဖြစ်သည်။ ဟွမ်ဒူးရာ့စ်တွင်
ဟွမ်ဒူးရာ့စ် အစ္စလာမ့် ဗဟို နှင့် ဟွမ်ဒူးရာ့စ် အစ္စလာမ် ကော်မီတီ ဟု ထင်ရှားသည့် အစ္စလာမ့် အဖွဲ့
အစည်း နှစ်ခု ရှိသည်။

ဂျမေးကားလ် မှ အစ္စလာမ် သာသနာ


ဂျမေးကားလ် နိုင်ငံသည် ဟေတီကျွန်းနှင့် ကျူဘားကျွန်းမကြီး၏ အနောက်ဘက်တွင် တည်ရှိသော သီးခြား ကျွန်းနိုင်ငံ တစ်ခု ဖြစ်သည်။

ထိုဂျမေးကားလ် ကျွန်းနိုင်ငံတွင် ခန့်မှန်းခြေ အစ္စလာမ် သာသနာဝင် ၂၀ဝ၀ နှင့် ၅၀ဝ၀ ကြားတွင် ရှိသည်ဟု ဆိုသည်။ သို့သော် ထိုနိုင်ငံတွင် တည်ရှိနေသော အစ္စလာမ် အဖွဲ့အစည်းများ၊ ဝတ်ကျောင်းတော်များ၏ အရေ အတွက်အရ - ခန့်မှန်းထားသည့် လူဦးရေထက် မြောက်များစွာ ပိုမိုမည်ဟု ပညာရှင်များက ခန့်မှန်းကြပေသည်။

ဂျမေးကားလ်နိုင်ငံတွင် အစ္စလာမ် အဖွဲ့အစည်းများ၊ ဝတ်ကျောင်းတော်များ များစွာရှိ၍-၎င်းတို့ အနက်- အစ္စလာမ့်ပညာရေး၊ ဆွလားသ်ဝတ်ပြုမှုနှင့် အစ္စလာမ့်သာသနာသို့ သက်ဝင်ယုံကြည်လာသူများအားသက်သေ ပြုလက်ခံပေးနေသည့် ကိန်းစတန်မြို့တွင် တည်ရှိသော ဂျမေးကားလ် အစ္စလာမ် ကောင်စီ၊ အစ္စလာမ့် ပညာရေး နှင့် သာသနာဖိတ်ခေါ်မှု အဖွဲ့များလည်း ပါဝင်ပေသည်။
အလ်မမ်မူးရ်ဗလီဝတ်ကျောင်းတော်
ထို့ပြင်- မင်ဒီဗေးလ်မြို့မှ မစ္စဂျေဒေ့ အာလ်ဟာ့က်(သစ္စာဓမ္မ ဝတ်ကျောင်းတော်)။ နီဂေးလ်မြို့မှ မစ္စဂျေဒေ့ အလ် အိဟ်ဆန် (ဖြူစင်သန့်ရှင်းသည့် သီလဝန္တု ဝတ်ကျောင်းတော်၊ အိုချို ရီယိုစ် မြို့မှ မစ္စဂျေဒီ ဟီက္ကမာတ် (တရား ဓမ္မသတ် ဝတ်ကျောင်းတော်) နှင့် စိန့်မေရီမြို့မှ ဖော့တ်မာရီယာ အစ္စလာမ် ဗဟိုဌာ တို့သည်လည်း ထင်ရှားလေ သည်။ဂျမေးကားလ် ရှိမူဆလင်များ၏ နောက်ခံသမိုင်းမှာ အာဖရိက အနောက်ပိုင်းမှ ဖြစ်၍ ကျွန်ကုန်သည်များအား ရောင်းစားခံရကာ ဂျမေးကားလ်သို့ သင်္ဘောများနှင့် ပို့ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အစ္စလာမ့် ဂုဏ်ရည်များ၊ ဓလေ့ များကို ပျောက်ဆုံးစေရန် နှစ်ရှည်လများ အဓမ္မပြုခြင်း ခံခဲ့ရလေသည်။ သို့သော် ကျေးကျွန်ဘဝဖြင့် လယ်ယာ စိုက်ခင်းများတွင် လုပ်ကိုင်ပေးနေရစဉ်ပင် အစ္စလာမ့် နိုင်ငံများ ဖြစ်သော မန်ဒင်ကာ၊ ဖူလာ၊ ဆူဆူ၊ အာ့ဆ်ရှမ်တီ နှင့် ဟွာဆာ နိုင်ငံများမှ ပါလာသော အာဖရိက၏ မုအ်မေနူးန် ဟုခေါ်သည့် မျိုးနွယ်မှ ဆင်းသက်လာသူ များသည် သူတို့၏ အစ္စလာမ် သိက္ခာကို ထိန်းသိမ်းထားခဲ့လေသည်။

