Bookmark and Share  

အစ္စလာမ် ငြိမ်းချမ်းရေးသာသနာ

အစ္စလာမ်ဟူသည် ငြိမ်းချမ်းခြင်း အမိန့်နာခံခြင်းဟု အဓိပ္ပာယ်ရသည်။နိစ္စထာဝရတည်ရှိတော်မူသော တစ်ဆူတည်းတစ်ပါးတည်း ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် နောက်ဆုံးတမန်တော် မုဟမ္မဒ်သခင်၏ စံနမူနာများကို နာခံကျင့်သုံးခြင်းဖြင့် ငြိမ်းချမ်းမှု ရရှိခြင်းဖြစ်သည်။အစ္စလာမ်သည် ပြီးပြည့်စုံသော ဘာသာသာသနာ အယူဝါဒလမ်းစဉ်ဖြစ်သည်။ လူ့ဘဝ တည်ဆောက်ရေး လမ်းညွှန်ဖြစ်သည်။ သာသနာဟူသည်အဆုံးအမဖြစ်သည်။တမန်တော်မြတ်၏ဩဝါဒတော်တစ်ရပ်တွင်ဒီန်သာသနာဟူသည်အဆုံးအမဖြစ်သည်ဟုလာရှိသည်။
အစ္စလာမ်သည် ကမ္ဘာတည်စကတည်းကရှိသောကမ္ဘာဦးဘာသာဖြစ်သည်။ ကမ္ဘာဦးဖခင်အာဒမ်၊ မိခင်ဟာဝါနှင့်တကွလူမျိုးအသီးသီးဒေသ
အသီးသီး၊ ခေတ်အသီးသီးတွင် ပေါ်ထွန်းခဲ့သမျှသော နဗီရစူလ်အပေါင်းနှင့် အမြင့်မြတ်ဆုံးပွင့်တော်မူခဲ့သည့်နောက်ဆုံးနဗီတမန်တော်မုဟမ္မဒ်သခင် ကိုယ်တော်မြတ်တို့ လိုက်နာကျင့်သုံး ဟောကြားသွန်သင်သော ဒီန်သာသနာတော်သည် အစ္စလာမ်ဖြစ်သည်။မွတ်စလင်မ်ဟူသည် ငြိမ်းချမ်းသူ၊ အမိန့်နာခံသူဟု အဓိပ္ပာယ်ရသည်။အစ္စလာမ်တည်းဟူသော ငြိမ်းချမ်းရေးလမ်းစဉ်ကို နာခံကျင့်သုံးသူဖြစ်သည်။

မွတ်စလင်မ်သည် လူမျိုးကို ရည်ညွှန်းသော အမည်မဟုတ်။ အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူ လူတိုင်းကို မွတ်စလင်မ်ဟုခေါ်သည်။ အလ္လာဟ်အရှင်မြတ်မှတစ်ပါးအခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိ။တမန်တော်မြတ်မုဟမ္မဒ်သခင်သည်အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူ
သောနောက်ဆုံးတမန်တော်ဖြစ်သည်ဟူသော သန့်စင်သော စကားတော်အဓိဌာန်ကိုြွခင်းချက်မရှိ သက်ဝင်ယုံကြည်လိုက်နာကျင့်သုံးသူကို မွတ်စလင်မ်ဟုခေါ်သည်။
အစ္စလာမ်သည်စကြဝဠာတစ်ခုလုံးနှင့်သက်ဆိုင်သည်။လူသားအားလုံးနှင့်သက်ဆိုင်သည်။ကျမ်းတော်မြတ်ကုရ်အာန်အရရှင်းပြပါမည်။
အလ္လာဟ်အရှင်မြတ်သည် စကြဝဠာလောကခပ်သိမ်းကို ပြုစုပျိုးထောင်တော်မူသောအရှင်ဖြစ်သည်။ (ကုရ်အာန် အဖွင့်ကဏ္ဍ၊ ၁း၂)
အလ္လာဟ်အရှင်မြတ်သည် ပုဂ္ဂိုလ်၊ သတ္တဝါ၊ လူ၊ နတ်၊ ဗြဟ္မာမဟုတ်၊ဖြစ်ပျက် အနိစ္စသင်္ခါရဓမ္မတို့နှင့် ကင်းတော်မူသော အရှင်ဖြစ်သည်။ အိုခြင်း၊နာခြင်း၊ သေခြင်း ကင်းတော်မူသောအရှင်ဖြစ်သည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊မရဏတို့နှင့် လားလားမှ မအပ်စပ်သောအရှင်ဖြစ်သည်။ ရုပ်၊ နာမ်၊ ဓမ္မ၊သင်္ခါရတို့ကိုဖြစ်ပေါ်ထင်ရှားစေတော်မူသောစကြဝဠာအနန္တကိုလွှမ်းမိုးသက်ရောက်နေသည့်သဘာဝနိယာမတို့ကိုပြဌာန်းတော်မူသောအကြောင်း
တရား အားလုံးတို့၏ ပထမဦးဆုံး အကြောင်းတရားကိုအစပျိုးစေတော်မူသော အရှင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်တစ်ဆူတည်း တစ်ပါးတည်း တည်ရှိ တော်မူသည်။တမန်တော် မုဟမ္မဒ်သခင်သည် လောကခပ်သိမ်းအတွက် ကရုဏာတော်ရှင်အဖြစ် ပွင့်ပေါ်လာသည်။
