ဟစီနာ(ဥပဒေကျောင်းသူ)။ ။ မယားပြိုင်ဝါဒကို လက်ခံ ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများတွင် မည်သည့် အကျိုးကျေးဇူးများ ရရှိပါမည်နည်း။ အမျိုးသမီးများသည် မယားပြိုင် လက်ထပ်ထိမ်းမြားခြင်းကို လက်ခံကျင့်သုံးသင့်သည်ဟု အဘယ်ကြောင့် အသင့်အနေနှင့် ထင်မြင်ယူဆပါသနည်း။
ဒေါက်တာဇာကိရ်။ ။ သူမ မေးသွားသောမေးခွန်းမှာ အမျိုးသားတစ်ဦးမှ ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခြင်း (မယားပြိုင်ဝါဒ)ကို ကျင့်သုံးခြင်းဖြင့်အားဖြင့် အမျိုးသမီးများ၌ ဘယ်လိုအကျိုးကျေးဇူးများ ဖြစ်ထွန်းစေပါသနည်း။
အကြောင်းမူကား အကယ်၍ အမျိုးသားတစ်ယောက်သည် အမျိုးသမီးတစ်ဦးကိုသာ လက်ထပ်ထိမ်းမြားမည်ဆိုလျှင် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော အမျိုးသမီးများမှာ ၎င်းတို့အဖို့ ကြင်ရာကြင်ဖက်(ခင်ပွန်း)ရရှိမည်မဟုတ်ပေ။ သူမတို့သည် သူမတို့၏ အကျင့်သိက္ခာကို သူမတို့ကိုယ်တိုင် ထိန်းသိမ်း ရပေလိမ့်မည်။ ၎င်းတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်းမှာ အများပိုင်ပစ္စည်းဖြစ်ရန်သာရှိသည်။ ထို့ပြင် ၎င်းတို့သည် အများပိုင်ပစ္စည်း ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူမတို့အား အများပိုင်ပစ္စည်း ဖြစ်လာခြင်းမှ တားဆီးရန်အတွက်လည်းကောင်း၊ သူမတို့၏ အမျိုးသမီးဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက်လည်းကောင်း၊ အစ္စလာမ်မှ မယားပြိုင်ဝါဒကို ခွင့်ပြုထားခြင်းဖြစ်သည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း