ကျွန်စနစ် ဖျက်သိမ်းပြီးချိန်တွင် များစွာသော ကျေးကျွန်များ၏ မူလ သက်ဝင်ယုံကြည်များသည် မှေးမှန်ပျောက် ကွယ်ပြီးဖြစ်၍ ကျွန်ပိုင်ရှင်များ၏ ဘာသာအယူသို့ ကူးပြောင်းပြီးဖြစ်သွားခဲ့သည်။ ၁၈၄၅ မှ ၁၉၁၇ အတွင်း ဂျမေးကားလ်သို့ ရောက်ရှိလာသော အိန္ဒိယမှ အလုပ်ငှားအဖြစ် ရောက်ရှိလာသော လူဦးရေ ၃၇၀ဝ၀ ၏ ၁၆ ရာနှုန်းသည် မူဆလင်များ ဖြစ်ခဲ့သည်။ ၁၉၁၅ တွင် ဂျမေးကားလ်သို့ ရောက်ရှိလာသော အသက် ၁၅ နှစ် အရွယ် မုဟမ္မဒ် ခန်းသည် ၁၉၅၇ ခုနှစ်တွင် စပင်းနစ် မြို့၌ မစ္စဂျေဒေ့ အရ်ဟာမန် (ကရုဏာ ဝတ်ကျောင်းတော်) ကို တည်ဆောက်ခဲ့သည်။ အလားတူပင် မုဟမ္မဒ် ဂူလာ့ဗ်က ဝက်စ်မိုလန်တွင် မစ္စဂျေဒေ့ ဟူစိန် (ဟူစိန်မည် သော ဝတ်ကျောင်းတော်) ကို တည်ဆောက်ခဲ့သည်။ သူသည် အသက် ၇ နှစ်အရွယ်၌ သူ့ဖခင်နှင့်အတူ ပြောင်း ရွေ့လာသူ ဖြစ်သည်။ ထို အလုပ်ငှားစာချုပ်ဖြင့် ရောက်ရှိလာသော မူဆလင်များသည် ၁၉၆၀ တွင် ဂျမေးကာလ် တွင် အခြားသော ဝတ်ကျောင်းတော် ၈ ဆောင်ကိုလည်း ပနက်ရိုက်-အုတ်မြစ်ချခဲ့သည်။ ထိုကျွန်းနိုင်ငံတွင် မူဆလင်များအနက် အများဆုံး လူဦးရေမှာ ထို အန္ဒိယမျိုးနွယ်မှ ဖြစ်သည်။

မက္ကစီကိုမှ အစ္စလာမ် သာသနာ


မက္ကစီကိုနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ တောင်ဘက် ပစ္စိဖိတ် သမုဒ္ဒရာနှင့် မက္ကဆီကို ပင် လယ်ကွေ့ (အတ္တလန္တိတ် သမုဒ္ဒရာ) မျက်နှာစာ နှစ်ခုကြားတွင် တည်ရှိသည်။ တောင်ဘက်ပိုင်းတွင် ဂွမ်တီမာလာနှင့် ဘီလီဇီနိုင်ငံတို့နှင့် နယ်နိမိတ် ဆက်စပ်လျှက် ရှိသည်။

၂၀ဝ၈ ခုနှစ် တရားဝင် စာရင်းကောက်ခံမှုအရာ မက္ကစီကိုနိုင်ငံတွင် အစ္စလာမ်သာသနာဝင် လူဦးရေမှာ ၂၅၀ဝ၀ ခန့်ရှိ၍ နိုင်ငံ လူဦးရေ၏ ဝ.ဝ၂ ရာနှုန်းဖြစ်သည်။ မကြာမှီနှစ်များမှ အစ္စလာမ်သာသနာသို့ ကူး ပြောင်းလာသူများမှာ စရင်းတင်လောက်သည့် လူဦးရေ ဖြစ်၍ ၁၅၀ဝ မှ ၃၀ဝ၀ ကြား ရှိခဲ့သည်။

မက္ကဆီကိုရှိ အစ္စလာမ်သာသနာဝင်များ၏ သမိုင်းကြောင်း အတွက် သတင်းအချက် အားနည်းလျှက် ရှိသည်။ သို့သော် လက်ဘနွန်၊ ဆီးရီးယားနှင့် အခြားသော အရှေ့အလယ်ပိုင်းနိုင်ငံများမှရောက်ရှိ လာသည်ဟု အများက လက်ခံထားပေသည်။

ရွေ့ပြောင်းလာသူ အစ္စလာမ်လူဦးရေနှင့် မူရင်းဒေသခံ တိုင်းရင်းသားများမှ အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်လာသူ လူဦးရေမှ ညီတူညီမျှခန့် ရှိပေသည်။ မက္ကဆီကို အစ္စလာမ်မစ် အဖွဲ့အစည်း များ၏ အောက်ခြေသိမ်း စည်းရုံးဆောင်ရွက်မှုများမှာ အရှိန်ရလျှက် ရှိသည်။

ဗြိတိသျှ လူမျိုးမှ အစ္စလာမ် သာသနာသို့ ကူးပြောင်းသက်ဝင်လာသော အိုမာ ဝက်စ်တန် ဦးဆောင် သည့် မက္ကဆီကို အစ္စလာမ့် ယဉ်ကျေးမှု ဗဟိုဌာန (CCIM) သည် မက္ကဆီကို မြောက်ပိုင်းနှင့် အလယ် ပိုင်း မြို့ကြီးပေါင်းများစွာတွင် အားတက်သရော သာသနာပြုလျှက် ရှိသည်။

အစ္စလာမ့်ဗဟုသုတ လေ့လာဆည်းပူးရေးနှင့် ဝတ်ပြုခြင်း ဆင့်ဆိုမှုများကို ဦးတည်သည့် သာသနာပြု အဖွဲ့ကိုလည်း မက္ကဆီကို စီးတီးတွင် တည်ထောင်ထားသည်။ စီစီအိုင်အမ် အပြင်- နူးရ် အာ့ရှ်ကီ ဂျရာ ဟီ ဆူဖီ ဟုခေါ်သည့် အစ္စလာမ့် ဝိပဿနာဌာ တစ်ခုလည်း မက္ကဆီကို စီးတီးတွင် ရှိနေသည်။ ၄င်းကို ရှိုက်ခါ ဖရီယာနှင့် ရှိုက်ခါ အမီနာ ဟူသည့် အမျိုးသမီး နှစ်ဦးမှ ဦးဆောင်သည်။ ထို့ပြင် အခြားသော ဝိပဿနာ အသိုင်းအဝိုင်းငယ် တစ်ခုလည်း ရှိနေသည်။

