Bookmark and Share  
အမွေခန်း
အမေး
အစ္စလာမ့် ဥပဒေအောက်မှာ မိန်းကလေးက ဘာကြောင့် ယောကျာ်းလေးရဲ့ ထက်ဝက်ပဲ ရရတာလဲ။
အဖြေ
၁။ ကုရ်အာန်ကျမ်းလာ အမွေခွဲဝေမှု

                ကျမ်းတော်မြတ် ကုရ်အာန်ထဲမှာ တရားဝင် အကျိုးခံစားခွင့်ရှိသူ တွေရဲ့အကြားမှာ အမွေအဖြစ် ရှိနေတဲ့ ဓနဥစ္စာကို ခွဲဝေမှုနဲ့ ပတ်သက်ပြီး သီးသီးသန့်သန့် အသေးစိတ် လမ်းညွှန်ချက်တို့ ပါရှိနေပါတယ်။
အမွေနဲ့ ပတ်သက်လို့ လမ်းညွှန်ချက်ပါရှိတဲ့ ကုရ်အာန်ရဲ့ အာ ယတ်တော်တွေကတော့ . . .
• စူရာဟ် ဗကရာဟ်           ကဏ္ဍ ၂၊ ပါဒ ၁၈၀
• စူရာဟ် ဗကရာဟ်           ကဏ္ဍ ၂၊ ပါဒ ၂၄၀
• စူရာဟ် နီဆာ                   ကဏ္ဍ ၄၊ ပါဒ ၇-၉
• စူရာဟ် နီဆာ                   ကဏ္ဍ ၄၊ ပါဒ ၁၉
• စူရာဟ် နီဆာ                   ကဏ္ဍ ၄၊ ပါဒ ၃၃ နဲ့
• စူရာဟ် မာအိဒဟ်           ကဏ္ဍ၅၊ ပါဒ၁၀၆-၁၀၈
တို့ပဲ ဖြစ်ပါတယ်။
၂။ ဆွေမျိုးသားချင်းများအတွက် အမွေ၏ သီးသီးသန့်သန့် ဝေစု
                နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေရဲ့ အမွေဝေစုနဲ့ ပတ်သက်ပြီး ကုရ်အာန်ရဲ့ အာယတ်တော်သုံးခုမှာ အကျယ်တဝံ့ ဖော်ပြထားပါတယ်။ စူရာဟ်နီဆာ ကဏ္ဍ ၄၊ ပါဒ အမှတ် ၁၁-၁၂ နှင့် ၁၇၆ တို့ပဲ ဖြစ်ပါ တယ်။ ဒီ အာယတ်တော်တွေရဲ့ ဘာသာပြန်က ဒီလိုပါ။
"အလ္လာဟ်အရှင်သည် အသင်တို့၏ သားသမီးများ၏ အမွေနှင့် ပတ်သက်၍ ဤသို့ လမ်းညွှန်ထားရကား ယောကျာ်းကလေး၏ ဝေစုမှာ မိန်းကလေး၏ ဝေစုဝေပုံ၏ နှစ်ဆ ဖြစ်သည်။ သမီး မိန်းကလေးက နှစ်ဦး သို့မဟုတ် ယင်းထက် ပိုခဲ့သော် အမွေဝေစု သုံးပုံ နှစ်ပုံ ဖြစ်သည်။ သမီးတစ်ဦးတည်းဆိုသော် သူမ၏ဝေစုက ထက်ဝက်ရရှိအံ့။
                အကယ်၍ ကွယ်လွန်သူမှာ သားသမီးကျန်ရှိခဲ့သော် မိဘများအဖို့ရာ ကွယ်လွန်သူ၏ ခြောက်ပုံတစ်ပုံ ဖြစ်၏။ ကွယ်လွန်သူ ၌ သားသမီး  မရှိခဲ့ပဲ မိဘများကသာ အမွေ ဆက်ခံစရာရှိနေသည် ဆိုပါက မိခင်က သုံးပုံတစ်ပုံ ရရမည်။ ကွယ်လွန်သူတွင် ညီအစ်ကို မောင်နှမများရှိခဲ့လျှင်တော့ မိခင်သည် ခြောက်ပုံတစ်ပုံရထိုက်၏။ဥပဒေအရ ပေးစရာများြွေကးမြီးများကို ပေးဆပ်ပြီးမှသာ လျှင် ခွဲဝေကြရမှာဖြစ်သည်။ အသင်တို့၏ မိဘများကပဲလား သို့ တည်းမဟုတ် အသင်တို့၏ သားသမီးများကပဲလား အကျိုးခံစားမှုတွင် အသင်တို့နှင့် အနီးစပ်ဆုံးက ဘယ်သို့  ဆိုသည်ကို အသင် တို့ မသိကြချေ။ ဤသည် အလ္လာဟ်ပြဋ္ဌာန်းထားသော ခွဲဝေပုံ ခွဲဝေနည်းပင်ဖြစ်၏။ အလ္လာဟ်အရှင်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိစွမ်းရှင်တည်း။ ဥာဏ်တော်အဝ၀နှင့် ပြည့်စုံရှင်တည်း။
