Bookmark and Share  
ကွာရှင်းပြတ်စဲမှုအမျိုးအစားများ

ဂျနီဖာရ်။    ။ ခင်ပွန်းသည်မှသာလျှင် “သုံးသွလားက်”ကို တစ်ကြိမ် စီခွဲခြား၍ ပြောနိုင်ပါသလား။ အမျိုးသမီးတစ်ဦးမှ ကွာရှင်းပြတ်စဲမှု (သို့) သွာလားက်ပြုလုပ်ရန် ဆန္ဒရှိပါက မည်သို့ပြုလုပ်ရမည်နည်း။

ဒေါက်တာဇာကိရ်။   ။ နှမတော်မေးသည့်မေးခွန်းကား ခင်ပွန်းသည်တစ်ယောက်သည် အမျိုးသမီးတစ်ဦးအား ကွာရှင်းပြတ်စဲနိုင်ပါသလား။ နှမတော်အနေနှင့် သုံးသွလားက်နှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်းမဟုတ်ပေ။ ဤအရာသည် အမေးအဖြေတစ်ခုဖြစ်သည်။ သို့သော် (သူမ၏) အဓိကမေးခွန်းမှာ ခင်ပွန်းသည်တစ်ဦးသည် ကွာရှင်းပြတ်စဲမှုပြုနိုင်သကဲ့သို့ အမျိုးသမီးတစ်ယောက်အနေနှင့်ရော သွလားက် ကွာရှင်းပြတ်စဲမှုပြုနိုင်ပါ သလား။ အမျိုးသမီးတစ်ယောက်အနေနှင့် သွလားက်မပေးနိုင်ချေ။ အကြောင်းမူကား “သွလားက်ဆိုသော အာရဗီစကားလုံးသည် ခင်ပွန်းသည်မှ ၎င်း၏ဇနီးအား ကွာရှင်းပြတ်စဲရာတွင်သုံးသောစကားလုံးဖြစ်သည်။” သို့သော် အမျိုးသမီးတစ်ဦး အနေနှင့်မူကား ကွာရှင်းပြတ်စဲပိုင်ခွင့်ရှိသည်။ အစ္စလာမ်တွင် ကွာရှင်းပြတ်စဲမှု ပုံသဏ္ဍာန်(၅)မျိုးရှိသည်။

(၁)    ဇနီးမောင်နှံနှစ်ဦး သဘောတူကွာရှင်းခြင်း။
သူတို့နှစ်ဦးစလုံးက တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ပြောကြရမည်မှာ “ကောင်းပြီ” ကျွန်ုပ်တို့ဟာ ဘယ်လိုမှ စေ့စပ်လို့ မရတော့တဲ့အတွက် ခွဲခွာကြစို့။

(၂)    လင်ယောက်ျားဘက်မှ ကွာရှင်းပြတ်စဲမှု
ဤအမျိုးအစားကို သွာလားက် ဟုခေါ်သည်။ လင်ယောက်ျားအနေနှင့် သူ၏ပေးပြီးသား မဟရ်ကို စွန့်လွှတ်လိုက်ရပေမည်။ အကယ်၍ သူ့အနေနှင့် မဟရ်ကို အကြေအလည် မပေးရသေးလျှင် ၎င်းင်း၏ ဇနီးအား ပေးလိုက်ရပေမည်။ ဇနီးသည်အား ပေးခဲ့ပြီးသော လက်ဆောင်များသည်လည်း စွန့်လွှတ်လိုက်ရမည့် အရာများအတွင်း၌ ပါဝင်ပေသည်။

(၃)    အမျိုးသမီးဘက်မှ ကွာရှင်းပြတ်စဲမှု
အကယ်၍ နေကာဟ်နာမာဟ် (လက်ထပ်စာချုပ်)တွင် “သူမ၏ သဘော ဆန္ဒအရ ကွာရှင်းပြတ်စဲခွင့်ရှိသည်။”ဟု ရေးသားဖော်ပြထားပါက သူမအနေနှင့် ကွာရှင်းပြတ်စဲ ပိုင်ခွင့်ရှိသည်။ ယင်းသို့သော ကွာရှင်းပြတ်စဲမှုကို အစ်မာဟုခေါ်သည်။ ကျွန်ုပ် အနေနှင့် အစ်မာ ကွာရှင်းပြတ်စဲမှု ပုံသဏ္ဍာန်ကို မည်သူတစ်ဦးတစ်ယောက်၏ ပြောဆိုချက်ကိုမျှ မကြားခဲ့ဘူးချေ။ အမျိုးသမီး တစ်ယောက်သည်ပင်လျှင် အစ်မာဟုခေါ်သော ကွာရှင်းပြတ်စဲမှုကို ပြုနိုင်ပေသည်။

(၄)    လင်ယောက်ျား၏ နှိပ်စက်ညှင်းပန်းမှုကြောင့် အမျိုးသမီးဘက်မှ ကွာရှင်း ပြတ်စဲခြင်း
အကယ်၍ ခင်ပွန်းသည် သူမအား နှိပ်စက် ညှင်းပမ်းပါလျှင် (သို့) သူမအား ထိုက်တန်သော တူညီသော အခွင့်အရေးများကိုမပေးပါက သူမအနေနှင့် ကာသွီ (တရားသူကြီး)ဆီသို့ သွားရောက်၍ လက်ထပ်ထိမ်းမြားမှုကို ချိုးဖျက်နိုင်သည်။ ယင်းကို  နိကာဟ်-အိ-ဖိစ်က်ဟု ခေါ်သည်။ တရားသူကြီး (ကာသွီ)၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ တရားသူကြီးမှ လင်ယောက်ျားအား မဟရ်အပြည့်(သို့) မဟရ် တစ်ဝက်ကို တောင်းဆို၍ အမျိုးသမီးအားပေးစေမည်။

(၅)    ခိုလအ်
ခင်ပွန်းယောက်ျားသည် အလွန်အင်မတန် ကောင်းမွန်သော လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်သာမက ဇနီးမယား၏ ဆန့်ကျင်ဘက် မည်သည့်လုပ်ရပ် ကိုမျှလည်း ပြုလုပ်ခဲ့ခြင်းမရှိ။ သို့သော် အမျိုးသမီးအနေနှင့် သူမ၏ ပုဂ္ဂလဆန္ဒအရ         သူမ၏ခင်ပွန်းကို မနှစ်မြို့တော့ချေ။ သူမအနေနှင့် ခင်ပွန်းအား သူမကို ကွာရှင်းပြတ်စဲရန် တောင်းဆိုနိုင်ပေသည်။ ဤကဲ့သို့ သော ကွာရှင်းပြတ်စဲမှုကို “ခိုလအ်”ဟုခေါ်သည်။ သို့သော် ယင်းကဲ့သို့ အမျိုးသားများအား ကွာရှင်းပြတ်စဲခွင့်တောင်းခံသော အမျိုးသမီး များမှာ အနည်းငယ်သာရှိလေသည်။ အိုလမာ သာသနာ့ပညာရှင်အချို့သည် ယင်းကဲ့သို့ ကွာရှင်းပြတ်စဲမှု ပုံသဏ္ဍာန်(၅) မျိုးကို (၂)မျိုး(သို့) (၃)မျိုးသာ အကျဉ်းချုံ့၍ တင်ပြကြပေသည်။ သို့သော် အစ္စလာမ်တွင် အကျယ်အားဖြင့် ဤကဲ့သို့ ကွာရှင်း ပြတ်စဲမှုပုံသဏ္ဍာန် (၅)မျိုး ရှိပါသည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com