Bookmark and Share  
အစ္စလာမ်နှင့်ကျား၊မအတူရောနှောပညာသင်ကြားရေးစနစ်

ရရှိးဒ်ရှိုင်(စ်)။        ။ အစ္စလာမ်တွင် ကျား၊မ အတူတကွ ပညာသင်ကြား ရေးစနစ်ကို ခွင့်ပြုထားပါသလား။

ဒေါက်တာဇာကိရ်နိုက်(ခ်)။    ။ ညီနောင်မှ မေးမြန်းသည်မှာ အစ္စလာမ်တွင် ကျား၊မ အတူတကွ ပညာသင်ကြားရေးစနစ်ကို ခွင့်ပြုထားပါသလား။ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်တို့တွင် ကျား၊ မ အတူတကွ  ပညာသင်ကြားခြင်းဟု အဓိပ္ပါယ်ရနိုင်ပါ သလား။ ဦးစွာပထမ ကျောင်း၌ ကျား၊မ အတူတကွ ပညာသင်ကြားရေးစနစ်ကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ကြပါစို့။ လွန်ခဲ့သောနှစ်က ယခု ရက်သတ္တပတ်ရဲ့ မျက်မှောက်ကမ္ဘာဟူသော အစီရင်ခံစာကို ထုတ်ပြန်  ခဲ့သည်။ ယင်းစာတမ်းတွင် အင်္ဂလန်နိုင်ငံရှိ ကျား၊ မ ခွဲခြားသင်ကျောင်းများနှင့် ကျား၊ မ ရောနှောသင်ကျောင်းများကို ဆန်းစစ်လေ့လာတင်ပြထားပေသည်။

ထို့ပြင် လေ့လာဆန်းစစ်သူက ပြောကြားခဲ့သည်မှာ အားလုံးကိုခြုံ၍ပြော  ရလျှင် ကျား၊ မ ခွဲခြားသင်ကျောင်း၏ ရလဒ်သည် ကျား၊ မ ရောနှောသင်ကျောင်းများ၏ ရလဒ်ထက် သာပိုကောင်းမွန်လေသည်။ ကျောင်းမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ မေးမြန်းမှု၌ ပြောကြားခဲ့သည်မှာ ကျား၊ မ ခွဲခြားသင်ကျောင်းများ၏ ကျောင်းသား၊ သူများသည် ကျား၊ မ ရောနှောသင်ကျောင်းများမှ ကျောင်းသား၊ သူများထက်ပို၍ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း၊ ကျောင်းစာတွင် အာရုံစူးစိုက်မှု  ပိုများသည်ကို တွေ့ရှိ ရသည်။ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်သောအခါတွင် “၎င်းတို့က ကျား၊မ ရောနှောသင်ကျောင်း၌ စာသင်ကြားခြင်းကို ကျား၊ မ ခွဲခြားသင်ကျောင်း များ၌ စာသင်ကြားခြင်းထက်ပို၍ နှစ်သက်ကြောင်း ဖြေကြားခဲ့လေသည်။” အသင်တို့ အနေနှင့် ဤသည်မှာ ဘာကြောင့်ဖြစ်ရခြင်းကို သိပေမည်။ အဘယ်ကြောင့်ပါနည်း။

လေ့လာဆန်းစစ်မှုမှတ်တမ်းတွင် ဆက်လက်ပြောကြားထားသည်မှာ “ကျား၊ မ ရောနှောသင်ကျောင်းမှ လူများသည် ဆန့်ကျင်ဘက်လိင်များအတွင်း ထင်ပေါ် ကျော်ကြားမှုကို ရှာဖွေရင်း အချိန်များစွာ ဖြုန်းတီးနေကြသည်။ အခြားတစ်ဖက်တွင် စာတွင်အာရုံစူးစိုက်မှုနည်းပါးလာပြီး၊ သူတို့သည် ဆရာ၊ မများကို ဆင်ခြေ ကောင်းကောင်းပေးတတ်ကြသည်။ ကျောင်းတော်ကြီးမှ ပညာရေးဆိုင်ရာ အကျိုးအမြတ် ရှာဖွေခြင်းထက် ရည်းစားနှင့် ချိန်းတွေ့ခြင်းဖြင့်သာ အချိန်များစွာ ကုန်ဆုံးနေပေသည်။ ထို့နောက် လေ့လာ ဆန်းစစ်မှုစာတမ်း၏ နောက်ဆုံးအချက်မှာ အင်္ဂလန်နိုင်ငံအစိုးရ သည် ကျား၊ မ ခွဲခြားသောကျောင်းများကို တိုင်းပြည်အတွင်း ပိုမိုပေါ်ထွန်းလာရေး အတွက် တွေးတောကြံဆနေကြောင်း တင်ပြထားသည်။

