Bookmark and Share  
မွတ်စလင်မဟုတ်သူများကိုမက္ကာရွှေမြို့တော်သို့ဝင်ခွင့်မပေးထား
အမေး
မွတ်စလင်မဟုတ်သူတွေကို ထွတ်မြတ်တဲ့ ရွှေမြို့တော်ကြီးများ ဖြစ်ကြတဲ့ မက္ကာဟ်နဲ့ မဒီနာဟ်မြို့များသို့ ဘာကြောင့် ဝင်ခွင့် မပေးရတာလဲ။
အဖြေ
ဥပဒေပညတ်အရ မွတ်စလင်မဟုတ်သူတွေကို မက္ကာဟ်နဲ့ မဒီ နာဟ်ဆိုတဲ့ ရွှေမြို့တော်ကြီးများထဲသို့ ဝင်ခွင့် မပေးဖူးဆိုတာ မှန်ပါတယ်။ ဒီလို တားမြစ် ကန့်သတ်ထားမှုရဲ့ နောက်ကွယ်က ဖြစ်နိုင်ဖွယ်ရာ ကျိုး ကြောင်းကြတဲ့ အဖြေကို အောက်ပါ အချက်အလက်များက ရှင်းလင်းသွား စေပါလိမ့်မယ်။
၁။ ဘယ်နိုင်ငံမှာမှ သာမန် တိုင်းသူပြည်သားတိုင်းကို စစ်ဒေသ (Contonment  area) ထဲကို ဝင်ခွင့် မရပါ။
                ကျွန်တော်က အိန္ဒိယနိုင်ငံသား တစ်ဦးပါ။ ဒါပေမဲ့လဲ စစ်ဖက် ဒေသလိုမျိုး တားမြစ်ထားတဲ့ ဒေသအချို့ကို ဝင်ရောက်ခွင့် ကျွန်တော့်မှာ မရှိပါဘူး။ နိုင်ငံတိုင်းမှာပဲ သာမန် ပြည်သူတစ်ဦးအနေနဲ့ မဝင်ရ ဆိုပြီး ကန့်သတ် ချုပ်ချယ် ပိတ်ပင်ထားတဲ့ နေရာဒေသတွေ ရှိပါတယ်။ စစ်ဖက်မှာ ဝင်ရောက်ထားသူ ဒါမှမဟုတ် နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ပြည်သူတစ်ဦးဖြစ်နေပါမှသာ စစ်နယ်မြေထဲကို ဝင်ခွင့်ရှိပါ တယ်။ အလားတူပဲ အစ္စလာမ်ဘာသာတရားကလဲ ကမ္ဘာတစ်ဝှမ်းလုံးနဲ့ လူသားအားလုံးအတွက် ကမ္ဘာလုံးဆိုင်ရာ ဘာသာတရားကြီး တစ်ခု ဖြစ်ပါတယ်။ အစ္စလာမ်ရဲ့ တားမြစ်ဧရိယာနှစ်ခုကတော့ မက္ကာဟ်နဲ့ မဒီနာဟ်ရွှေမြို့တော်များပါပဲ။ ဒီဒေသများထဲကို အစ္စလာမ်ကို ယုံကြည်သူ များနဲ့ အစ္စလာမ်ကို ကာကွယ်ရေးမှာ ပါဝင်သက်ဆိုင်တဲ့သူတွေ ဆိုလို တာက မွတ်စလင်တွေပဲ ဝင်ရောက်ခွင့်ရှိပါတယ်။
                စစ်ဖက်ဒေသများသို့ မဝင်ရောက်ရဆိုတဲ့ တားမြစ်ချက်အပေါ် သာမန်ပြည်သူ တစ်ဦးဖက်က ဆန့်ကျင်ကန့်ကွက်မယ်ဆိုရင် ဒါဟာ ယုတ္တိ ဆင်ခြင် ကင်းမဲ့ရာသာ ရောက်သွားမှာပါ။ ဒီလိုမျိုးပဲ မက္ကာဟ်နဲ့ မဒီနာဟ် ရွှေမြို့တော်များသို့ မွတ်စလင် မဟုတ်သူများ မဝင်ရောက်ရ ဆိုတဲ့ ကန့်သတ်ချက်ကို မွတ်စလင် မဟုတ်သူများဘက်က ကန့်ကွက် လာမယ်ဆိုရင်လဲ မလျော်ကန်ရာသာ ကျသွားမှာပါ။
၂။ မက္ကာဟ်နှင့် မဒီနာဟ်ရွှေမြို့တော်များသို့ ဝင်ရောက်နိုင်စေမည့် ဗီဇာ