(ကုရ်အာန် နဗီတမန်တော်များကဏ္ဍ၊ ၂၁း၁၀၇)
တမန်တော်မြတ် မုဟမ္မဒ်သခင်သည်အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသောနောက်ဆုံးတမန်တော်ဖြစ်သည်။ မုဟမ္မဒ်ဟူသောအမည်၏အဓိပ္ပာယ်မှာချီးမွမ်းခြင်းခံထိုက်သူဟူ၍ဖြစ်သည်။ထို့ကြောင့်ပညတ်ရာဓါတ်ပါဆိုသကဲ့သို့တမန်တော်မြတ်မုဟမ္မဒ်သခင်
သည်ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့နှင့်ထူးခြားဝေဆာ၍အခါမလပ်၊မေတ္တာပိုအပ်သောလူသားတို့၏အချစ်တော်ဖြစ်သည်။
သန်းပေါင်းများစွာသောလူတို့၏မေတ္တာပို့သခြင်းခံရသောထူးခြားသည့် ဂုဏ်ရည်တော်ပိုင်ဆိုင်သူ ဖြစ်သည်။တမန်တော် မုဟမ္မဒ်သည် လူ့သမိုင်းတွင် လောကီလောကုတ္တရာ၊ ကိုးကွယ်ယုံကြည်မှုဘက် ပြည်ရေးရွာမှုဘက် နှစ်ဖက်စလုံးတွင် အကြီးမားဆုံး အောင်မြင်မှုရရှိခဲ့သူဖြစ်သည်။ လူသားတို့အပေါ်တွင် နေ့စဉ်နေထိုင်ရေးဘဝလမ်းကြောင်းအပါအဝင် ဩဇာအရှိဆုံး ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်သည်။ ထိုအချက်ကို ခရစ်ယာန်ဘာသာဝင်ဖြစ်သည့် သမိုင်းပညာရှင်မိုက်ကယ်အိပ်ခ်ျဟတ်(MichaelH.HART)က သူရေးသည့်ွှ့The 100; A Ranking of the Most
infulential Persons in History အမည်ရှိစာအုပ်တွင်တမန်တော်မုဟမ္မဒ်သခင်အားအဆင့်အမှတ်တစ်နေရာ၌ထားကာဖော်ပြထားသည်။ထိုစာအုပ်ကို သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်းက "ကျော်စွာ၁၀ဝ" ဟု အမည်ပေးကာ ဘာသာပြန်ပြီးဖြစ် သည်။
(ဒေါက်တာသန်းထွန်း၊(၂၀ဝ၁)၊ မုဟမ္မဒ်(၅၀၇-၆၃၂)။ ကျော်စွာ ၁၀ဝ ပထမ တွဲ၊ ရန်ကုန်၊ အင်ကြင်းဦး။

တမန်တော်မုဟမ္မဒ်သခင်ဦးဆောင်ခဲ့သည့်အာရပ်လူ့အစည်းအရုံးနှင့်ယဉ်ကျေးမှုအကြောင်းကိုစာရေးဆရာကြီးဗန်းမော်တင်အောင်က
သဘာဝသိပ္ပံစာအုပ်တွင်ဤသို့ဖော်ပြခဲ့သည်။ "အစ္စလာမ်ယဉ်ကျေးမှုနှင့်အာရဗ်အင်ပါယာ" ဟူသောခေါင်းစဉ်အောက်တွင်" မိုဟာမက်သည်
မက္ကာဟ်နှင့်မဒီနာမြို့ပြနိုင်ငံနှစ်နိုင်ငံတို့ကို(၇)ရာစုနှစ်များအစပိုင်းလောက်တွင်စတင်သိမ်းသွင်းစုစည်းမိ၏။ရာစုနှစ်ပေါင်းများစွာအစုစုအသင်း
သင်းကွဲကာကျဉ်းကျဉ်းမြောင်းမြောင်းနေထိုင်လျက်ရှိနေခဲ့ကြသောအာရဗ်လူ့အစည်းအရုံးကလေးများကိုသိမ်းသွင်းစုစည်းရသောစည်းရုံးရေး
လုပ်ငန်းသည်သေးငယ်လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ပေ။အလွန်တရာလေးလံခက်ခဲသောလုပ်ငန်းကြီးတစ်ခုဖြစ်၏။မိုဟာမက်သည်သာမန်
စည်းရုံးရေးသမားကြီးတစ်ဦးသာမဟုတ်ပေ။နိုင်ငံရေး၊စစ်ရေးနှင့်ယဉ်ကျေးမှုခေါင်းဆောင်ကြီးတစ်ဦးပါဖြစ်၏။သူသည်နှစ်ပေါင်းအစိတ်သုံးဆယ်
ခန့်မျှအတွင်းအာရေဗျကျွန်းဆွယ်တွင် အစုစု အသင်းသင်းကွဲနေရုံသာမက အယူဝါဒအမျိုးမျိုးကွဲပြားကာ ၄င်းတို့အချင်းချင်းလည်း မကြာမကြာ စစ်မက်တိုက်ခိုက်လျက်ရှိကြသောအာရဗ်လူ့အစည်းအရုံးများအားအစ္စလာမ်ယဉ်ကျေးမှုကိုဦးထိပ်ထားသောအာရဗ်နိုင်ငံတော်အဖြစ်ဖြင့်ထူးထူး
ခြားခြားသိမ်းသွင်းထူထောင်နိုင်ခဲ့ခြင်းဖြစ်၏။မိုဟာမက်ကိုဆက်ခံခဲ့ကြသောအစ္စလာမ်ယဉ်ကျေးမှုနှင့်အာရဗ်လူ့အစည်းအရုံးအကြီးအကဲနှင့်ခေါင်း