 မိုရီလို့စ် ပြည်နယ်တွင် အစ္စလာမ့်ဗဟုသုတ များ ဆွေးနွေးရာ၊ လေ့လာရာ၊ ညီလာခံများပြုလုပ်ရာ အစ္စလာမ်ခမ်းမဆောင်ကြီးလည်း ရှိနေသည်။ ၄င်းကို ဒါရ်ရို ဆလာမ်ဟု ခေါ်၍ ဒါရ်ရို ဆလာမ်သည် အိုအေစစ်ဟူသည့် ဟိုတည်လုပ်ငန်းအား လည်ပတ်လျှက် ထိုဟိုတည်မှ မူဆလင် ခရီးသည်များနှင့် အခြားသော မူဆလင် မဟုတ်သူများက အစ္စလာမ်အပေါ် နားလည်မှုရှိလာစေရန် ဟာလာဟ် အားလပ်ရက် အစီအစဉ်များကို ဆောင်ရွက် လျှက် ရှိသည်။

ချီးစ်ပါ့စ်ဒေသ- (မက္ကဆီကို) စပိန်နိုင်ငံ ဂရင်းနာဒါ တွင် အခြေချတည်သော စပင်းနစ် မူရာဘက်တန် အသိုင်းအ၀ိုင်းနှင့် မက္ကဆီကို ချီးစ်ပါ့ အသိုင်းအ၀ိုင်းသည် ခိုင်မာသော ဆက်စပ် ဆက်ဆံမှု ရှိနေသည်။ ချီးစ်ပါ့စ် ပြည်နယ် ခရိုင်မြို့ ဖြစ်သည့် စန် ခရစ်နိုဘော် ၌ ဇက်ပါ့စ်တက်စ်တာ အုံကြွလှုပ်ရှားမှု အပြီး မကြာမှီပင် စပင်းနစ် သာသနာ ပြု မုဟမ္မဒ် နဖီယာ (အမည်ဟောင်း အော်ရီလိုင်ယာနို ပီရစ်)သည် ချီးစ်ပါ့စ် ပြည်နယ်သို့ ရောက်ရှိလာ ၍ သာသနာပြုခဲ့သည်။ သတင်းများအရ မူရင်းဒေသခံ တိုင်းရင်းလူမျိုးများ ဖြစ်သည့် မေယန်နှင့် ဇွတ်ဇေးလ် (Mayans and Tzotzils) လူမျိုးများမှ အစ္စလာမ်သာသနာသို့ အကြီးအကျယ် ကူးပြောင်း သက်ဝင်ခဲ့သည်။ သမ္မတ ဗင့်ဆင့် ဖော့က် က ဇင်ပါ့စ်တက်စ်တာ နှင့် စပိန်နိုင်ငံမှ အစ္စလာမ် ခွဲထွက်ရေး (ETA) တို့ ပတ်သက်ဆက်နွယ်သည်ဟု အသံထွက်ခဲ့ရသည်ထိ ဖြစ်လာခဲ့သည် သို့သော် အစ္စလာမ်သို့ ကူးပြောင်းသူများမှာ နိုင်ငံရေးအား စိတ်ဝင်စားခြင်း မရှိသည်ကို တွေ့ခဲ့ရသည်။