အမေရိကန်နိုင်ငံ၏ အစီရင်ခံစာတွင် ပြောကြားထားသည်မှာ “ကျောင်းမှ မိန်းကလေးများသည် ဆရာ၊ မများထံမှ အသိပညာ လေ့လာဆည်းပူးခြင်းထက် အတန်းဖော်များထံမှ  ဥပဒေနှင့် ဆန့်ကျင်သော   လိင်ဆက်ဆံနည်းပညာရပ်များကို သင်ယူခြင်းဖြင့် အချိန်များစွာကို ဖြုန်းတတ်ကြသည်။ အိန္ဒိယနိုင်ငံတွင်လည်း ယင်း ကိစ္စနှင့်အလားတူ ကိစ္စရပ်များသည် ဖြစ်ပွားနေသည်။ ထိုသို့ဖြစ်ပွားမှု အတိုင်းအတာမှာ ပိုနည်းကောင်းနည်းမည်(သို့) ပိုများကောင်းများနေပေသည်။ ယခုတစ်ဖန် ကောလိပ်နှင့် တက္ကသိုလ်တို့၌ ကျား၊မရောနှော၍ ပညာသင်ယူခြင်းကို ခွဲခြမ်းစိတ်ဖြာ လေ့လာ ကြည့်ကြပါစို့။ ကျောင်းများအတွက် ကျွန်ုပ်တင်ပြခဲ့သောအချက်များ အားလုံးသည် ယင်းကျောင်းသား၊ ကျောင်းသူများသည် ကောလိပ်နှင့် တက္ကသိုလ်သို့ ရောက်ရှိ လာသောအခါ ပိုမိုချဲ့ကားဆိုးရွာလာသည်။

၁၉၈၀ခုနှစ်၊ မတ်လ (၁၇)ရက်တွင် ထုတ်ဝေခဲ့သော နယူးဝီးခ်၏ အစီရင်ခံစာ စာမျက်နှာ (၅၀)တွင် “တက္ကသိုလ်များ၌ရှိကြသော အမျိုးသမီးများ၏ လိင်မှုဆိုင်ရာ ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုကို ရေးသား ထားလေသည်။ ထို့ပြင် ကျွန်ုပ်အနေနှင့် အချိန်တိုတောင်းမှုကြောင့် ယင်းအစီရင်ခံစာ တစ်ခုလုံးကို ပြန်လည်၍ စားမြုံပြန်မတင်ပြနိုင်ပါ။ သို့သော် ယင်းအစီရင်ခံစာမှ       အဓိကအချက်များကိုသာ တင်ပြသွားပါမည်။

ယင်းအချက်မှာ ပါမောက္ခကြီးနှင့် ကထိကကြီးများမှ မိမိတို့၏ လက်အောက်ခံ ကျောင်းသူများအား အဆင့်ကောင်းကောင်းနှင့် အအောင် ပေးမည်ဟူသော မက်လုံးများပေး၍ လိင်မှုဆိုင်ရာ ဖြေဖြောက်မှုများပြုလုပ်ရန် တွန်းအားပေးမှုများလည်းရှိသည်။ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့တွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပေသည်။ သဘာဝအရ အသင်သည် လိင်မှုဆိုင်ရာ ဖြေဖျောက်မှုများ ပြုလုပ်ပြီးသည့်နောက် သင်၏ပညာရေးတွင် အာရုံစူးစိုက်မှုနည်းပါးလာပြီး ကြိုးစား အားထုတ်မှုမှာလည်း လျော့ပါးသွားပေမည်။ လွန်ခဲ့သော နှစ်တွင် သတင်းစာ၏ ခေါင်းကြီးပိုင်းတွင် ဖော်ပြပါရှိသော သတင်းတစ်ခုကို တင်ပြလိုပါသည်။ ကောလိပ်၏ နာမည်ကိုမူ ကျွန်ုပ်မေ့သွားချေပြီ။ ယင်းကောလိပ်၏ ကျောင်းဖွင့်စအချိန်၌ ကျောင်းသူ တစ်ယောက်အား ကျောင်းသား(၄)ယောက်(သို့) (၅)ယောက်ဝိုင်း၍ နေ့ခင်း ကြောင်တောင် မုဒိမ်းကျင့်ခဲ့သည်။

သြဂုတ်လ (၂၆)ရက်နေ့တွင် ထုတ်ဝေသော အိန္ဒိယနိုင်ငံ၏ သတင်းစာတစ်ခု တွင် နယူးယောက်တိုင်းမ်သတင်းစာ၏ အစီရင်ခံစာတစ်စောင်ကို တစ်ဆင့်ထပ်မံ၍ ဖော်ပြထားပါသည်။ ယင်းအစီရင်ခံစာတွင် “အမေရိကန်နိုင်ငံရှိ ကျောင်းများနှင့် တက္ကသိုလ်များ၌ တက်ရောက်နေသော ကျောင်းသူ (၂၅%)မှာ မုဒိမ်းကျင့်ခံနေရပေသည်။ ကျွန်ုပ်၏ အခြေခံကျသောမေးခွန်းကတော့ “အသင့် အနေနှင့် အသင်၏ သားသမီးများအား ပညာသင်ကြားရန် ကျောင်းသို့စေလွှတ်လို သလော။(သို့) အသင်၏ သားသမီးများ ဥပဒေနှင့် ဆန့်ကျင်သော လိင်မှုဆိုင်ရာ နည်းပညာများ(သို့) လိင်မှုဆိုင်ရာ စိတ်ဖြေဖျောက်မှုများကို သင်ကြားရန် ကျောင်းသို့ စေလွှတ်မည်လော။ ကျွန်ုပ်အနေနှင့် ပထမဦးစွာ အကြံပြုလိုသည်မှာ အသင်၏ သားသမီးများကို ကျား၊ မ ခွဲခြားကျောင်းများ တွင် ထားသင့်ပါသည်။ မြို့များ၌ ယင်းကဲ့သို့သော ကျား၊ မ ခွဲခြားကျောင်း အမြောက် အမြားကို တည်ထောင်ထားရှိသင့်ပါသည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com