Bookmark and Share  
သဘောတရားနှင့်လက်တွေ့ကျင့်သုံးမှု

ပရကတ်(ရှ်)လုတ်(တ်)။     ။  ပထမဦးဆုံးအနေနှင့် ဘာသာအသီးသီးကလူများကို ဖိတ်ခေါ်တွေ့ဆုံစေသောအဖွဲ့အစည်းကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ် မေးချင်သော မေးခွန်းမှာ ဟိန္ဒူဝါဒ၊ အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာစသည့် ဘာသာတရား အားလုံးသည် ကောင်းမြတ်သောအရာများကို ကျင့်ကြံရန် သင်ကြားပေးသည်။ သို့သော်  နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သောအခါ ဘာသာတရားအားလုံး၌ မိန်းမများကို ခွဲခြားမှုဖြစ်ပေါ်လာသည်။ ဤသို့သော အဖြစ်မှကင်းလွတ်သည့် ဘာသာတရားဟူ၍ လုံးဝမရှိသလောက်ပင်။

ဤနေရာ၌ ကျွန်ုပ်အနေနှင့် မေးချင်သောမေးခွန်းသည်ကား `ကျမ်းဂန်များ၌ မည်သည့် အကြောင်းအရာများ ရေးသားထားပါသနည်း။ သမ္မာကျမ်းစာ၊ ကုရ်အာန်၊ ဂီတ စသည့် မည်သည့် ကျမ်းမျိုးဖြစ်ဖြစ်၊ ရေးသားဖော်ပြထားသော အကြောင်းအရာများမှာ ပို၍ အရေးကြီးပါသလော။ လူ့အဖွဲ့အစည်းအတွင်း လက်တွေ့ကျင့်သုံးမှုသည် ပို၍အရေးကြီးပါသလော။´

လက်တွေ့ကျင့်သုံးမှုသည် ပို၍ အရေးကြီးသည်ဟုဆိုလျှင် မြင့်မြတ်သောကျမ်းဂန်များဖြစ်သည့် ကုရ်အာန်၊ ဂီတ ကဲ့သို့သောကျမ်းများ၌ ရေးသားထားတဲ့ အချက်များထက် ပို၍ အရေးကြီးပါပေသည်။ ကျွန်ုပ်မှ မျှော်လင့်လျှက်ရှိသောအဖြေမှာ ကျမ်းဂန် စာအုပ်များအတွင်း၌ ရေးထားသည့်အကြောင်းများကို ပြောဆိုနေကြာခြင်းထက် လက်တွေ့ကျင့်သုံးမှုသည် ပို၍ အရေးကြီးပါသည်ဆိုသောအချက်ပင်။

ဒေါက်တာဇာကိရ်နိုက်ခ်။    ။ ညီနောင်မှ မေးသွားသောမေးခွန်းသည် အရမ်းကောင်းပါသည်။ ၎င်းမှ ပြောကြားမေးမြန်းသွားသည်မှာ  `အားလုံးသော ဘာသာတရားဆိုင်ရာကျမ်းဂန်တွေဟာ ကောင်းမြတ်သောအရာတွေကိုပဲ ပြောကြားထားပါတယ်။´ သို့သော် ယခု ကျွန်ုပ်တို့အနေနှင့် လူသားများသည် မည်သည့်အရာများကို လက်တွေ့ လိုက်နာကျင့်သုံးနေကြပါသနည်း။ ဆိုသောအချက်ကို စဉ်းစားကြည့်ကြပါစို့။ ၎င်းအနေနှင့် သဘောတရားရေးထက် ပိုမို၍ လက်တွေ့ကျင့်သုံးမှုကို အလေးပေးသင့်ပါသည်ဟု ပြောကြားခဲ့ပါသည်။ ဤအချက်နှင့် ပတ်သက်၍ ကျွန်ုပ် (ဒေါက်တာဇာကိရ်)သည် သူနှင့် ထပ်တူ သဘောကျပါသည်။

ကျွန်ုပ်တို့သည် ယနေ့မည်သည့်အရာများကို ကျင့်သုံးနေကြပါသနည်း။ ယနေ့ ကျွန်ုပ်ဟောပြောတင်ပြခဲ့သလို မြောက်များစွာသော မွတ်စလင်မ်လူ့အဖွဲ့အစည်းများသည် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နသ်တော်မှ သွေဖည်ယိမ်းယိုင်နေကြပါသည်။ ဤနေရာ၌ ယနေ့ကျွန်ုပ်တို့ ပြုလုပ်နေကြသည်မှာ လူသားများအား ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နသ်တော်၏ဘက်သို့ နီးကပ်လာအောင် ဖိတ်ခေါ်လျှက်ရှိပါသည်။