ဆောင်များသည်ထိုသို့အာရေဗျနိုင်ငံတော်ထူထောင် ပြီးခဲ့ရုံနှင့် တင်းတိမ်ရပ်တန့်နေခဲ့ကြသူများမဟုတ်ပေ" ဟုဖော်ပြထားသည်။
(ဗန်းမော်တင်အောင်(၁၉၇၄)၊သဘာဝသိပ္ပံ၊ စာ-၁၈၃)

ထို့အပြင် "ခေတ်သစ်ခေတ်ဟောင်းနှင့် အရှေ့အနောက်တို့၏ ပေါင်းကူး" ခေါင်းစဉ်အောက်တွင်-" အာရဗ်လူ့အစည်းအရုံးနှင့် ယဉ်ကျေးမှုသည် ရောမအင်ပါယာအပျက်တွင်အစပျောက်သွားခဲ့သော ခေါမယဉ်ကျေးမှု၏ သဘာဝသိပ္ပံပညာရပ်များနှင့်ခေတ်သစ် သဘာဝသိပ္ပံပညာရပ်များကို အသက်ဆက်ပေးခဲ့သော သို့မဟုတ်ပေါင်းကူးပေးခဲ့သော ဆက်သွယ်ရေးတာဝန်ခံလည်းဖြစ်၏။ ထိုမျှသာလျှင်မဟုတ်သေးပေ။ အာရဗ်လူ့အစည်းအရုံးဝင်များသည် အာရှတိုက်ဖက်ရှိတရုတ်နှင့်အိန္ဒိယလူ့အစည်းအရုံးများ ထူထောင်ခဲ့ကြသော အရပ်ရပ်ယဉ်ကျေးမှုများကိုပါ ဆက်ခံစုဆောင်းခဲ့ကြသူများဖြစ်၏။ ဥရောပလူ့အစည်းအရုံးများတွင် ခေတ်သစ်သဘာဝသိပ္ပံပညာရပ်များ ထူထောင်ရေးနှင့်တိုးချဲ့ရေးများအတွက် အိန္ဒိယနှင့် တရုတ်လူ့အစည်းအရုံးများ၏ အရပ်ရပ်ယဉ်ကျေးမှုများကိုပါ လက်ဆင့်ကမ်းခဲ့ကြသူများလည်း ဖြစ်၏။ ထိုသို့ဆိုလိုက်သည့်အတွက် အာရဗ်လူ့အစည်းအရုံးသည် ခေတ်သစ်နှင့် ရှေးဟောင်းအရှေ့နှင့်အနောက်တို့ကို ဆက်စပ်ပေါင်းကူးပေးခဲ့သူများလောက်သာ ဖြစ်သည်ဟု
မဆိုလိုပေ။နှစ်ပေါင်း၅၀ဝခန့်မျှတန်ခိုးတေဇာကြီးမားခဲ့သောအာရဗ်လူ့အစည်းအရုံးဝင်များသည်ရှေးဟောင်းခေါမနှင့်ခေတ်ပြိုင်အာရှအရပ်ဒေသ
များမှဆက်ခံစုဆောင်းခဲ့သော အသိအလိမ္မာတရားများကို သူတို့စွမ်းပကားနှင့်လည်းသူတို့ဟာသူတို့ တိုးချဲ့ခြင်းပြုခဲ့ ကြ၏ " ဟုဖော်ပြထားသည်။
(ဗန်းမော်တင်အောင်(၁၉၇၄)၊ သဘာဝသိပ္ပံ၊ စာ-၁၈၇)

ထို့အပြင် အာရဗ်လူ့အစည်းအရုံးနှင့်ယဉ်ကျေးမှုခေါင်းစဉ်ငယ်အောက်တွင်လည်း(၆)ရာစုနှစ်များမှ(၁၁)ရာစုနှစ်များအထိတန်ခိုးတေဇာကြီးမားခဲ့
သောအာရဗ် လူ့အစည်းအရုံးနှင့် ယဉ်ကျေးမှုသမိုင်းကာလများအတွင်းအရပ်ရပ်ကုန်ထုတ်လုပ်ငန်းများနှင့်ကုန်သွယ်ရေးလုပ်ငန်းများအတား
အဆီးမရှိဖွံဖြိုးတိုးတက်ခဲ့သဖြင့် သဘာဝ သိပ္ပံပညာရပ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကောင်းမြတ်သော ရေခံမြေခံများ ဖြစ်လာကြ၏။
၎င်းပြင်အာရဗ်များသည်ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားလာရေးများဖက်တွင်လည်းလွန်စွာအားကောင်းခဲ့သူများဖြစ်ကြသည် မဟုတ်သလော။ ဖောက်ကားရောင်းဝယ်ရေးအတွက် သွားလာရင်းဖြစ်စေ၊ ခရီးသွားလာရင်း ဖြစ်စေ၊ အခြားအခြားသောလူ့အစည်းအရုံးနှင့် ယဉ်ကျေးမှုများ အသိအလိမ္မာနှင့် အကြားအမြင်များကောင်းစွာစုဆောင်းနိုင်ခဲ့ကြရာ၏။ ယင်းသို့ဖြင့် အာရဗ်များသည် ခေါမယဉ်ကျေးမှုဆိုင်ရာ သဘာဝသိပ္ပံပညာရပ်များသာမက ပါးရှင်း၊ အိန္ဒိယနှင့် တရုတ်တို့ထံမှလည်း ကောင်းစွာစုဆောင်းဆက်ခံနိုင်ခဲ့ကြရာ၏။ သို့ရာတွင် အာရဗ်များသည်