နီဂါရာဂွာ မှ အစ္စလာမ် သာသနာ


နီဂါရာဂွာသည် ကမ္ဘာ့ အနောက်ဘက်ခြမ်း အီကွေတာလိုင်း၏ မြောက်ဘက်၊ မြောက်အမေရိက
တိုက်၏ တောင်ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် ဟွမ်ဒူးရာ့စ်နိုင်ငံ၊ အရှေ့ဘက်တွင် ကယ်
ရေဘီယံ ပင်လယ်၊ တောင်ဘက်တွင် ကို့စ်တာရီဂါနှင့် အနောက်ဘက်တွက် ပစ္စိဖိတ်သမုဒ္ဒရာတို့ ရှိ
သည်။
ဥရောပသားတို့ သတ်မှတ်သော သမိုင်းမတိုင်မှီကာလတွင် နီဂါရာဂွာအား မည်သို့ အမည်ရှိခဲ့သည်ကို
မသိရချေ။ မူလဒေသခံ တိုင်းရင်းလိုမျိုးများသည် မီဆိုအမေရီကန် ( မက္ကဆီကို ဒေသ လူမျိုးများ) နှင့်
အင်ဒီးစ်တောင်တန်းဒေသ ယဉ်ကျေးမှုထွန်းကားရာ အလယ်တွင် နေထိုင်ခဲ့သည်။ ထိုဒေသသည်
အမေရိကတိုက် မက္ကဆီကို ဒေသသားတို့၏ ယဉ်ကျေးမှုနှင့် တောင်အမေရိက မူလလူမျိုးတို့၏ ယဉ်
ကျေးမှု ဆုံရာ ဒေသလည်း ဖြစ်ခဲ့သည်။
အေဒီ ၅ ရာစုလောက်တွင် အယ်လ်ဆာဗေဒိုး အနောက်ပိုင်းမှ ပီပဲလ် လူမျိုးများ နီဂါရာဂွာသို့ ပြောင်း
ရွှေ့နေထိုင်ခဲံသည်။ ၁၅ ရာစု အကုန်တွင် နီဂါရာဂွာ၏ အနောက်ဘက်ပိုင်းသည် အမေရိက-မက္ကီကို
လူမျိုးတို့၏ ယဉ်ကျေားမှု လွှမ်းမိုးသည့် များစွာသော တိုင်းရင်းမျိုးနွယ်များ စုဝေး နေထိုင်ရာ ဒေသ
ဖြစ်ခဲ့သည်။
စစ်ပွဲပေါင်း များစွာ ဖြစ်ပွားပြီးနောက် စပိန်တို့သည် ၁၅၂၉ ခုနှစ်တွင် နီဂါရာဂွာ အား အပြီးသတ်
အောင်နိုင်ခဲ့သည်။ ထိုမှစ၍ နှစ်ပေါင်း ၃၀၀ ခန့် စပိန်တို့က အုပ်ချုပ်ခဲ့သည်။
၁၈၉၉ ခုနှစ်တွင် နီဂါရာဂွာအား ဖြတ်၍ ကမ္ဘာ့အရှေ့နောက် ရေကြောင်းဆက်သွယ်ရေး အတွက်
တူးမြောင်းဖေါက်လုပ်ရန် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများစွာက ဆုံးဖြတ်ခဲ့သည်။ သို့
သော် အမေရိကန် ကွန်ကရက်မှ ထိုအစီအစဉ်အား ပါယ်ချခဲ့သည်။ ထို့နောက်ပိုင်းတွင် ပနာမား တူး
မြောင်းကို ဖေါက်လုပ်ခဲ့သည်။
၁၉၀၉ မှ ၁၉၃၃ ထိ အမေရိကန်၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ ၁၉၃၆ မှ ၁၉၇၉ ထိ (၄၃)
နှစ်ကြာ ဆိုမိုဇာ မိသားစုမှ အုပ်ချုပ်ခဲ့သည်။ ၁၉၄၁ ခု သြဂုတ်လ ၈ ရက်နေ့တွင် နီဂါရာဂွာသည် ဒုတိ
ယ ကမ္ဘာစစ်အတွင် ဂျာမဏီနိုင်ငံအား စစ်ကြေငြာခဲ့သည်။ စစ်သားများ ပို့လွှတ် စစ်တိုက်စေခြင်း မရှိ
ခဲ့ချေ။ သို့သော် နီဂါရာဂွာမှ ဂျာမဏီများပိုင် လုပ်ငန်းများကို သိမ်းပိုက်လိုက်သည်။
ပြည်တွင်းစစ်များ၊ ပြည်တွင်း တော်လှန်ပုန်ကန်မှုများနှင့် ရှုပ်ထွေးနေခဲ့လျှက် ၁၉၉၀ တွင် ပါတီစုံ ရွေး
ကောက်ပွဲကို ပြုလုပ်နိုင်ခဲ့သည်။
၂၀၀၇ ခုနှစ် အမေရိကန် စတိတ် ဒပါ့တ်မင့်မှ ထုတ်ပြန်သည့် လူဦးရေ စာရင်းအရာ နီဂါရာဂွာတွင်
အစ္စလာမ် သာသနာဝင် ၁၂၀၀ မှ ၁၅၀၀ ကြားရှိသည်။ အများစုမှာ အရှေ့အလယ်ပိုင်း ဒေသ ပါလက်
စတိုင်း၊ လက်ဗျားနှင့် အီရန်တို့မှ ပြောင်းရွှေ့လာသူများနှင့် ဆင်းသက်လာသည့် မျိုးနွယ် ဖြစ်သည်။
ရှီယာ မူဆလင်လည်း အနည်းငယ် ရှိသည်။ နီဂါရာဂွာသို့ အာရဗ်များ စတင် အခြေချခဲ့သည် ၁၈၀၀
ခုနှစ်ဖြစ်၍ နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ ၁၉၆၀ ခန့်တွင် ဒုတိယ အကြိမ်ပြောင်းရွှေ့လာသော
အာရဗ်များမှာ ပိုမို ပညာတတ်များ ဖြစ်ခဲ့သည်။သို့သော် သူတို့သည် ၁၉၇၂ ခုနှစ် နီဂါရာဂွာ ငလျှင်
ဘေးဒဏ်နှင့် ၁၉၇၉ ခုနှစ် ကွန်မြူနစ်ပါတီတော်လှန်ရေး ဒဏ်ကို အကြီးအကျယ်ခံလိုက်ရသူများ ဖြစ်
သည်။ ကွန်မြူနစ်တော်လှန်ရေး ကာလတွင် မူဆလင်အများစုမှာ မြောက်အမေရိကနိုင်ငံများနှင့် မူလ
ဒေသ ပါလက်စတိုင်းသို့ ပြန်လည် ပြောင်းရွေ့သွားကြလေသည်။ ၁၉၉၀ နောက်ဆုံး အုပ်စု ၀င်ရောက်
လာ၍ သူတို့မှာ ယခင်လူများထက် ဘာသာရေး အသွေးအရောင် ပိုမိုသူများ ဖြစ်ခဲ့သည်။
နီဂါရာဂွာ အစ္စလာမ် ယဉ်ကျေးမှု အစည်းအရုံး ဥက္ကဌဖြစ်သော ဖာမီ ဟာဆန်က- ပြောင်းရွေ့လာသော
အာရဗ်မျိုးနွယ် များအပြင် မူလတိုင်းရင်းဒေသ သားတို့မှ အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်လာသူများ
လည်း ရှိနေသည်ဟု ဆိုသည်။ ရှီယာမူဆလင်များ ဦးဆောင်သော နီဂါရာဂွာ အစ္စလာမ်မစ် စင်တာ
သည် အစ္စလာမ့် ဗဟုသုတ ဖြန့်ချီရေးနှင့် အစ္စလာမ်သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိ
သည်။
၂၀၀၈ ခုနှစ်တွင် ရွေးကောက်ခံရ၍ သမ္မတ ဖြစ်လာသော ဒင်နီရယ် အော်တီဂါ၏ အီရန်နိုင်ငံနှင့် နီး
ကပ်စွာ ဆက်ဆံရေး မူအား အမေရိကန်ပြည်ထောင်စုမှ ပြင်းထန်စွာ သတိပေးလျှက် ရှိနေသည်။