                အသင်တို့၏ ဇနီးများ ထားခဲ့ရာနှင့် ပတ်သက်ပါမူ အသင်တို့၏ ဝေစုသည် လေးပုံတစ်ပုံ ရထိုက်၏။ ဥပဒေအရ ပေးစရာနှင့် ကြွေးမြီးများကို ပေးပြီးမှ ဝေခွဲရမှာ ဖြစ်၏။ အသင်တို့၌ သားသမီး မရှိခဲ့ပါမူ ဇနီးမိန်းမက လေးပုံတစ်ပုံ ရအပ်သည်။ သားသမီးတစ်ဦး ရှိခဲ့ပါမူ ရှစ်ပုံတစ်ပုံသာ ဇနီးက ရရမည်။ ဥပဒေအရ ပေးရမှာတို့နှင့် ကြွေးမြီးကိစ္စတို့ကို ရှင်းပြီးမှသာ ဝေစုခွဲရာ၏။ သို့သော် အမွေထား ခဲ့သော အကြင်မိန်းမ သို့မဟုတ် ယောကျာ်းတွင် အထက်ဆက် သော်လည်းကောင်း၊ အောက်ဆက်သော်လည်းကောင်း မရှိခဲ့ဘဲ သားချင်းတစ်ဦးသာကျန်ခဲ့ပါမူ နှစ်ဦးအဖို့ တစ်ဦးချင်းစီမှာ ခြောက်ပုံ တစ်ပုံစီ ဖြစ်၏။ နှစ်ဦးထက်ပိုပြီးရှိနေလျှင်မူ သူတို့၏ ဝေစုက သုံးပုံ တစ်ပုံ ဖြစ်၏။ ယင်းတို့၏ ဥပဒေအရ ပေးစရာနှင့် ဆပ်စရာ ကြွေး ကိစ္စတို့ကို ရှင်းပြီးမှသာ ခွဲဝေရာ၏။ တစ်စုံတစ်ဦးဦးကိုမှ ထိခိုက် နစ်နာစေမှု မဖြစ်စေရပါ။ ဤသို့ အလ္လာဟ်ရှင်က စီရင်ထားချေ၏။ အလ္လာဟ်ရှင်သည် အရာခပ်သိမ်းကို သိစွမ်းရှင်နှင့် အလွန်တရာ သည်းခံတော်မူသောအရှင် ဖြစ်သတည်း။"
 [ ကုရ်အာန်   ၄း ၁၁-၁၂ ]
"သူတို့က အသင့်ထံ တရားစီရင်ချက်ကို မေးလာကြချေအံ့။ အလ္လာဟ်ရှင်က အောက်ဆက်ရော အထက်ဆက်ရော မရှိသည့် ကွယ်လွန်သူနှင့် ပတ်သက်၍ညွှန်ကြားထားချေပြီ။ သေ ဆုံးသူသည် အမျိုးသားဖြစ်သော် ထိုသူ၌ သားသမီး မရှိဘဲ နှမတစ်ဦးသာ ရှိနေသော် နှမသည် ထက်ဝက် ရအပ်၏။ ဥပဒေအရ ပေးစရာများနှင့်ြွေကးမြီးများကို ရှင်းပြီးမှ ခွဲဝေရာ၏။ သေဆုံးသူမှာ မိန်းမသား ဖြစ်ပြီး သားသမီးမရှိခဲ့ပါမူ မောင်ဖြစ်သူက အမွေအားလုံး ခံစားရမည်။ ညီမ နှစ်ယောက်ရှိခဲ့သော် တစ်ဦးချင်းသည် အမွေ၏ သုံးပုံတစ်ပုံကို ရရမည်။ မောင်များ၊ ညီမများ ကျန်နေခဲ့သော် အမျိုးသားက အမျိုးသမီး၏ နှစ်ဆကို ရရမည်။ ဤသို့ဖြင့် အလ္လာဟ်ရှင်က (အရာခပ်သိမ်းကို သိရှိတော်မူသော အရှင်ဖြစ်သည့် အလျောက်) အသင်တို့အား ရှင်းလင်းစွာ မိန့်ကြားထားတော်မူ၏။"  
[ ကုရ်အာန်   ၄း ၁၇၆ ]
၎။ တစ်ခါတစ်ခါမှာ အမွေရဖက် ယောကျာ်းနှင့် မိန်းမသားမှာ တန်းတူ သို့မဟုတ် ပို၍ပင် ရတတ်တာလည်း ရှိသည်
