Bookmark and Share  
စစ်မြေပြင်နှင့်အမျိုးသမီး

ယာဝါရ်ဟူစိုင်(န်)။    ။အမျိုးသားနှင့် အမျိုးသမီးရောနှောခြင်းကို ခွင့်မပြုပါဟုဆိုလျှင် လွန်ခဲ့သောကာလများ၌ စစ်မြေပြင်တွင် အမျိုးသမီးများအား ရောနှောပါဝင်ခွင့်ကို အဘယ်ကြောင့် ခွင့်ပြုထားခဲ့ပါသနည်း။

ဒေါက်တာဇာကိရ်။    ။ ညီနောင်မှမေးသော မေးခွန်းမှာ “အစ္စလာမ်မှ လိင်မတူသူများအား ရောနှောနေထိုင်ခွင့်ကို ခွင့်မပြုပါဟုဆိုလျှင် သူတို့သည် အဘယ်ကြောင့် တိုက်ပွဲစစ်မြေပြင်တွင် ရောနှောနေထိုင်ခဲ့ပါသနည်း။” အကယ်၍ ညီနောင့်အနေနှင့် “၎င်းတို့သည် တိုက်ပွဲစစ်မြေပြင်တွင်တောင်မှ ၎င်းတို့အနေနှင့် ဟိဂျာဗ် ၀တ်ဆင်ထားပေသည်”ဟု ကျွန်ုပ် ပြောဆိုခဲ့သောစကားများကို မှန်ကန်စွာကြားခဲ့သည်ဟုဆိုလျှင် ဤနေရာတွင် လွယ်ကူချောမွေ့စေသောအချက်ကို ခွင့်ပြုထားကြောင်း သင့်အနေနှင့် သိရှိနိုင်ပေမည်။
အကယ်၍ အသင့်အနေနှင့် ဆွဟီးဟုလ်ဗိုခါရီကျမ်းအား ဖတ်ရှုမည်ဆိုလျှင် “အမျိုးသမီးများ၏ ခြေထောက်များ (ခြေသလုံးများ)ကိုပင် မြင်ရပေသည်”ဟု ဖော်ပြထားသည်ကို တွေ့ရပေမည်။ သာမာန်အားဖြင့် ခြေထောက်(ခြေသလုံးများ) သည် ဖုံးအုပ်ထားပေမည်။ ထို့ကြောင့် အစ္စလာမ်မှ တိုက်ပွဲစစ်မြေပြင်တွင် အမျိုးသမီးများသည် မြင်းများကို စီးနင်းမှုကြောင့် သူမတို့၏ ခြေသလုံးများကို မြင်ရခြင်းကို လိုက်လျောမှုပြုထားပေသည်။ ထို့ကြောင့် အစ္စလာမ်မှ အနည်းငယ် သက်ညှာမှု ပြုထားပေသည်။ သို့သော် အမေရိကန် စစ်တပ်အတွင်း၌ ကျား၊မ ရောနှောဆက်ဆံမှုကိုမူကား ခွင့်မပြုထားပေ။ ယင်းအမေရိကန် စစ်တပ်များအနေနှင့် အစ္စလာမ်ဝတ်စုံ ကုတ်အင်္ကျီကဲ့သို့သော အစ္စလာမ့်ကိုယ်ကျင့် သိက္ခာများကို ထိန်းသိမ်းထားရှိနေပေသည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း



 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com