ပနားမားမှ အစ္စလာမ် သာသနာ


အမေရိကန်တိုက် အလယ်ပိုင်းနိုင်ငံ ဖြစ်၍၊ အီကွေတာ၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ မြောက် ဘက်တွင် ကို့စ်တာရီကာနှင့် တောင်ဘက်တွင် ကိုလံဘီယာနိုင်ငံတို့ ထိစပ်လျှက်ရှိသည်။

ကမ္ဘာ့ အရှေ့ နောက် အာတိတ်- ပစ္စိဖိတ် သမုဒ္ဒရာကြီးနှစ်ခုအား ပေါင်းဆက်ပေးထားသည့် တူးမြောင်းကြီး ရှိနေ သောကြောင့် ပနားမားမှာ ထင်ရှားသော နိုင်ငံ ဖြစ်သည်။ ပနားမားနိုင်ငံ အစေဦးဆုံး အခြေချခဲ့သူများမှာ ကျူဘာ့စ်နှင့် ကိုလီ လူမျိုးစုတို့ ဖြစ်သည်။ သို့သော် ၎င်းတို့မှာ- ဘေးရောဂါကပ်ကျရောက်ခြင်း၊ စပိန်များ ရောက်ရှိချိန် ၁၅၀၀ ခုနှစ်များတွင် တိုက်ခိုက် ခံရခြင်းများကြောင့် အကြီးအကျယ် ပျက်စီးတိမ်ကောခဲ့ရသည်။

  ဥရောပသားများ မရောက်မှီ နှစ် ထောင်ပေါင်းများ ကတည်းက ပနားမားတွင် အခြေချနေထိုင်သူများ ရှိခဲ့သည်။ အဓိက လူမျိုးများမှာ ချစ်ဘ်ချန်၊ ချိုခိုဟင်နှင့် ချူယာတို့ ဖြစ်၍၊ ချူယာ လူမျိုးမှာ လူများစု ဖြစ် သည်။ ဥရောပသားများ မရောက်မှီ မူလတိုင်းရင်း လူဦးရေ ၂ သန်းခန့်ရှိခဲ့သည်ဟု သမိုင်းပညာရှင်များ ကဆိုကြသည်။