ဆက်ခံထိန်းသိမ်းရုံမျှလောက်နှင့် တင်းတိမ်ရောင့်ရဲခဲ့ကြသူများ မဟုတ်ပေ။ခေါမယဉ်ကျေးမှုမှ ဆက်ခံရရှိခဲ့ကြသည်ဆိုသော အမွေအနှစ်များကို သူ့ခေတ်နှင့်သူ့အခါအလျောက် တိုးချဲ့ခဲ့ကြသည့်နည်းတူ၎င်းတို့နှင့်ခေတ်ပြိုင်များဖြစ်ကြသောအိန္ဒိယနှင့်တရုတ်လူ့အစည်းအရုံးများမှခရီးသွား
ဟန်လွဲ ရရှိခဲ့ကြသောအရပ်ရပ်ယဉ်ကျေးမှုနှင့်အတွေ့အကြုံများ၊ အသိအလိမ္မာများကိုလည်း ကောင်းစွာတိုးချဲ့ခြင်း ပြုခဲ့ကြ၏။ အိန္ဒိယလူ့အစည်းအရုံးများမှ ရရှိခဲ့ကြသော အက္ခရာသင်္ချာနှင့် ဒဿမဂဏန်းစနစ်များကို အာရဗ်သင်္ချာပညာရှင်ကြီးများသည် ကျယ်ကျယ်
ပြန့်ပြန့်တိုးချဲ့ခြင်းပြုခဲ့ကြသည်မဟုတ်သလော။အလားတူပင်တရုတ်လူ့အစည်းအရုံးမှရရှိခဲ့သည်ဆိုသောသံလိုက်ဓါတ်ကိုလည်းအာရဗ်သင်္ဘော
သားများသည် ရေကြောင်း ကူးသန်းသွားလာရေးအတွက်လမ်းညွှန်အဖြစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ ကြသည်မဟုတ်သလော။ထိုမျှသာ မဟုတ်သေး။စက္ကူနှင့်ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဆိုင်ရာအတတ်ပညာရပ်များကိုလည်းတရုတ်လူ့အစည်းအရုံးမှတင်သွင်းယူငင်လာခဲ့ပြီးနောက် ဥရောပလူ့အစည်းအရုံးများသို့ တင်ပို့ဖြန့်ြ့ဖူးခဲ့ကြသူများမှာအာရဗ်များသာ ဖြစ်ကြသည်ဆို၏။ " ဟူ၍ ဖော်ပြထားသည်ကိုတွေ့ရပါသည်။
(ဗန်းမော်တင်အောင်(၁၉၇၄)၊ သဘာဝသိပ္ပံ၊ စာ-၁၈၉)

ကျမ်းတော်မြတ်ကုရ်အာန်၏ အဆုံးအမနှင့် တမန်တော်မြတ်မုဟမ္မဒ်သခင်၏လမ်းညွှန်များကို နာခံကျင့်သုံးခဲ့သော အာရဗ်လူ့အစည်းအရုံး၏ လူသားအကျိုးပြုဆောင်ရွက်ပုံများမှာဂုဏ်ယူလေးစားဖွယ်ရာဖြစ်ရပါသည်။ကျမ်းမြတ်ကုရ်အာန်အကြောင်းဆက်၍ဆိုရပေဦးမည်။
ကျမ်းမြတ်ကုရ်အာန်သည် လောကခပ်သိမ်းအတွက် အဆုံးအမတော်ဖြစ်သည်။ (ကုရ်အာန် ခွေလိပ်ထားခြင်းကဏ္ဍ၊ ၈၁း၂၇)
ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် ယနေ့တိုင် ကမ္ဘာအရပ်ရပ်ရှိမွတ်စလင်မ်တို့၏ လက်များတွင်လည်းကောင်း၊ကုရ်အာန်ကျမ်းမြတ်ကိုစ၊လယ်၊ဆုံးအာဂုံဆောင်ထားကြသော(ဟာဖစ်)အာဂမရေတို့၏နှလုံးသားများတွင်လည်း
ကောင်း၊ တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင်ကုရ်အာန်ကျမ်းမြတ် အစောင်ပေါင်း၊ အသင်္ချေ၊ အသင်္ချာရှိငြား သော်လည်းတစ်စောင်နှင့်
တစ်စောင် ပုဒ်၊ ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျဉ်းမရှိဘဲ ပကတိအတိုင်း လုံးလုံး လျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။
(မြန်မာ့စွယ်စုံကျမ်း၊ အတွဲ၁၅၊ (၁၉၇၆)။ မောင်လာနာဃာဇီ မိုဟမ္မဒ်ဟာရှင်၊အစ္စလာမ်အယူဝါဒ။ စာ-၃၃၃)

ကုရ်အာန်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ များစွာရွတ်ဖတ်သောကျမ်းဟူ၍ ဖြစ်သည်။ ကုရ်အာန်ကျမ်းကို အစ္စလာမ်ဘာသာဝင်တို့က
အမြဲရွတ်ဖတ်သရဇ္ဈာယ် ခြင်းပြုကြသည်။ ဤသည်ကိုရည်၍ စာပေလေ့လာသူတို့က ယင်းကျမ်းသည် ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံး ဖတ်ရှုသော
ကျမ်းဖြစ်သည်ဟု ဆိုစမှတ်ပြုကြပါသည်။
[မောင်တင် (၁၉၇၄)၊ အာရဗ်စာပေသမိုင်း၊ ကမ္ဘာ့စာပေအညွှန်း၊ (အိန္ဒိယ၊အီရန်၊ အာရဗ်စာပေသမိုင်း)၊ စာ-၉၁၊ ရန်ကုန်၊ စာပေဗိမာန်]
