Bookmark and Share  
အမျိုးသမီးနှင့်လင်ပြိုင်ဝါဒ

ရောရှန်ရန်းဂ်ဝါလာ။     ။ ဒေါက်တာဇာကိရ်နိုက်(ခ်)ခင်ဗျား။ ဆရာ့၏ တင်ပြမှုတွင်း၌ အစ္စလာမ်မှ ယောက်ျားနှင့် မိန်းမအား အခွင့်အရေး ညီညီမျှမျှ ပေးထားသည်ဟု ဆိုခဲ့ပါသည်။ သို့သော် ယောက်ျားများသည် ဇနီးမယား(၄)ယောက် ယူပိုင်ခွင့်ရှိ၍ အမျိုးသမီးမှာမူကား ယင်းအခွင့်အရေး အဆင့်အတန်းကို  မရရှိကြချေ။ ယောက်ျားတစ်ယောက်သည် အခြားမိန်းမတစ်ယောက်ကို လက်ထပ်ရန် စဉ်းစားနိုင်သော်လည်း  အမျိုးသမီးများ၌ အဘယ်ကြောင့် ထိုကဲ့သို့သော အခွင့်အရေး မရရှိရပါသနည်း။

ဒေါက်တာဇာကိရ်နိုက်(ခ်)။     ။နောင်တော်မှ မေးမြန်းသည့်မေးခွန်းမှာ အစ္စလာမ်မှ အမျိုးသားများကို `မယားပြိုင်ယူခွင့်´ပြုပြီး၊ အမျိုးသမီးများကိုမူကား  `လင်ပြိုင်ယူခွင့်´အဘယ်ကြောင့် မပြုရပါသနည်း။

ပထမဦးဆုံး သင့်အနေနှင့် သဘောပေါက်ထားရမည့်အချက်ကား ယောက်ျားသည် မိန်းမထက်ပို၍ လိင်ဆန္ဒ ပိုမိုများပြားသည် ဆိုသောအချက်ပင်။ ဒုတိယအချက်မှာ ဇီဝကမ္မသဘောအရ၊ ယောက်ျားတစ်ယောက်သည် ဇနီးတစ်ယောက်ထက် ပို၍ ရှိသော်လည်း သူ့၏ လင်ယောက်ျားတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။ အမျိုးသမီးတစ်ယောက်သည် လင်ယောက်ျားထက်ပို၍ရှိပါလျှင် သူမသည် သူမ၏ ဇနီးမယားတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ဆေးသိပ္ပံမှ ပြောနေသည့်အချက်မှာ အမျိုးသမီးများသည် ၎င်းတို့၏ မိန်းမသဘာဝ၊ ဓမ္မတာဖြစ်သောကာလတွင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာကြောင့် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများဖြစ်ပေါ်လာရပြီး၊ ၎င်းင်းတို့၏ အသိဥာဏ်ဆိုင်ရာ အနှောင့်အယှက်များ ခံစားရတတ်သည်။ ထို့ကြောင့် များစွာသော အဆင်မပြေမှု၊ ခိုက်ရန်ဖြစ်ပွားမှုများမှာ ထိုကာလအတွင်း ဖြစ်ပေါ်စေသည်။

အမေရိကန်ပြည်ထောင်စုတွင်းရှိ အမျိုးသမီးများနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သောရာဇ၀တ်မှုနှင့် သက်ဆိုင်သော အစီရင်ခံစာတစ်ခုအရ ရာဇ၀တ်မှုကျူးလွန်ကြသော အမျိုးသမီးများ၏ ထွက်ဆိုချက်အရ ၎င်းတို့၏ ပြစ်မှုကျူးလွန်သောကာလမှာ ဓမ္မတာဖြစ်သောကာလ ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦးသည် လင်ယောက်ျားတစ်ဦးထက်ပိုရှိပါက သူမအနေနှင့် အသိဥာဏ်ပိုင်းဆိုင်ရာ ညှိနှိုင်းနိုင်မှု ပို၍ခက်ခဲပေလိမ့်မည်။ ထို့ပြင် ဆေးသိပ္ပံမှ ပြောကြားသည့်အချက်မှာ မိန်းမတစ်ယောက်သည် လင်ယောက်ျားတစ်ယောက်ထက် ပိုရှိပါက သူမအနေနှင့် ကာလသားရောဂါပိုးနှင့် အခြားလိင်မှတစ်ဆင့် ကူးစက်သောရောဂါမျိုး ကူးဆက်ခံရရန် အခွင့်အလမ်းပိုများသည်။ သူမ၏ ရောဂါသည် သူမ၏ လင်ယောက်ျားကို ကူးဆက်နိုင် သည်။ အကယ်၍ ယောက်ျားတစ်ဦးတွင် ဇနီးမိန်းမတစ်ယောက်ထက် ပိုရှိပါက၊ ထိုမိန်းမများသည် ထိုလင်ယောက်ျားတစ်ဦးတည်းနှင့်သာ ပေါင်းသင်းနေထိုင်ပါက အထက်ပါကိစ္စမျိုး မဖြစ်နိုင်တော့ပေ။

ယောက်ျားတစ်ယောက်မှ မိန်းမတစ်ယောက်ထက် ပို၍ လက်ထပ်ထားပါက ၎င်းတွင်ကလေးများ ရရှိလာပါက ကလေး၏မိဘနှစ်ပါးကို ဖော်ထုတ်ရန်အတွက် ပြဿနာမရှိနိုင်ပေ။ အဖေရော အမေကိုပါ ခွဲခြား၍ ဖော်ပြနိုင်သည်။ အကယ်၍ အမျိုးသမီးဖြစ်သူမှ လင်ယောက်ျားတစ်ယောက်ထက် ပို၍ရှိပါက မိခင်ကိုသာ ခွဲခြားနိုင်ပြီး၊ ဖခင်ကိုမူ ခွဲခြားနိုင်မည် မဟုတ်ပေ။ အစ္စလာမ်မှ မိဘနှစ်ပါးကို သီးခြားခွဲခြား သိရှိခြင်းကို အရေးကြီးသောကဏ္ဍတွင် ထားပေသည်။

