Bookmark and Share  
အမျိုးသမီးနှင့်သေတမ်းစာပြုလုပ်ခွင့်

အကီလာဖဘာပီကာ။        ။အစ္စလာမ်မှ အမျိုးသမီးတစ်ဦးအား (အပျိုဖြစ်စေ၊ အိမ်ထောင်ရှင်ဖြစ်စေ) သေတမ်းစာပြုလုပ်ခွင့် အဘယ်ကြောင့်  မပေးထားရပါသနည်း။

ဒေါက်တာဇာကိရ်နိုက်(ခ်)။    ။ညီမတော်မှ မေးမြန်းသည့် မေးခွန်းမှာ အစ္စလာမ်မှ အမျိုးသမီးအား သေတမ်းစာပြုလုပ်ခွင့် အဘယ်ကြောင့် မပေးရပါသနည်း။ ယင်းအချက်သည် လုံးဝမှားယွင်းပါသည်။ ကျွန်ုပ်၏ ဟောပြောတင်ပြမှု၌ ပါသွားချေပြီ။ အစ္စလာမ်မှ လွန်ခဲ့သော နှစ်ပေါင်း (၁၄၀၀)ကျော်၊ အနောက်တိုင်းထက် နှစ်ပေါင်း (၁၃၀၀)စောပြီး အမျိုးသမီးတစ်ဦးအား စီးပွားရေးဆိုင်ရာ အခွင့်အရေးများ ပေးခဲ့ပါသည်။ ကျွန်ုပ်၏တင်ပြမှုအတွင်း၌ “ရင့်ကျက်သွားပြီဖြစ်သောအမျိုးသမီး´´ ဖြစ်ရမည်ဆိုသောအချက်နှင့်ပတ်သက်၍ ပြတ်ပြတ်သားသား ပြောခဲ့ကြားပါသည်။ ကျွန်ုပ် တင်ပြသွားခဲ့သည့်အတိုင်း သူမသည် အရွယ်ရောက်ပြီးသူ ဖြစ်ဖို့လိုပါပေသည်။ အမျိုးသမီးသည်  အရွယ်မရောက်သေးလျှင် သေတမ်းစာ ရေးခွင့်၊ ပြုလုပ်ခွင့်မရှိပါ။ အရွယ်ရောက်ပြီးသော အမျိုးသမီးသည် အပျိုစင်ဖြစ်စေ၊ အအို (အိမ်ထောင်ရှင်)ဖြစ်စေ သူမသည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မတိုင်ပင်ဘဲလျှက် သူမပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို လွှဲပြောင်း ပေးကမ်းပိုင်ခွင့်ရှိသည်။ သူမအနေနှင့် ဆန္ဒရှိပါက တစ်စုံတစ်ယောက်နှင့် တိုင်ပင်ခွင့်ရှိပါသည်။ သူမအနေနှင့် သေတမ်းစာ ရေးပိုင်ခွင့်၊ မိမိပိုင်ပစ္စည်းများကို မိမိနှစ်သက်သူကို  ကြိုက်သလို လွှဲပြောင်းပေးကမ်းပိုင်ခွင့် ရှိသည်။ အစ္စလာမ်မှ အမျိုးသမီးအား သေတမ်းစာပြုလုပ်ပိုင်ခွင့် ပေးထားပါသည်။အစ္စလာမ်မှ အမျိုးသမီးများအား သေတမ်းစာပြုလုပ်ခြင်းမှ မတားမြစ်ထားချေ။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com