အစ္စလာမ်ဘာသာနှင့် စပ်လျဉ်း၍ ဆရာမောင်ဆုရှင်က ဤသို့ရှုမြင်ပါသည်။" အစ္စလာမ်ဘာသာ၌ ဤအမည်နာမတော်ကပင် နာခံခြင်း
(Submission to God)ဟူသောအဓိပ္ပာယ်ကိုဆောင်သည်ဟုနားလည်ရပါသည်။အရှင်မြတ်၏အမိန့်တော်ကိုနာခံခြင်းဖြစ်ကြောင်းကိုလည်း
သဘောပေါက်ပါသည်။
ထို့အပြင် ဤဘာသာဝင်တို့သည် သဒ္ဓါယုံကြည်မှုရှိအပ်သော စိတ်ထားကိုလည်း ပိုင်ဆိုင်သူများဖြစ်သည်ဟု သဘောပေါက်ရပါသည်။ ထိုမျှမက အစ္စလာမ်ဘာသာဝင်များသည် အချိန်မှန်ဝတ်ပြုဆုတောင်းသူများ၊ လှူဒါန်းပေးကမ်းသူများ၊ဝါဆောင်သူများ၊ ဘုရားဖူးခရီးသွားသူများအဖြစ်လည်း သဘောပေါက်ရပါသည်။ကျွန်တော်တို့အနက် အဓိပ္ပာယ်ဖွင့်ဆိုရလျှင် ဤဘာသာဝင်တို့သည်ပင်လျှင်သာတူညီမျှ ဝါဒကျင့်သုံးသူများ၊ လူသားအချင်းချင်းကို ညီရင်းအစ်ကိုသဖွယ်သဘောထားသူများ၊ အချင်းချင်းကြင်နာသနားတတ်သူများ၊ လောကတွင် အမှန်တရားဟူသည်ကို ယုံကြည်လက်ခံလိုလားသူများ၊ ဘာသာအဆုံးအမနှင့်အညီနေ့စဉ် ကျင့်ကြံအားထုတ်သူများဟူ၍ဆိုလျှင် လွဲမှားစရာအကြောင်းမရှိပါ။
လူ့ယဉ်ကျေးမှုများထွန်းကားမှုရှုထောင့်မှကြည့်လျှင်ဤဘာသာတရားကိုသက်ဝင်ကြည်ညိုမှုမှအကြောင်းပြု၍ပေါ်ပေါက်သောလူ့လောကကောင်း
ကျိုးဆောင်ပညာရပ်များလည်း ဖွံ့ဖြိုးကြွယ်ဝလာခဲ့သည်ကို ကမ္ဘာ့သမိုင်းဖြစ်ရပ်များ၌တွေ့ရပါသည်။ ထိုကောင်းကျိုးဆောင်ပညာရပ်များမှ အနုပညာရပ်များဗိသုကာပညာသဘောများ၊ အခြေခံသိပ္ပံပညာအချက်အလက်များ၊ဒဿနိကအတွေးအခေါ်များ၊ ဆေးဝါးကုသရေးပညာများ၊ နက္ခတ်ပညာရပ်များ၊တရားဥပဒေဆိုင်ရာ အတွေးအခေါ်များ၊ စသည်တို့ဖြစ်ကြပါသည်။
[မောင်ဆုရှင်၊ (၁၉၉၈)၊ အိမ်နီးချင်းကောင်းများ တိုးပွားဖို့၊ ပြည့်အားမာန်မဂ္ဂဇင်း၊ ၃၂-၃၄]

အစ္စလာမ်၏ ကိုယ်ကျင့်တရားအနှစ်ချုပ်
ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် တရားမျှတရန် ကောင်းမှုပြုရန်နှင့်နီးစပ်သူတို့အား ထောက်ပံ့ကူညီရန် အမိန့်ပညတ်တော်မူ၏။ ၄င်းပြင် ထိုအရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ် လူမဆန်မှုများ၊ မကောင်းမှုများနှင့် မတရားကျူးလွန်မှုများမပြုရန် တားမြစ်ထားတော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အားအသိတရားဖြင့် သတိထားနိုင်ကြစေရန် နှိုးဆော်တော်မူလေသည်။ (ကုရ်အာန်ပျားကဏ္ဍ၊ ၁၆း၉၀)
အစ္စလာမ်က ပြဆိုသော လူမှုရေးတရား
လူသည် အစုအဝေး အသိုင်းအဝိုင်းနှင့် ကင်းကွာ၍မရပါ။ မွတ်စလင်မ်တိုင်းသည် မိမိနေထိုင်ရာ ဇာတိ၊ တိုင်းပြည်၊ နိုင်ငံနှင့်လူသားအားလုံးတို့ အမှီပြုရာမြေကမ္ဘာစိုပြေသာယာအောင် ကြိုးပမ်းစွမ်းဆောင်ရန် တာဝန်ရှိသည်။
ထိုအသိတရားကို "အစ္စလာမ်" က ဆုံးမပြီးဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင် ဤသို့ မိန့်ဆိုထားသည်။
အလ္လာဟ်အရှင်မြတ်သည် လောကအလှဆင်သူ၊ ကောင်းကျိုးပြုသူ၊ကုသိုလ် တရားပွားများသူများကို နှစ်သက်တော်မူသည်။