စိတ်ပညာရှင်များမှ ပြောကြသည်မှာ ကလေးတစ်ယောက်သည် သူ၏ မိဘနှစ်ပါးကို ခွဲခြားသိမြင်ရန်မှာ အလွန်အရေးကြီးပေသည်။ သို့မဟုတ်ပါက ကလေးသည် စိတ်ပိုင်းဆိုင်ရာ ညစ်ညူးမှု၊ စိတ်ဖိစီးမှုဒဏ်ကို ခံစားရမည် ဖြစ်သည်။ ပြည့်တန်ဆာမိန်းမများ၏ ကလေးများသည် ကလေးဘ၀တွင် ပျော်ရွှင်စရာဘ၀များ မရခဲ့သည်မှာ အံ့သြစရာ မဟုတ်ပါ။ ကလေးသည် အချိန်တန်၍ ကျောင်းသို့ ရောက်သောအခါ ကလေးအဖေမှာ မည်သူနည်းဟု မေးကြပေလိမ့်မည်။  ထိုအချိန်တွင် ကလေးအဖေအမည်မှာ နှစ်ယောက် အမည်ပေးရမည်။ ထိုကလေးကို မည်သို့ခေါ်ကြမည်ကို သိကြပါလိမ့်မည်။ ထို့ကြောင့် လင်ပြိုင်ယူခြင်းကို ခွင့်မပြုရသော အကြောင်းအရင်းများစွာရှိသည်။

အပြန်အလှန် ငြင်းခုံချက်အားဖြင့် သင့်အားပြောရမည်ဆိုလျှင် မယားပြိုင်ဝါဒကို ခွင့်ပြုရသော အကြောင်းအရင်း များစွာရှိသည်။ စုံတွဲတစ်တွဲတွင် သက်ဆိုင်ရာ အမျိုးသမီးနှင့် ပြဿနာတစ်စုံတစ်ရာ မရှိပါက ယောက်ျား၊ မိန်းမတစ်ယောက် ထက်ပိုယူခွင့်ပြုမည်ဖြစ်သည်။ ယောက်ျားတစ်ယောက်သည် မြုံသည်ဟု ဆိုကြပါစို့။  မိန်းမမှ နောက်ယောက်ျား ထပ်ယူ၍ မရဘူးလား။ ယူခွင့်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် မည်သည့် ဆေးဆရာဝန်မှ ယောက်ျားသည် ရာခိုင်နှုန်းပြည့် မြုံသည်ဟု အာမမခံနိုင်၍ ဖြစ်ပါသည်။

အခြားသော ကိစ္စတစ်ခုတွင် ယောက်ျားဖြစ်သူမှာ ထိခိုက်ဒဏ်ရာ ရရှိပြီး၊ အိပ်ယာထဲတွင် နာတာရှည် လူမမာ ဖြစ်နေပါက ထိုမိန်းမမှ နောက်ထပ် လင်ယောက်ျား ယူ၍ မရ။ ဤကိစ္စနှင့်ပတ်သက်၍ စဉ်းစားဆင်ခြင် ကြည့်ကြပါစို့။ ထိုသူသည် မတော်တဆမှုကြောင့် သူ၏ ယောက်ျားတာဝန်များ ထမ်းဆောင်နိုင်မည် မဟုတ်ပါ။ ပထမဆုံးအချက်မှာ သားကျွေးမှု၊ မယားကျွေးမှုအတွက် ငွေကြေးရှာဖွေရေး ဖြစ်သည်။ ဒုတိယအချက်မှာ သူသည် သူ့ဇနီးသည်၏ ဆန္ဒကို ဖြည့်စွမ်းနိုင်မည်မဟုတ်။ ပထမ ပြဿနာအတွက် အစ္စလာမ်မှ ဖြေရှင်းပေးသည့်အရာ ဇကားသ်(ဆင်းရဲသားဒါနကြေး) ဖြစ်သည်။ သူမအနေနဲ့ ဇကားသ် စားပိုင်ခွင့် ယူပိုင်ခွင့်ရှိသည်။ ဒုတိယအချက်အနေနှင့် ပြောထားသည်မှာ `ဇနီးသည် အနေနှင့် လင်ယောက်ျားထက်ပို၍ နည်းပါးသော ဆန္ဒသာ ရှိသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အမျိုးသမီး၏ (ရှဟာဝသ်) စိတ်ကို ဖြည့်စွက်ရန် ပို၍ဆန္ဒပြင်းပြပါက သူမအနေနှင့် ခိုလဟ်ကွာရှင်းပြတ်စဲခွင့် တောင်းခံနိုင်သည်။ ဤကိစ္စတွင် အမျိုးသမီးမှ ကျန်းမာနေပါက ခိုလဟ်ခေါ် အမျိုးသမီးဘက်မှ ကွာရှင်းပြတ်စဲခွင့် တောင်းခံခြင်းသည် အကောင်းဆုံးကိစ္စ ဖြစ်သည်။ အကယ်၍ သူမသည် ဆွံ့အ၊နားမကြား၊ မသန်မစွမ်း ဖြစ်နေပါက သူမက ကွာရှင်းပြတ်စဲပါက သူမကို မည်သူက တာဝန်ယူမည်နည်း။ ဤသည် ကျွန်ုပ်၏ အဖြေဖြစ်သည်ဟု ယူဆပါသည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com