ဗင်နီဇွဲလားမှ တစ်ဆင့် ရေကြောင်းခရီးဖြင့် ရိုဒီဂို ဒီ ဘာ့တစ်တာ သည် ပနားမားသို့ ၁၅၀၁ ခုနှစ်တွင် ရွှေရှာရန် ရောက်ရှိလာခဲ့သည်။ ၁၅၁၃ ခုနှစ်တွင် ပနားမား ကုန်းဆက်တန်းသည် ကမ္ဘာ့အရှေ့ အနောက်သို့ သွားရန် ရေကြောင်းခရီးအတွက် ဖြတ်ကျော်ရသည်မှာ အနီးဆုံးကုန်းလမ်း အဖြစ် အရေး ကြီးလာခဲ့သည်။
ပနားမားသည် ၁၅၃၈ မှ ၁၈၂၁ ထိ နှစ်ပေါင်း ၃၀၀ ခန့် စပိန်ကိုလိုနီ ဖြစ်ခဲ့ရသည်။
ပနားမားရှိ ရှေးဦး ပထမ မူဆလင်များမှာ ၁၅၅၂ ခုနှစ်တွင် ရွှေမိုင်းတူးရန် စပိန်တို့ ဖမ်းဆီးခေါ်ဆောင် လာသော အာဖရိကတိုက်ရှိ မန်ဒင်ကာ လူမျိုးစုမှ ဖြစ်သည်။ ၎င်းတို့ လူဦးရေး ငါးရာခန့်အား ဖမ်းဆီး သယ်ဆောင်ခဲ့ရာ အတ္တလန်တိတ် ကမ်းရိုးတန်း၌ သင်္ဘောမြုပ်၍ လွတ်မြောက်သွားခဲ့သည်။ သူတို့သည် ကိုလိုနီများအား ဆန့်ကျင် တိုက်ခိုက်သည့် တိုက်ပွဲ၌ ဗိန်နို ဆိုသည့် သူအား ခေါင်းဆောင် အဖြစ် ရွေးကောက်ခဲ့ကြသည်။ သူတို့သည် အစ္စလာမ်ကောင်စီများ၊ ၀တ်ကျော်ငေးတ်ာများကို ဒါရိမ်းန်၊ စန်မီ ဂေါ၊ စန်ဘောစ် နှင့် ဘေယာနို မြစ်ကမ်း တစ် လျှောက်၌ တည်ဆောက်ခဲ့ကြသည်။ ထို ဘေယာနိုတို့ သည် ပနားမားအား ကိုလိုနီပြု အုပ်ချုပ် သည့် အစိုးရနှင့် စစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် ဗိုလ်ချုပ် ပီဒရိုဒီ အာစွာက သူတို့၏ ပြောက်ကျား ခေါင်းဆောင် အား လက်ရဖမ်းနိုင်ခဲ့ပြီး၊ သူ့အား ပီရူးသို့၊ ထို့နောက် စပိန်သို့ ပို့ခဲ့သည်။
စပိန်တွင်ပင် ပြောက်ကျားခေါင်းဆောင် သေဆုံးခဲ့ရသည်။ ထို့ နောက်တွက် ဘေယာနို မူဆလင်တို့နှင့် ချုပ်ဆိုသော စာချုပ်အားလုံးကို ဖျက်သိမ်းခဲ့ သည်။ ထိုမှ စ၍ ပနားမားတွင် မူဆလင်တို့၏ သမိုင်းမှာ ချုပ်ငြိမ်းသွားခဲ့ရပြီး များစွာသော သမိုင်းများကလည်း ဘေယာနို အစ္စလာမ်များ သမိုင်းကို အကြီးအကျယ် ချန်လှပ်ထားခဲ့သည်။
ဒုတိယမြောက် ရောက်ရှိလာသော မူဆလင်များမှာ အိန္ဒိယတိုက်ငယ်နှင့် လက်ဘနွန်မှ လူလွတ်များ ဖြစ်၍။ ၁၉၀၄ နှင် ၁၉၁၃ တွင် ရောက်ရှိလာသူများ ဖြစ်ကာ ဒေသခံ အမျိုးသမီးများနှင့် အိမ်ထောင်ပြု ခဲ့ကြသည်။
၁၉၂၉ ခုနှစ်တွင် အိန္ဒိယ ဘုံဘေမှ အခြား မူဆလင်အုပ်စု ရောက်ခဲ့ပြန်သည်။ ၎င်းတို့က ဆွန္နီ အင်ဒို-ပါကစ္စတန်နီ ဆိုဆိုက်တီဟူ၍  ၁၉၂၉ မှ ၁၉၄၈ ထိ လည်ပတ်ခဲ့၍- နောက်ပိုင်းတွင် ပနားမား မူဆလင် မက်ရှင်းဟု အမည် ပြောင်းခဲ့သည်။ ပနားမားစီးတီး၌ ၀တ်ကျောင်းတော် တစ်ဆောင်အား တည်ဆောက်ခဲ့သည်။
ထိုတစ်ဝက်ခန့်သာ ဆောက်လုပ်ပြီးစီးသော ၀တ်ကျောင်းတော်တွင် အီးဒ် ဆွလာ့သ် ၀တ်ပြုများနှင့် မူဆလင် သစ်များအတွက် စာသင်ခန်းများ ဖြစ်ခဲ့သည်။ ထို့ပြင် ဂျမေးလ်ကားလ် လူမျိုး ဘစ်ဇယ် အော့စ်ကွမ် ဦးဆောင် သော ကိုလွန်မြို့မှ မူဆလင်များက ဘရော့ဒ်ဝေး ၆ လမ်းတွင် ၀တ်ပြုရန် နေရာ ငှားရမ်း အသုံးပြုခဲ့သည်။
၁၉၃၂ ခုနှစ်တွင် အခြားသော အုပ်စု ဖြစ်သည့်  ဆန်မီဂေါလ်နှင့် ပနားမာ စီးတီး ကလီဒိုနီးယား မူဆလင်များ သည် လမ်းတို လမ်း၌ အခြေချလျှက် စည်းဝေးပွဲများနှင့် ဆွလားသ်ဝတ်ပြုမှုများကို ပြုလုပ်ခဲ့သည်။
၁၉၇၀ နှစ်များမှ စ၍ ပနားမား လူလတိုင်းရင်းသား များ ဖြစ်သည့် အဗ္ဗဒူလ် ၀ဟာ့ဗ် ဂွန်ဆွန်နှင့် ဆူလေမန် ဂျွန်ဆွန်တို့သည် ပနားမားစီးတီးနှင့် ကိုလွန်တို့တွင် သာသနာပြု လုပ်ငန်းများကို စတင်ခဲ့ သည်။ ယခုအခါတွင် ပနားမား၌ အစ္စလာမ့် ၀တ်ကျောင်းတော် လေး ဆောင်ရှိတည်ရှိပေသည်။

ပေါ်တိုရီကို မှ အစ္စလာမ် သာသနာ


ပေါ်တိုရီကို ကျွန်းနိုင်ငံသည် ဟေတီကျွန်းမကြီး၏ အရှေ့တောင်ပိုင်းတွင် တည်ရှိ၍ မြောက်အမေရိကအုပ်စုဝင် နိုင်ငံဖြစ်သည်။

၂၀ဝ၄ ခုနှစ် တရားဝင် စာရင်းကောက်ယူမှုအရ ပေါ်တိုရီကိုတွင် အစ္စလာမ်သာသနာဝင် ခန့်မှန်းခြေ ၅၀၉၁ ဦးရှိ၍ နိုင်ငံ လူဦးရေ၏ ဝး၁၃ ရာနှုန်း ဖြစ်သည်။ အများစုမှာ ၁၉၅၈ နှင့် ၁၉၆၂ ခုတွင် ရောက်ရှိလာသော ပါလက်စတိုင်းမျိုးနွယ်များမှ ဖြစ်သည်။ ပေါ်တိုရီကိုမှာ မူဆလင်အများစုသည် ရီယို ရိတ်ဒရာ့စ် ရှိ ဆန့်ဂျုံး အရပ် တွင် အနေများ၍ စားသောက်ဆိုင်များ၊ ကျောက်မျက်ရတနာဆိုင်များနှင့် အဝတ်အထည်ဆိုင် လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ဆိုင်ရှေ့ ဝတ်ကျောင်းတော် ဖြစ်သည့် ဆယ်လီ ပရ်ဒီ ကော်လွန် တွင် နှစ်ပေါင်းများစွာ ဝတ် ပြုခဲ့၍-ယခုအချိန်တွင်  ဝတ်ကျောင်းတော်များစွာ ရှိနေပြီ ဖြစ်သည်။