(ကုရ်အာန်၊ ဂါဝီကဏ္ဍ၊ ၂း၁၉၅)
အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ဆည်းကပ်ကြကုန်။၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍မည်သည့်အရာ
ကိုမျှနှိုင်းယှဉ် ကိုးကွယ်ခြင်း မပြုကြနှင့်။ ၄င်းနောက် အသင်တို့သည် ဆွေမျိုးနီးစပ်သူတို့နှင့်လည်းကောင်း၊ မိဘမဲ့ကလေးများနှင့်လည်းကောင်း၊ သူဆင်းရဲတို့နှင့် လည်းကောင်း၊ ဆွေမျိုးတော်စပ်သောအိမ်နီးချင်းတို့နှင့်လည်းကောင်း၊ဆွေမျိုးတော်စပ်ခြင်းမရှိသောအိမ်နီးချင်းတို့နှင့်လည်း
ကောင်း၊ အပေါင်းအဖော်တို့နှင့် လည်းကောင်း၊ ခရီးသည်တို့နှင့်လည်းကောင်း၊ မိမိတို့ပိုင်ဆိုင်သော ကျေးကျွန်များနှင့်လည်းကောင်း၊ ကောင်းစွာ ဆက်ဆံကြကုန်။ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မောက်မာသူ၊ ဝင့်ဝါသူကိုနှစ်သက်တော်မမူပေ။
(ကုရ်အာန် အမျိုးသမီးကဏ္ဍ ၄း၃၆)
လူသားအားလုံးတို့သည် လူ့အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်ညီနောင်များဖြစ်သည်။ (ကုရ်အာန် ဂါဝီကဏ္ဍ ၂း၂၁၃)
အို-လူသားတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်တို့အားယောကျာ်းတစ်ယောက်မိန်းမတစ်ယောက်မှဖန်ဆင်းတော်မူခဲ့၏။ထို့ပြင်ငါအရှင်မြတ်
သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် အမြတ်ဆုံးသူမှာ အကျင့်သီလအမွန်မြတ်ဆုံးသူဖြစ်သည်။
(ကုရ်အာန်၊ အတွင်းဆောင်များကဏ္ဍ၊ ၄၉း၁၃)
ထို့ကြောင့် အစ္စလာမ်အမြင်အရ လူကိုတန်ဖိုးဖြတ်ရာတွင် ဥစ္စာဓန၊ရုပ်ရည် ရူပကာယ၊ ရာထူးဌာနန္တရတို့ဖြင့် တန်ဖိုးမဖြတ်ပါ။ လူ၏
အကျင့်သီလ၊ သိက္ခာ၊ သမာဓိ၊ ပညာကိုသာအရင်းခံထား၍ တန်ဖိုးဖြတ်ပါသည်။
တမန်တော်မြတ် မုဟမ္မဒ်သခင်ကလည်း ဤသို့မိန့်ဆိုတော်မူပါသည်။ " လူတို့အား၊ ကြင်နာသနားမှု မထားရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း
သနားကြင်နာတော်မူမည် မဟုတ်။" (မစ်ရှ်ကားသ်ဟဒီးစ်အမှတ် ၄၇၂၈)
" အဖန်ဆင်းခံ ဟူသမျှသည် အလ္လာဟ်အရှင်မြတ်၏ အိမ်ထောင်စုကြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ် အနှစ်သက်တော်မူဆုံး အဖန်ဆင်းခံသည်
ထိုအိမ်ထောင် စုအကျိုးကို အကောင်းဆုံးဆောင်ရွက်သူဖြစ်သည်။" (မစ်ရှ်ကားသ်ဟဒီးစ်အမှတ် ၄၇၇၃၂)
" ငယ်သူကို မသနား၊ ကြီးသူကို မရိုသေ၊ ကောင်းမှုကို မညွှန်ကြား၊မကောင်းရာကိုမမြစ်တားသူသည် ငါတမန်တော်မြတ်၏ အုပ်စုဝင်မဟုတ်"
(မစ်ရှ်ကားသ်ဟဒီးစ်အမှတ် ၄၇၈၁)
ဤသွန်သင်ချက်များသည် လူမျိုးမရွေး၊ ဘာသာမရွေး အဆင့်အတန်းမရွေး၊ လူသားအားလုံးအပေါ် ထားရှိရမည့်လူမှုရေး သွန်သင်ချက်များသာ
ဖြစ်သည်။အစ္စလာမ်ဘာသာတွင် မိဘဆရာသမား၊ သက်ကြီးဝါကြီးများအပေါ် ရိုသေလေးစားဂါရဝထားရန် သွန်သင်ချက်များရှိပါသည်။ ထိုအချက်နှင့်စပ်လျဉ်း၍စာရေးဆရာကြီး ဒဂုန်နတ်ရှင်က ဤသို့ ရှုမြင်တင်ပြပါသည်။
ထို့ပြင် အရှေ့တိုင်းသားဖြစ်သည့် မွတ်စလင်မ်ဘာသာဝင်များကလည်းမိမိတို့၏ ဘာသာယဉ်ကျေးမှုတစ်ရပ်ဖြစ်သော မိဘဆရာသမားနှင့်တကွ
