banner
  HomeArticlesLibraryDownloadContactus
 
Bismillar

ဒုတိယမြောက်လက်ထပ်ထိမ်းမြားခြင်းမပြုမီပထမဇနီးသည်၏ခွင့်ပြုချက်ရယူရန်လို/မလို

ဒေါက်တာ မုဟမ္မဒ်။    ။ ဒုတိယမြောက် လက်မထပ်မီ လင်ယောက်ျားအနေနှင့် ပထမနီးမယား၏ ခွင့်ပြုချက်ရယူရန် လိုအပ်ပါသလော။

ဒေါက်တာ ဇာကိရ်။    ။ ဒီတစ်ခါ မေးမြန်းသည့်မေးခွန်းသည်ကား “ဒုတိယမြောက် လက်မထပ်မီ လင်ယောက်ျားအနေနှင့် ပထမဇနီး မယား၏ ခွင့်ပြုချက်ရယူရန် လိုအပ် ပါသလား” ဟူ၍ဖြစ်သည်။ ဒုတိယအကြိမ်မြောက် လက်မထပ်မီ လင်ယောက်ျားအနေနှင့် ပထမ ဇနီးမယား၏ ခွင့်ပြုချက်ရယူရန်မှာ ၀ါဂျိဗ် (အရေးကြီးသောတာဝန်) မဟုတ်ပေ။ ကျမ်းမြတ်ကုရ်အာန်တွင် “အကယ်၍ လူပုဂ္ဂိုလ်တစ်ယောက်အနေနှင့် ၎င်းင်း၏ ဇနီးမိန်းမများ၏ကြားတွင် တရားမျှတစွာ ဆက်ဆံနိုင်မည်ဆိုပါက ၎င်းအနေနှင့် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်နိုင်သည်။” သို့သော်လည်း ၎င်းအနေနှင့် “ခွင့်ပြုချက်” တောင်းသင့်ပါသည်။ အစ္စလာမ်တွင် “အသင့်၌ တစ်ယောက်ထက်ပို၍ ဇနီးမယား ရှိပါက အသင့်အနေနှင့် တရားမျှတစွာ ဆက်ဆံရပေမည်”ဟု သင်ကြားထားသောကြောင့် သူ၏ လက်ထပ်ထိမ်းမြား လိုက်ခြင်းကို ၎င်း၏ ပထမဇနီးမယားကို အသိပေးရန် တာဝန်ရှိပေသည်။

ထို့ပြင် သဘာဝအရ ပထမဇနီးမယား၏ ခွင့်ပြုချက်ကို ရရှိထားသည်ဆိုလျှင် အခြားဇနီးသည်များနှင့် ခင်ပွန်းသည်တို့၏ကြားတွင် လှိုက်လှဲသော ဆက်ဆံရေးပို၍ ရှိပေမည်။ အကယ်၍ ဇနီးမိန်းမတစ်ဦးအနေနှင့် ၎င်းင်း၏ လက်ထပ်စာချုပ်တွင် “အသင်အနေနှင့် ကျွန်ုပ်နှင့် လက်ထပ်ထိမ်းမြားပြီးသည့်နောက် အခြားမည်သည့် ဇနီးမိန်းမတစ်ယောက်ကိုမျှ လက်ထက်ထိမ်းမြားခြင်းကို ကျွန်ုပ်အနေနှင့် အလိုမရှိပါ” ဟုရေးသားချုပ်ဆိုထားသော အခြေအနေမှတစ်ပါး မိမိ၏ ဇနီးမိန်းမအား အသိပေးရန်မှာ အရေးကြီးသော တာဝန်မဟုတ်ချေ။ သို့ဖြစ်ခဲ့လျှင် လက်မထပ်မီ လင်ယောက်ျားအနေနှင့် ဇနီးမိန်းမ၏ခွင့်ပြုမှုကို ရယူရန် အရေးကြီးသောတာဝန်ဖြစ်၍ လာပေမည်။ တစ်နည်းအားဖြင့်ဆိုသော် အခြားကိစ္စရပ်များအားလုံးတွင် အရေးကြီးသော တာဝန်မဟုတ်ပေ။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း

 

 
logo

MAIN MENU

HOME

ARTICLES

LIBRARY

DOWNLOAD

CONTACT US

2010 myanmarislam.com