မေးခွန်း၏ ပထမပိုင်းတွင် `အားလုံးသော ဘာသာတရားများသည် ကောင်းမြတ်သောအရာများကိုသာ မိန့်ကြားထားပါသည်။ ထို့ကြောင့် ဘာသာတရားများ၏ ကျမ်းဂန်ဒေဿနာများက ပြောကြားသောစကားများအကြောင်းကို ပြောကြားခြင်းသည် အသုံးမ၀င်တော့ချေ´ ဟု ၎င်းပုဂ္ဂိုလ်မှ ပြောကြားခဲ့ပါသည်။ ယင်းအချက်ကိုကား ကျွန်ုပ်အနေနှင့် သဘောမတူပါ။ “အစ္စလာမ်နှင့် အခြား ဘာသာတရားများမှ ပြဆိုသည့် အမျိုးသမီးသမီး၏ အဆင့်အတန်း´´ဟူသောခေါင်းစဉ်နှင့် ကျွန်ုပ်ဟောပြော တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်အနေနှင့် ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာတို့နှင့် နှိုင်းယှဉ်၍ အစ္စလာမ်ဘာသာမှပြဆိုသော အမျိုးသမီးတို့၏ အဆင့်အတန်းကို နှိုင်းယှဉ်တင်ပြခဲ့ပြီးဖြစ်ပါသည်။ အသင့်အနေနှင့် ကျွန်ုပ်၏ နှိုင်းယှဉ်တင်ပြမှုကို တက်ရောက်၍ နားဆင်နိုင်ခဲ့သည်ဆိုလျှင် `မည်သည့် ဘာသာတရားသည် အမျိုးသမီးများအား အမြင့်မားဆုံး အခွင့်အရေးများ၊ (အဆင့်အတန်း၊ ဂုဏ်သိက္ခာ များ) ချီးမြှင့်ထားသည်´ ဆိုသည့်အချက်ကို သင် ကိုယ်တိုင် တရားမျှတစွာဖြင့် ဆုံးဖြတ်နိုင်ပါသည်။

အကယ်၍ အသင့်အနေနှင့် အစ္စလာမ်သည် အမျိုးသမီးများအား အမြင့်မားဆုံးအခွင့်အရေး (အဆင့်အတန်း၊ ဂုဏ်သိက္ခာ)များကို ချီးမြှင့်ထားကြောင်း သီအိုရီအရ သဘောတူညီသည်ဆိုလျှင် ကျွန်ုပ်တို့အနေနှင့် ယင်းသဘောတရားများကို လက်တွေ့ အကောင်အထည်ဖော် လိုက်နာကျင့်သုံးရန်သာ လိုပေသည်။ လူတို့သည် အချို့သော အကြောင်းအရင်းများကို တိကျစွာလိုက်နာကျင့်သုံးကြသော်လည်း အချို့ကိုမူကား လိုက်နာကျင့်သုံးမှု မရှိသေးချေ။ ဥပမာအားဖြင့် — အစ္စလာမ့်တရားဥပဒေမှ ဆင်းသက်လာသော ရာဇ၀တ်မှုဆိုင်ရာ ပြစ်မှုများနှင့် တိုင်းသူပြည်သားများ၏ အခွင့်အရေးကို ဆော်ဒီအစိုးရမှ ကျင့်သုံးလျှက်ရှိပါသည်။ (အလ်ဟမ်းဒုလိလ္လာဟ်) ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။

ယင်းကဲ့သို့ ကျင့်သုံးနေသော သူတို့သည်ပင်လျှင် အချို့သောအချက်များ၌ ကျမ်းမြတ်ကုရ်အာန်မှ ဝေးကွာလျှက် တိမ်းယိမ်းမှုများ ရှိနေပါသည်။ ကျွန်ုပ်တို့အနေနှင့် ဘာလုပ်သင့်သနည်း။ ဆော်ဒီအစိုးရမှ စံနမူနာအနေနှင့် ကျင့်သုံးနေသော ရာဇ၀တ် ပြစ်မှုဆိုင်ရာ အစ္စလာမ့် ဥပဒေကို ကမ္ဘာတစ်ဝှမ်း လိုက်နာကျင့်သုံးနိုင်ရန် ကြိုးပမ်းဖြန့်ချိသင့်ပေသည်။ ထို့ပြင် အသင့်အနေနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် အစ္စလာမ့်ဥပဒေကို လက်တွေ့ လိုက်နာကျင့်သုံးခြင်းကြောင့် အကောင်းဆုံးဖြစ်နေသည်ဆိုလျှင် အခြားကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများတွင် လိုက်နာကျင့်သုံးသင့်ပေသည်။ ယခု ဤနေရာတွင် အဘယ့်ကြောင့် ကျွန်ုပ်တို့ စုစည်းရောက်ရှိ နေကြရသနည်း။ ညီနောင့်အနေနှင့် အစ္စလာမ့် တရားဥပဒေအား အကောင်းဆုံး ယူဆထားလျှင် ထိုကဲ့သို့သာ ပြုသင့်ပါသည်။ အကယ်၍ ကျွန်ုပ်တို့အနေနှင့် လက်တွေ့ လိုက်နာ ကျင့်သုံးမှုမရှိလျှင် ဘာသာတရားသည် မျက်ကန်း မဖြစ်ဘဲ ကျွန်ုပ်တို့သာ မျက်ကန်းဖြစ်သွား ကြပေမည်။ ဤအတွက်ကြောင့်ပင် ကျွန်ုပ်တို့သည် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ် တော်များကို မှန်ကန်စွာ နားလည် သဘောပေါက်ပြီး၊ မှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်ရန် လူများကို ဖိတ်ခေါ်နေခြင်း ဖြစ်ပါသည်။ သူတို့သည် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်များကို မှန်ကန်စွာ နားလည်သဘောပေါက်မှသာလျှင် လက်တွေ့ လိုက်နာ ကျင့်သုံးနိုင်ပေမည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com