သက်ကြီးဝါကြီးတို့ကိုရိုသေလေးစားစွာဆက်ဆံကြရခြင်း၊ပြုစုစောင့်ရှောက်ရခြင်းစသည့်ကိစ္စများဖြင့်စပ်လျဉ်းကာတဖွစီရ်ခေါ်အစ္စလာမ်
တရားတော်ကျမ်းစာတွင်ဖော်ပြထားသည်။မိဘဘိုးဘွားသက်ကြီးဝါကြီးများနှင့်ကျေးဇူးရှင်ဆရာသမားအပါအဝင်တို့ကိုမရိုမသေဆက်ဆံမိသော
အပြစ်သည်သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူ့မယားအား ပြစ်မှားခြင်းစသည့်မကောင်းမှုတို့ ထက် ပိုမိုကာ အပြစ်ကြီးလေးသော ဂိုနာဟ်ကဗျီရာခေါ် ပြစ်မှုကြီးတစ်ရပ်ဟု ဆိုထားပါသည်။
တစ်ဖန်အဆိုပါမိဘဘိုးဘွားသက်ကြီးဝါကြီးနှင့်ဆရားသမားကျေးဇူးရှင်များကိုလေးစားသမှုလုပ်ကျွေးပြုစုသူတို့ကိုမူကားခိုဒါဇီခလာက်ရာဇီဟု
ဆိုသောလူနတ်သာဓုခေါ်ခြင်း ဂျန္နတ်ဆိုသည့် နိဗ္ဗာန်ဘုံသို့ ရောက်နိုင်ကြောင်း ဆိုထားပြန်သည်။
(ဒဂုန်နတ်ရှင်၊ (၁၉၈၉၊ ပူဇာပူဇနယျနံ၊ စစ်ပြန်မဂ္ဂဇင်း၊ ၄း၈၉-၁၇-၁၉)

အစ္စလာမ်ဘာသာ၏ လူမှုရေးဆောင်ရွက်ချက်များအပေါ် ဆရာကြီးပါရဂူက ဤသို့သုံးသပ်တင်ပြဖူးပါသည်။
" အစ္စလာမ်ဘာသာ၌လည်း ပရဟိတလုပ်ငန်းသည် ကြီးမားသောအခန်းကဏ္ဍက ပါဝင်နေသည်။ ကုရ်အာန်ကျမ်းစာ၌ မွတ်စလင်မ်အားလုံးသည်
ညီရင်းအစ်ကိုများ ဖြစ်ကြ၏။ ထိုကြောင့် အချင်းချင်း ရန်ငြိုးထားကြသောညီအစ်ကို သားချင်းများကို သွေးစည်းအောင်ပြုလုပ်ရမည်။ အလ္လာဟ်အရှင်မြတ်ကိုထိတ်လန့်ကြောက်ရွံ့ပါ။သင်သည်ကရုဏာရှင်တစ်ယောက်ဖြစ်နေပါစေဟုမိန့်ဆိုထားသည်။လူတို့၏ညီအစ်ကိုသားချင်း
ဘဝကိုထုတ်ဖော်ပြောပြထားခြင်းဖြစ်သည်။အစ္စလာမ်ဘာသာဝင်များ၏ပရဟိတဆောင်ရွက်ချက်များကိုနေရာအတော်များများ၌တွေ့မြင်သိရှိရသည်။ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)၌ရှိသောမွတ်စလင်မ်ဆေးရုံသည် နှစ်ပေါင်းများစွာကစပြီး လူနာများ၏ ခိုကိုးရာဖြစ်လာခဲ့သည်။ ကလကတ္တားမြို့ မြန်မာဘုန်းတော်ကြီးကျောင်း၏ အနီး၌ရှိသောမွတ်စလင်မ်ဆေးရုံကြီးသည် ကလကတ္တားမြို့ရှိ ဆေးရုံကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အိန္ဒိယပြည် အခြားမြို့များ၌လည်း မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံများကို အတော်များများ တွေ့မြင်ရသည်။ ရန်ကုန်မြို့၌ အစ္စလာမ်ဘာသာ
ဝင်များကြီးမှူးပြီး ဖွင့်လှစ်ထားသော လူအိုရုံများလည်းရှိသည်။ တချို့ရပ်ကွက်များ၌ အစ္စလာမ်ဘာသာဝင်များသည် မူလတန်းကျောင်းများ၌ ကျောင်းတက်နိုင်သည့်အခြေအနေမရှိသော ဆင်းရဲသော သားသမီးများကို ကျောင်းစရိတ်ထောက်ပံ့နေကြသည်။"
[ပါရဂူ၊ (၂၀ဝ၂)၊ သမဂ္ဂါနံတပေါသုခေါ၊ သုခအစစ်နှင့် သုခအတု၊ ၂၅-၂၆]

မြန်မာစာပါမောက္ခ ဆရာတက္ကသိုလ်မောင်မောင်ကြီးကလည်း "လူ့အသည်း" ဟူသော ဆောင်းပါးတွင် ဘာသာတရားအသီးသီးကို နာယူကျင့်
သုံးသူတို့ထားရှိအပ်သော သဘောထားကို ဖော်ပြပုံမှာလည်း မှတ်သားဖွယ်ဖြစ်သည်။" ကမ္ဘာပေါ်၌ ဘုရားအဆူဆူ ပွင့်ခဲ့ကြသည်။ ဘာသာအသီးသီး
