Bookmark and Share  
အမျိုးသမီးနှင့်လေယာဉ်မယ်အလုပ်
ဆူဂျသ်။   ။အစ္စလာမ်သာသနာဝင် အမျိုးသမီးတစ်ယောက်သည် လေယာဉ်မယ် လုပ်နိုင်ပါသလား။ ဤအလုပ်သည် ၀င်ငွေမြင့်မား၍ လုပ်သင့်လုပ်ထိုက်သောအလုပ်တစ်ခု မဟုတ်ပါလော။

ဒေါက်တာဇာကိရ်နိုက်(ခ်)။    ။ ဤအလုပ်သည် အလွန် ၀င်ငွေမြင့်မားသည် ဆိုသောအချက်ကိုမူ ကျွန်ုပ်သဘောတူပါသည်။ သို့သော် ဒုတိယအပိုင်းကိုကား ခွဲခြမ်း စိတ်ဖြာ လေ့လာကြည့်ကြပါစို့။ လေယာဉ်မယ်အဖြစ် ရွေးချယ်ရာတွင် ပုံမှန်စံနှုန်းတစ်ခုမှာ “ချောမောလှပခြင်း” ပင်တည်း။ အသင်သည် ရုပ်ဆိုးသော လေယာဉ်မယ်တစ်ဦးကို မည်သည့်အခါမျှ တွေ့ရလိမ့်မည်မဟုတ်။ ယင်းလေယာဉ်မယ်များသည် ငယ်ရွယ်ပြီး စွဲဆောင်မှုအပြည့်ရှိသောကြောင့် ၎င်းတို့အား “လေယာဉ်မယ်”အဖြစ် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။ လေယာဉ်မယ်များ ၀တ်ဆင်သည့် အ၀တ်အစား မှာ အစ္စလာမ့်ကျင့်ဝတ် (သို့) အစ္စလာမ့် ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်သည်။

၎င်းတို့သည် လေယာဉ်စီးခရီးသည်များအား ဆွဲဆောင်ရန်အတွက် အလှပြင်ပစ္စည်းများကို ချယ်မှုန်းကြသည်။ လေယာဉ်မယ်များသည် ယောက်ျားများ၏ လိုအပ်ချက်များကိုသာ အဓိကထား၍ ဖြည့်ဆည်းလိုဟန်တူပေသည်။ ဤသို့ဖြင့် အမျိုးသားနှင့် အမျိုးသမီးကြားတွင် နီးကပ် ထိစပ်မှု ဖြစ်လာသည်။ အကြိမ်မြောက်များစွာ၌ လေယာဉ်စီးခရီးသည် ယောက်ျားများသည် လေယာဉ်မယ်များနှင့် လိုအပ်မှုမရှိဘဲ စကားအပြန်အလှန် ပြောဆိုလိုကြသည်။ အကယ်၍ လေယာဉ်မယ်မှ ၎င်းတို့ကို အထိုက်အလျောက် လိုက်လျောညီထွေ ပြန်လည်ပြောဆိုလိုသော်လည်း သူမအနေနှင့် မပြောဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ အလုပ်မှာ အတိမ်းအစောင်း မခံချေ။

များသောအားဖြင့် ခရီးသည်က ပြောလိမ့်မည်ဟု “ဒီမှာ အမျိုးသမီး ကျွန်ုပ်ရဲ့ ထိုင်ခုံခါးပတ်ကို ပတ်ပေးစမ်းပါ။” လေယာဉ်မယ်၌ ရွေးချယ်ရန် မည်သည့် အခွင့်အလမ်းမှမရှိသောကြောင့် သူမအနေနှင့် ထိုင်ခုံခါးပတ်ကို ပတ်ပေးရလိမ့်မည်။ မည်သို့ ဖြစ်သွားပေမည်နည်း။ ဆန့်ကျင်ဘက်လိင် နှစ်ယောက်ကြားတွင် အလွန်နီးစပ်သွားပေမည်။ လေကြောင်းလိုင်း မြောက်များစွာသည် အရက်နှင့် ဧည့်ခံကြသည်။ အစ္စလာမ်မှ မည်သည့်အမျိုးသား (သို့)အမျိုးသမီးတစ်ဦးတစ်ယောက်ကိုမဆို အရက်နှင့်ဧည့်ခံခြင်းအား တားမြစ်ထားသည်။ လေယာဉ်မယ်များအားလုံး သည် အမျိုးသမီးများ ဖြစ်ကြသည်။ လေယာဉ်အတွင်း၌ အမျိုးသားလေယာဉ် အရာရှိများပါရှိသည်။ သို့သော် သူတို့သည် လေယာဉ်စီး ခရီးသည်များအား စွဲဆောင်နိုင်ခြင်း အမျိုးသမီးများလောက် မရှိသောကြောင့် သူတို့သည် မီးဖိုချောင်အတွင်း၌ ရှိနေကြသည်။
ထို့ပြင် ကျွန်ုပ်မှပြောသည်ကို ယုံကြည်သည်ဆိုလျှင် လေကြောင်းလိုင်းတစ်ခုသည် အမျိုးသမီး လေယာဉ်လုပ်သား မရှိဘဲနှင့် မရပ်တည်နိုင်ချေ။ ဆော်ဒီ လေကြောင်းလိုင်းတစ်ခုရှိသည်ဆိုလျှင် လေယာဉ်ခရီးသည်များအား ဆွဲဆောင်နိုင်ရန် အမျိုးသမီးလေယာဉ်မယ်များ ထားရှိရပေမည်။ ထို့အပြင် အသင်သည် လေကြောင်းလိုင်းများ၏ ဥပဒေကို အသေအချာသိမည်ဆိုလျှင် အထိတ်အလန့်ဖြစ်သွားပေမည်။ ဥပမာ Air India ကဲ့သို့သော အိန္ဒိယအချို့လေကြောင်းလိုင်းများ ၎င်းတို့၏ ဥပဒေတွင် ပြဋ္ဌာန်းထားသည်မှာ  အကယ်၍ အသင်သည် (လေယာဉ်မယ်အဖြစ်) အရွေးချယ် ခံရပြီးနောက် (၄)နှစ်တိုင်တိုင် လက်ထပ်ထိမ်းမြားခြင်း မပြုနိုင်ပေ။ အချို့           လေကြောင်းလိုင်းများက အသင့်အား ပြောမည်မှာ အကယ်၍ အသင်၌ ကိုယ်ဝန်ရှိ နေသည်ဆိုလျှင် အသင်၏ အလုပ်သည် အဆုံးသတ်သွားပေမည်။

စာရှုသူ စဉ်းစားကြည့်ပါ။ အချို့လေကြောင်းလိုင်းများက ပြောမည်မှာ အသင်သည် အသက် (၃၅)နှစ်တွင် ပင်စင်ယူရပေမည်။ အဘယ်ကြောင့်နည်းဟုဆိုသော် အသင် သည် ဆွဲဆောင်မှုကို ရေရှည်မပြုနိုင်သောကြောင့်ပင်။ အသင့်အနေနှင့် ယင်း (လေယာဉ်မယ်)အလုပ်ကို သင့်တော်လျောက်ပတ်သော၊ လုပ်သင့်လုပ်ထိုက်သော အလုပ်ဟု ခေါ်ဆိုမည်လော။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com