                (က) လူတစ်ဦးအနေနဲ့ နိုင်ငံရပ်ခြား တိုင်းပြည် တစ်ခုခုကို ခရီး ထွက်တော့မယ်ဆိုရင် သူ့ဘက်က ပထမဆုံး ဗီဇာ လျှောက်ထားရပါ တယ်။ ဒီနိုင်ငံကို ဝင်ရောက်ခွင့်ကို ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာလိုပဲ ဗီဇာ အတွက် သူ့ကိုယ်ပိုင် စည်းမျဉ်း ဥပဒေတွေ နည်းဥပဒေတွေနဲ့ လိုအပ်ချက် တွေ ရှိပါတယ်။ သတ်မှတ်ထားတဲ့ စံမူများနဲ့ မညီညွတ်ဖူး ဆိုရင်ဖြင့် ဘယ်လိုမှ ဗီဇာကို ထုတ်ပေးရိုး မရှိပါဘူး။
                (ခ) ကမ္ဘာပေါ်မှာ ဗီဇာ ထုတ်ပေးရေးနဲ့ပတ်သက်လို့ အတင်း ကျပ်ဆုံးသော နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုကြီးလဲ ပါဝင်ပါ တယ်။ အထူးသဖြင့် တတိယ နိုင်ငံတွေကို ဗီဇာ ထုတ်ပေးရေးနဲ့ ပတ်သက် လို့ပေါ့ဗျာ။ ဗီဇာ ထုတ်မပေးခင်အလျင် များစွာသော အခြေအနေများနဲ့ လိုအပ်ချက်များကို သူတို့ စိတ်တိုင်းကျ ဖြစ်ဖို့က လိုပါတယ်။
                (ဂ) ကျွန်တော် စင်္ကာပူနိုင်ငံကိုသွားတဲ့ အချိန်တုံးကဆိုရင် သူတို့ရဲ့ အင်မီဂရေးရှင်းပုံစံ (လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ပုံစံမှာ မူးယစ် ဆေးဝါး မှောင်ခိုချရင် သေဒဏ်လို့ ဖော်ပြထားပါတယ်။ ကျွန်တော့်အနေနဲ့ စင်္ကာပူကို သွားချင်မှဖြင့် ဒီဥပဒေအမိန့်ကို နာခံရရုံပဲ ရှိပါတယ်။ သေဒဏ် ဆိုတာကြီးကတော့ အင်မတန်မှ ရက်စက် ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်ရယ် ဆိုပြီး ကျွန်တော့်မှာ ဝေဖန် ပြောဆိုနိုင်ခွင့် မရှိပါဘူး။ သူတို့ဖက်က တောင်းဆိုတဲ့ အခြေအနေများနဲ့ လိုအပ်ချက်တွေကို ကျွန်တော့်ဖက်က ဖြည့်ဆီးပေးဖို့ရာ သဘောတူနိုင်မှသာပဲ သူတို့ဘက်က ပြည်ဝင်ခွင့် ဗီဇာကို ထုတ်ပေးမှာ ဖြစ်တယ်။
                (ဃ) ဗီဇာကိစ္စ လွယ်မှ လွယ်ပါ။
                မက္ကာဟ်နဲ့ မဒီနာဟ် ရွှေမြို့တော်ကြီးများသို့ လူသားတစ်ဦးအနေ နဲ့ ဝင်ရောက်ခွင့်ရစေမဲ့ မူလ အခြေအနေကတော့ လွယ်လွယ်လေးပါ။ သူ့ပါးစပ်ဖျားကနေ လာအိလာဟ အိလ်လလ္လာဟ် မုဟမ္မဒုရ် ရစူ လွလ္လာဟ် (အလ္လာဟ်မှအပ အခြား ခဝပ်ကိုးကွယ်ရာ အရှင် မရှိ၊
မုဟမ္မဒ်သခင် (صلي الله عليه و سلم) သည် အလ္လာဟ်၏ တမန်တော်ဖြစ်သည်) လို့ ဆိုလိုက် ရုံပါပဲ။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com