ပေါ်ပေါက်လာ၏။ ယခုခေတ်သို့ ကူးခဲ့ပြီ။ ကိုးကွယ်မှုသည် ဖွားခါစကလေး၏သွေးသား၌ရိုးတွင်း ခြင်ဆီထိအောင် စွဲမြဲပါလာ၏။ မိဘဆွေမျိုးတို့ ကိုးကွယ်သောဘာသာအတွင်း၌ ကြီးပြင်းလာ၏။ မိမိလည်း ထိုဘာသာဝင်ဖြစ်လာတော့သည်။"
ရံဖန်ရံခါ အခြားဘာသာတို့ကို ရှုတ်ချ၏။ စော်ကားတတ်၏။ " မိမိကိုးကွယ်သောဘာသာ၌အယူသည်းလေအခြားဘာသာကိုရှုတ်ချလေလေဖြစ်၏"
ဟုဖော်ပြထားသည်။ထို့အပြင် "ဘာသာဝင်တစ်ဦးသည်အခြားတစ်ဦး၏ယုံကြည်မှုကိုအလေးဂရုပြုကာထိုသူ၏မျက်စိဖြင့်ထိုသူစွဲလမ်းယုံကြည်
သကဲ့သို့ ယုံယုံကြည်ကြည်ကြည့်ရှုပါက ထိုသူမြင်သကဲ့သို့လိုက်၍မြင်ရပေလိမ့်မည်။အဘယ်သို့လျှင်အယူဝါဒချင်းကွဲပြားပေတော့အံ့နည်း "
ဟုလည်း ဆိုထားသည်။လူ့အသည်းဆောင်းပါးအဆုံးတွင် " နေဝင်လုဆဲဆဲ ဗလီမျှော်စင်ထက်မှကော်ဇောကလေးကို ခင်းလျက် အနောက်ဘက်သို့ မျက်နှာမူကာ မိမိတို့ဘာသာအတိုင်း သံနေသံထားဖြင့် ဝတ်ပြုရန် နှိုးဆော်လိုက်သော အသံကို နားထောင်ရင်းကြည်ညိုစိတ်သန်းသော မျက်နှာထားဖြင့် မိမိဝတ်ထားသော " ဂျူဗာ၊ အခ်ျကန့်နှင့်ကိုရ်တာ" တို့ကိုပြုပြင်ကာ ပုဆစ်ဒူးတုပ် နဖူးမြေထိ ဦးချသော မဟာမက်
ဘာသာဝင်ကို မြင်ရပုံလည်း ကြည်နူးဖွယ်ရာပင်။လောက၌ အဘယ်ဘာသာလျှင် လူ့စိတ်ကို မညွတ်နူးနိုင်အောင် ရှိပေအံ့။
ဘာသာတရားဆိုရာ၌လည်းလူ့အသည်းနှလုံးသားအတွင်း၌ကိန်းအောင်းသောယုံကြည်မှုပင်ဖြစ်တော့သတည်းဟုဆိုထားပုံမှာနှစ်သက်စရာဖြစ်ရပါ
သည်။အသိဥာဏ်ပညာ အမြော်အမြင်သည် ကြီးမားသော ကောင်းမှုတစ်ရပ်ဖြစ်သည်ဟု ကျမ်းတော်မြတ်ကုရ်အာန် ဂါဝီကဏ္ဍ ၂း၂၆၉တွင်
ဖော်ပြဆိုထားပါသည်။ နှစ်ဘဝသခင် ကျေးဇူးတော်ရှင် တမန်တော်မြတ်မုဟမ္မဒ်သခင်ကလည်း " ပုခက်တွင်းမှ သင်္ချိုင်းထိ ပညာရှာမှီးကြလော့"
ဟုဩဝါဒပြုပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အသိပညာရရာရကြောင်းရှာမှီးဆည်းပူလျက် ဘာသာသာသနာ၏ အဆုံးအမကိုခံယူကာ သီရိဂေဟာတမျှ ချမ်းမြေ့ပျော်ရွှင် သာယာလှပသော မိသားစုဘဝကို ထူထောင်ကြပါမည်။ ပညာဖြင့် လောကကို အလှဆင်သူများဖြစ်အောင် ကြိုးစားကြပါမည်။
မောင်သန်းဝင်း(ရန်ကုန်တက္ကသိုလ်)

ကျမ်းကိုး စာရင်း
ဆုရှင်မောင်၊ (၁၉၉၈)၊ အိမ်နီးချင်းကောင်းများတိုးပွားဖို့။
ပြည့်အားမာန်မဂ္ဂဇင်း၊ ရန်ကုန်၊
မြန်မာမွတ်စလင်မ်အမျိုးသားရေးရာအဖွဲ့ချုပ်။
တင်အောင်၊ ဗန်းမော်၊ (၁၉၇၄)၊ သဘာဝသိပ္ပံ၊ ရန်ကုန်၊ သင့်စာပေ။
ထင်၊ မောင်၊ (၁၉၇၄)၊ ကမ္ဘာ့စာပေအညွှန်း(အိန္ဒိယ၊ အီရန်၊ အာရဗ်စာပေသမိုင်း)။
ရန်ကုန်၊ စာပေဗိမာန်။
နတ်ရှင်၊ ဒဂုန်၊ (၁၉၈၉)၊ ပူဇာစပူဇနေယျန၊ စစ်ပြန်မဂ္ဂဇင်း၊ ၄/၈၉၊ ၁၇-၁၉)
ပါရဂူ၊ (၂၀ဝ၂)၊ သုခအစစ်နှင့် သုခအတု(အတွေးစာစုများ)။
ရန်ကုန်၊ ဖူလုံစာပေ။ မောင်မောင်ကြီး တက္ကသိုလ် (၁၉၆၄)၊ လူ့အသည်း၊
စာမျက်ရှု။
ရန်ကုန်၊ ကျုံပျော်စာပေ။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၅၊ (၁၉၇၆)၊ ရန်ကုန်၊ စာပေဗိမာန်။
သန်းထွန်း၊ ဒေါက်တာ၊(၂၀ဝ၁)၊ ကျော်စွာ ၁၀ဝပထမတွဲ။
ရန်ကုန်၊ အင်ကြင်းဦး။


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com