Bookmark and Share  
သက်သက်လွတ်မစားသုံးကြတဲ့အတွက်ကြောင့်မွတ်စလင်တွေကြမ်းတမ်းနေကြရတာလား
အမေး။
သိပ္ပံပညာက လူတစ်ဦး ဘာကို စားသုံးလဲဆိုတာက သူ့ရဲ့ စရိုက်ကို အကျိုးသက်စေတယ်လို့ ဆိုပါတယ်။ ဒါနဲ့တောင်မှ အစ္စလာမ်က မွတ်စလင်တွေကို သက်သတ်လွတ်မဟုတ်တဲ့ အစားအစာတွေကို စားခွင့် ပေးထားရတာလဲ။ အသားစားခြင်းဟာ လူကို ကြမ်းတမ်းစေ ရိုင်းစိုင်း ရက်စက်စေတယ် မဟုတ်လား။
အဖြေ။
၁။ ဟင်းသီးဟင်းရွက်စား တိရိစ္ဆာန်မျိုးကိုသာ စားသုံးခွင့်ပြုထားသည်။
လူတစ်ယောက် ဘာကိုစားလဲ ဒါက သူ့ရဲ့စရိုက်ကို အကျိုး သက်စေတယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့်ပဲ အစ္စလာမ် က ခြင်္သေ့၊ ကျား၊ ကျားသစ် စတဲ့ ကြမ်းတမ်းရက်စက်တဲ့ သားရဲတိရိစ္ဆာန် မျိုးတွေကို မစားသုံးရဆိုပြီး ပိတ်ပင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး တိရိစ္ဆာန်တွေရဲ့ အသားကို စားသုံးခြင်းက လူတစ်ဦးကို ရက်စက် ကြမ်းကြုတ်သွားနိုင်စရာအကြောင်း ရှိမှာပါ။ အစ္စလာမ်က ဟင်းသီးဟင်း ရွက်စား သတ္တဝါမျိုးတွေ ဖြစ်တဲ့ နွား၊ သိုး၊ ဆိတ် စတာတွေလိုသတ္တဝါတွေကို ဒါကြောင့်ပဲ စားသုံးခွင့် ပြုထားရတာ ဖြစ်ပါတယ်။ ဒီ တိရိစ္ဆာန်တွေက အေးချမ်းတယ်။ သိမ်မွေ့ နွံနာကြပါတယ်။ မွတ်စလင်တွေက အေးချမ်းပြီး သိမ်မွေ့ အနွံအနာခံမှုရှိတဲ့ သတ္တဝါမျိုးတွေကိုသာ စားသုံးကြတာ ဖြစ်တယ်။ ဒါကလဲ မွတ်စလင်တွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးကြတဲ့သူတွေ အကြမ်းမဖက် ကြတဲ့သူတွေ  ဖြစ်နေတာကြောင့်ပါပဲ။
၂။ ကုရ်အာန်ထဲမှာ တမန်တော်မြတ်က ဆိုးဝါးသော အရာများကို တားမြစ် ပိတ်ပင်ခဲ့တယ်လို့ ဆိုထားပါတယ်။
“တမန်တော်မြတ်သည် ကောင်းမွန်ရာကိုပြုရန် ညွှန်ကြားပြီး ဒုစရိုက် မကောင်းမှုမှ ကျဉ်ရှောင်ကြရန် မြစ်တားခဲ့သည်။ ၄င်းတို့ကို စင်ကြယ်သော အရာတို့ကို စားသုံးခွင့် ပြုကာ မသန့်စင်သော အရာတို့ကို ပိတ်ပင်ခဲ့သည်။”  [ အလ် ကုရ်အာန်  ၇း ၁၅၇]
“ထို့ကြောင့်  အသင်တို့သည်  မိမိတို့အား  တမန်တော်မြတ်က ပေးသည်ကိုယူကြ၊ သူက တားမြစ်ခဲ့ရာကို ရှောင်ကျဉ်ကြကုန်။”
[ အလ် ကုရ်အာန်   ၅၉း ၇ ]
မွတ်စလင် တစ်ဦးအဖို့ တမန်တော်မြတ်ကြီး (صلي الله عليه و سلم) ရဲ့ ဖော်ထုတ် တင်ပြချက်က သူ့အပေါ် အခိုင်အမာ ယုံကြည်ဖို့အတွက် လုံလောက်နေပြီး သားပါ။ အလ္လာဟ်က လူသားတို့ကို သားငါးတချို့ကိုတော့ မစားစေလို သလို တချို့ကိုတော့ စားစေလိုတယ်ဆိုတာက အမှန်ပါပဲ။
၃။ တမန်တော် မုဟမ္မဒ် (صلي الله عليه و سلم) ရဲ့ ဟဒီးဆ်တော်ကလည်း အသားစား သားရဲ တိရိစ္ဆာန်ရိုင်းတွေကို မစားသုံးဖို့ ပိတ်ပင်ထားပါတယ်။

စစ်မှန်ခိုင်လုံတဲ့ ဟဒီးဆ်တော် အဖုံဖုံအရရော မွတ်စလင်မ်ကျမ်း ထဲမှာ အိဗနေ အဗ္ဗားစ် ဆင့်ပြန်ခဲ့တဲ့ ဟဒီးဆ်၊ အမဲလိုက်ခန်းနဲ့ သား ကောင်ကို လှီးဖြတ်ခြင်းဆိုင်ရာ ဟဒီးဆ်အမှတ် ၄၇၅၂ နဲ့ ဆူနန် အိဗနေ မာဂျာ အခန်း ၁၃ ဟဒီးဆ်အမှတ် ၃၂-၃၂ မှ ၃၂ - ၃၄ တို့အရရော တမန်တော်မြတ်က မစားသုံးရ ဆိုပြီး တားမြစ်တော် မူထားတာတွေကတော့ . . .
(၁) စွယ်သွားပါတဲ့ သားရဲတိရိစ္ဆာန်ရိုင်းများ၊ အသားစား သားရဲ တိရိစ္ဆာန်များကို ဆိုလိုတာပါ။ ဒီတိရိစ္ဆာန်တွေကတော့ ကြောင်မျိုးရင်းထဲမှာ ပါဝင်ကြတဲ့ ခြင်္သေ့၊ ကျား၊ ကြောင်များ၊ ခွေးများ၊ ဝံပုလွေများ၊ အသေ ကောင်တွေကို စားပြီး အုပ်စုဖွဲ့နေတတ်ကြတဲ့ ခွေးအ ကဲ့သို့သော သတ္တဝါ စတာတွေ၊
(၂) ကြွက်၊ ယုန် စတဲ့ ခြေသည်းရှိ သတ္တဝါများ၊
(၃) မြွေ၊ မိကျောင်း စတဲ့ တွားသွား သတ္တဝါမျိုးများ၊
(၄) လင်းတ၊ သိန်းငှက်၊ ကျီးကန်း၊ ဇီးကွက် စတဲ့ လက်သည်းခြေစွယ်များ ပါတဲ့ ငှက်များ၊

သက်သတ်လွတ် မဟုတ်တဲ့ အစားအစာက တစ်စုံတစ်ဦးကို ကြမ်းတမ်းသွားစေတယ်ဆိုတာကို သိပ္ပံနည်းကျ သက်သေ အခိုင်အခန့် ပြထားတာကတော့ မရှိသေးပါဘူး။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com