အဂွာဒီလာတွင် အစ္စလာမ် ဗဟိုဌာနနှင့် ဝတ်ကျောင်းတော်များ၊ ဆန်ဂျုံး၊ ဟက်တီလို၊ ပွန်း၊ အာရီစီဘိုနှင့် ရီယို ပရီဒရာ့စ်တွင် ဝတ်ကျောင်းတော်များ ရှိနေသည်။ အမေရိကတိုက် မြောက်ပိုင်း အစ္စလာမ် အစည်းအရုံး (ဗဗြဗြ) ၏ ရုံးခွဲသည်လည်း ကေယီ မြို့တွင် တည်ရှိသည်။ ပေါ်တိုရီကိုမှ မူလဒေသခံတိုင်းရင်းသား အ မြောက်အများမှာ အစ္စလမ် သာသနာသို့ ပိုမို စိတ်ဝင်တစား ရှိနေသည်။

ဆူရီနင် မှ အစ္စလာမ် သာသနာ


ဆူရီနင် နိုင်ငံသည် တောင်အမေရိကတိုက်ဝင်နိုင်ငံဖြစ်၍၊ ပြင်သစ်ဂိုင်ယာနာ၊ ဂိုင်ယာနာ၊ ဘရာဇီးလ် တို့နှင့် ထိစပ်နေ၍ မြောက်ပိုင်းတွင် အတ္တလန်တိတ် သမုဒ္ဒရာ တည်ရှိသည်။
မကြာသေးမှီမှ စာရင်းကောက်ခံမှု အရ ဆူရီနင် နိုင်ငံတွင် အစ္စလာမ် သာသနာ လူဦးရေမှာ နိုင်ငံလူဦးရေ၏ ၂၅ ရာနှုန်း ဖြစ်သည်။ သို့သော် နိုင်ငံ၏ စာရင်းနှင့် Wiki တို့တွင် ၁၃ ရာနှုန်းဟုသာ ဖေါ်ပြထားသည်ကို တွေ့ရသည်။ အမေရိကတိုက်တွင် မူဆလင် ရာနှုန်း အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
ဆူရီနင်သို့ မူဆလင်များ စတင်ရောက်ရှိသည်မှာ အာဖရိကမှ ဖမ်းဆီးခေါ်ဆောင်လာသော ကျေးကျွန်များ ဖြစ်သည်။ သို့သော် သူတို့အား အတင်းအဓမ္မသာသနာ ပြောင်းခံလိုက်ရသဖြင့် ခရစ်ယာန်သို့ ကူးပြောင်းခဲ့ရ သည်။ ဒုတိယ အသုတ်အနေဖြင့် အိန္ဒိယနှင့် အင်းဒိုနီးရှားတို့မှ ရောက်ရှိလာ၍၊ ယခုခေတ် မူဆလင်များမှာ ၎င်း တို့မှဆင်းသက်လာသူများ ဖြစ်ကြသည်။ ထိုမူဆလင်တို့အား အင်ဒိုနီးရှားနှင့် ပါကစ္စတန်တို့မှ ယဉ်ကျေးမှုလွှမ်းမိုးလျှက် ရှိပြီး သူတို့သည် မိဘရိုးရာ ဘာသာစကားဖြစ်သော အင်ဒိုနီးရှား စကားနှင့် ပါကစ္စတန် စကားများကို ပြောဆိုကြသည်။ မူဆလင် အားလုံး နီးပါးမှာ ဆွန္နီမူဆလင်များ ဖြစ်ကြသည်။

ဗင်နီဇွဲလား မှ အစ္စလာမ် သာသနာ


ဗင်နီဇွဲလား နိုင်ငံသည် တောင်အမေရိကတိုက်၏ မြောက်ဘက်ထိပ်ဆုံး နိုင်ငံများတွင် ပါဝင်၍၊ ကယ်ရေဘီယံ ပင်လယ်၊ ဂိုင်ယာနာ၊ ဘရာဇီးလ်နှင့် ကိုလံဘီယာနိုင်ငံတို့ ထိစပ်လျှက်ရှိသည်။ အီကွေတာနှင့် နီးစပ်သော နိုင်ငံ ဖြစ်၍ အပူပိုင်းဒေသတွင် ကျရောက်သည်။

ကမ္ဘာ့ရေနံချမ်းသာသော နိုင်ငံများစာရင်းတွင် ပါဝင်သော နိုင်ငံ ဖြစ် သည်။ ဗင်နီဇွဲလားတွင် လူသားများ အခြေချနေထိုင်ခံသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ (သမ္မာကျမ်းစာ အရ အာဒံ ပေါ်သည့် နှစ်ထက် ၉၀၀၀ စော၍) နေထိုင်ခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံ အနောက်ပိုင်း ရီယို ပက်ဒရီကယ် အရပ်မှ ရှေးဟောင်းသုတေသန ထူးဖေါ်ရရှိချက်များအရ သိရပေသည်။

