banner
  HomeArticlesLibraryDownloadContactus
 
Bismillar

စေ့စပ်ကမ်းလှမ်းမှုကိုအမျိုးသမီးမှ ငြင်းဆိုနိုင်/မနိုင်

ဆာဒါရီ ဟာကင်းမ်။      ။ ကျွန်မ မေးမြန်းချင်သောမေးခွန်းမှာ အမျိုးသမီးကလေးတစ်ယောက်သည် လူတစ်ယောက်က လက်ထပ်လိုသောအကြောင်း ကမ်းလှမ်းလာလျှင် သူမမှ မနှစ်သက်ပါက `လက်မထပ်လိုဘူး´ဟု တုန့်ပြန်နိုင်သည်ဟု  ပြောဆိုထားပါတယ်။ အကယ်၍ သူမအား အုပ်ထိန်းသူမှ နားချ၍ လက်ထပ်ခိုင်းနေမည်ဆိုလျှင် သူမသည် `လက်မထပ်နိုင်ဘူး´ဆိုသော ငြင်းဆိုမှုအပြီး၌ စိတ်ချမ်းသာစွာ နေနိုင်ပါဦးမည်လော။

ဒေါက်တာ ဇာကိရ်နိုက်(စ်)။    ။ ကျွန်ုပ်၏ ဟောပြောချက်အတွင်း၌ တင်ပြသွားသောအချက်ကိုပင် ညီမတော်မှ ထပ်၍ မေးခွန်းထုတ်နေပါသည်။ ကျွန်ုပ်မှ တင်ပြသွားသောအချက်မှာ မိန်းမတစ်ယောက်သည် သူမအား လက်ထပ်ထိမ်းမြားရန်  ကမ်းလှမ်းမှုကို `လက်မထပ်နိုင်ပါ´ ဟု တုန့်ပြန်ပြီးသည့်နောက် သူမသည် စိတ်မချမ်းမသာ ဖြစ်နေနိုင်ပါသည်ဟု ပြောကြားခဲ့ပါသည်။ ညီမအနေနှင့် ကျွန်ုပ်၏ ဟောပြောချက်ကို သေသေချာချာ နားမထောင်ခဲ့တာပါ။ ကျွန်ုပ်၏ တင်ပြမှုတွင်  လက်မထပ်သေးသော မိန်းမပျိုတစ်ယောက်၏ စားဝတ်နေရေးအတွက် ထောက်ပံ့တာဝန်ယူရမည့်တာဝန်သည်  သူ၏ဖခင်၊ (သို့မဟုတ်) သူ၏ အစ်ကိုမောင်ဖွားများ၏ တာဝန်ပင်ဖြစ်သည်။ ၎င်းတို့ထံမှ လိုလားသူကို မနှစ်သက်ပါဟု ငြင်းဆိုပြီးသော နောက်ပိုင်းတွင်လည်း သူမ၏ဖခင်နှင့် မောင်များကပင် သူမ၏ စားဝတ်နေရေးနှင့် ငွေရေးကြေးရေးအတွက် တာဝန်ယူရမည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း

 

 
logo

MAIN MENU

HOME

ARTICLES

LIBRARY

DOWNLOAD

CONTACT US

2010 myanmarislam.com