ဗင်နီဇွဲလားအား ၁၅၂၂ ခုနှစ်တွင် ဥရောပသား စပိန်တို့ ၀င်ရောက် သိမ်းပိုက်ခဲ့၍ နှစ်ပေါင်း ၃၀၀ နီးပါး ကိုလိုနီ ဖြစ်ခဲ့ရသည်။ ဗင်နီဇွဲလား နိုင်ငံတွင် အစ္စလာမ် သာသနာ လူဦးရေမှာ ၁၀၀၀၀၀ (တစ်သိန်း) ခန့်ရှိ၍၊ တိုင်းပြည် လူဦးရေ၏ ၀.၄ ရာနှုန်း ဖြစ်သည်။ များသောအားဖြင့် အာရဗ်နှင့် တာကက်ခ်ျမျိုးနွယ်များမှဆင်းသက်လာသူများ ဖြစ်သည်။ မြို့တော် ကာရာကာ့စ်တွင် မူဆလင် လူဦးရေ ၁၅၀၀၀ ခန့်ရှိသည်။ ရှိတ်ခ် အီဗရာဟီးမ် အလ် အီဗရာဟီးမ် ၀တ် ကျောင်းတော်မှာ လက်တင်အမေရိက၌ အကြီးဆုံး ဖြစ်သည်။

အခြားထင်ရှားသည့် အစ္စလာမ့် ၀တ်ကျောင်း တော်များနှင့် အဖွဲ့အစည်းများမှာ အီလာ မာဂါရီတာ-ကာရီဘီ ကွန်မြူနီတီ အစ္စလာမ် အသင်း ဗင်နီဇွဲလား၊ ဗင်နီဇွဲလား အစ္စလာမ် ဗဟိုစင်တာ၊ မာရာကိုင်ဘိုမှ အလ်ရောင်ဒါ ၀တ်ကျောင်းတော်။ ဗဲလ်လင်စီယားမှ ကျက် သရေဆောင် ဂျေရုဆလင် ၀တ်ကျောင်းတော် အသင်း၊  ဗာဂါစ်မှ အစ္စလာမ်မစ် စင်တာ ၀တ်ကျောင်းတော်၊ ဘို လီဘာမှ အစ္စလာမ့် ကရုဏာ ၀တ်ကျောင်းတော် တို့ ဖြစ်၍၊ ၂၀၀၈ ခုနှစ်တွင် အခြားသော ၀တ်ကျောင်းတော် တစ်ခုကို ဖန်တို ဖီဂျိုတွင် တည်ဆောက်ခဲ့ပေသည်။

 မာဂါရီတာ ကျွန်းသည် အထူသဖြင့် မူဆလင်အများစု နေထိုင်ရာ ဒေသဖြစ်၍၊ အလ်ဂျဇီးရား ရုပ်မြင်သံကြား အစီအစဉ်နှင့် အခြားသော အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ရုပ်မြင်သံကြား အစီအစဉ်လိုင်းများကို ဒေသခံ ရုပ်မြင် သံကြားလိုင်းများ၌ တပ်ဆင်ပေးထားပေသည်။ အရောင်းဆိုင်မှ အရောင်းစာရေးမလေးများမှာ ဟီဂျတ်ခေါ် အာရဗ်အစ္စလာမ် ယဉ်ကျေးမှု ၀တ်ရုံများကို ၀တ်ဆင်ထားပြီး ဈေးဆိုင် အများစုမှ အရောင်းစားပွဲများတွင် ကျမ်းမြတ် ကုရ်အံမှ ဒေသနာတော်များကို ဖေါ်ပြထားပေသည်။ ထိုမူဆလင်များမှာ အရောင်းဆိုင်များ၊ စီးပွား ရေး လုပ်ငန်းကြီးများ၊ ဘဏ်လုပ်ငန်းနှင့် ခရီးသွား အေဂျင်စီ လုပ်ငန်းများကို လုပ်ကိုင်ကြသည်။

 ကိုယ်တော် မုဟမ္မဒ်၏ ပုံဟု ကာတွန်းဆွဲသည်ကို မကျေနပ်၍-၂၀၀၆ ခု ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင် မြို့တော် ကာရာကာ့စ်သို့ မူဆလင် လူဦးရေး ၂၀၀ ခန့်ချီတက်ကာ ဒိန်းမတ် အလံနှင့် အမေရိကန် အလံများကို မီးရှို့ဆန္ဒ ပြခဲ့ကြသည်။ ထိုနှစ် ဂျူလိုင်လ ၂၀ ရက်နေ့တွင် လက်ဘနွန်အား ကျူးကျော်တိုက်ခိုက်သည်ကို မကျေနပ်၍ ဗင် နီဇွဲလား မူဆလင် ဒါဇင်ပေါင်းများစွာက ကာရာကာ့စ်ရှိ အစ္စရေးလ်သံရုံးသို့ သွားရောက် ဆန္ဒပြခဲ့ကြသည်။

ဥရောပ မှ အစ္စလာမ် သာသနာ



မြောက်အမေရိကတိုက် မှ အစ္စလာမ် သာသနာ




တောင်အမေရိကတိုက် မှ အစ္စလာမ် သာသနာ



ရုရှား မှ အစ္စလာမ် သာသနာ



တရုတ် မှ အစ္စလာမ် သာသနာ



Wiki မှ မှီငြမ်းပြန်ဆိုသည်။(ဦးဌေးလွင်ဦး) www.islammyanmar.com

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | coupon codes