အမွေမှု အများစုမှာ အမျိုးသမီးဟာ အမွေရဖက် အမျိုးသား ရဲ့ ထက်ဝက်ကိုပဲ ရတတ်ပါတယ်။ ဘယ်လိုပဲ ဆိုစေ ဒါဟာ အမြဲ ပုံသေရယ်တော့ မဟုတ်ပါဘူး။ သေဆုံးသူမှာ အထက်ဆက် သို့မဟုတ် အောက်ဆက်မရှိခဲ့ရင် ဒါပေမဲ့ တစ်အူတုံဆင်း မောင်နဲ့နှမသာ ကျန်ခဲ့ ရင်တော့ တစ်ဦးစီဟာ ခြောက်ပုံတစ်ပုံစီရကြမှာ ဖြစ်ပါတယ်။
                ကွယ်လွန်သူမှာ သားသမီးတွေ ကျန်ခဲ့ရင် မိဘများ ဖြစ်ကြတဲ့ ဖခင်နဲ့ မိခင်တို့ဟာ တန်းတူညီမျှတစ်ဦးစီက အမွေရဲ့ ခြောက်ပုံတစ်ပုံ စီကို ကိုယ်စီရကြမှာ ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာ မိန်းမသားက ယောကျာ်း ရတာထက် နှစ်ဆိုပြီး ရတာမျိုး ရှိပါတယ်။ ကွယ်လွန်သူက မိန်းမသား ဖြစ်မယ် သားသမီးလဲ မကျန်ခဲ့ဖူးဆိုရင် ယောကျာ်းဘက်ကမောင်တွေ ဒါမှမဟုတ် အစ်မညီမတွေ အဖေနဲ့အမေတို့ ကျန်ခဲ့မယ်ဆို ရင် လင်ယောကျာ်းက တစ်ဝက်ရမယ်။ အမေက သုံးပုံတစ်ပုံရမှာ ဖြစ်ပြီး ဖခင်က ကျန်တဲ့ ခြောက်ပုံတစ်ပုံကို ရရှိမှာ ဖြစ်တယ်။ ဒီလိုမျိုး သီးသီး သန့်သန့် ကိစ္စမှာဆိုရင် အမေဖြစ်သူက ဖခင်ဖြစ်သူရတဲ့ အမွေဝေစုရဲ့ နှစ်ဆကို ရရှိမှာဖြစ်ပါတယ်။
၅။ ယောကျာ်းလေးက မိန်းကလေးထက် ပိုပြီး နှစ်ဆရခဲ့ရခြင်း
အကြောင်းရင်းမှာ ယောကျာ်းလေးမှာ ငွေရေးကြေးရေးအရ မိသားစုကို ထောက်ပံ့ ပေးရသေး၍ ဖြစ်သည်။ အစ္စလာမ်မှာ မိန်းကလေးက စီးပွားရေးအရ တာဝန်မရှိပါဘူး။ စီးပွားရေးအရတာဝန်က အမျိုးသားရဲ့ပုခုံးထက်မှာပဲ ရှိနေပါတယ်။ မိန်းမ သားတစ်ဦး လက်မထပ်ခင်မှာ ဖခင် သို့မဟုတ် မောင်ဖွားများက သူမရဲ့ စားဝတ်နေရေးနဲ့ မိန်းမသားရဲ့ တခြားငွေရေးကြေးရေး လိုအပ်ချက်များ ကို တာဝန်ယူ ဖြည့်ဆီးပေးရပါမယ်။ ထိမ်းမြားလိုက်ပြီဆိုရင်တော့ ဒီကိစ္စက သူမရဲ့ ခင်ပွန်း ဒါမှမမဟုတ် သားဖြစ်သူရဲ့တာဝန် ဖြစ်သွားပါတယ်။ အစ္စလာမ်က အမျိုးသားကိုသာ သူ့မိသားစုရဲ့ လိုအင်တွေကို ငွေရေး ကြေးရေးအရ ဖြည့်ဆီးပေးဖို့တာဝန် ရှိထားစေပါတယ်။ အမျိုးသားတွေ ကတော့ ဒီတာဝန်တွေကို ဖြည့်ဆီးပေးရမှာတွေ ရှိနေတာကြောင့် ယောကျာ်း လေးက အမွေနှစ်ဆ ရရတာပါ။ ဥပမာပြရရင် လူတစ်ဦး သေဆုံးသွား ခဲ့ရာမှာ ငွေသား ရူပီ ၁၅၀ဝ၀ဝ ထားခဲ့တယ်ဆိုရင် ဥပမာ သားတစ် ယောက်၊ သမီးတစ်ယောက် သူ့မှာ ကျန်ခဲ့တယ် ဆိုပါစို့။ သားက ရူပီ တစ်သိန်း အမွေရမှာဖြစ်ပြီး သမီးက ရူပီ ငါးသောင်းပဲ ရပါမယ်။ သား ဟာ သူရထားတဲ့ ရူပီ တစ်သိန်းထဲကနေ မိသားစုတာဝန် သူ့မှာရှိနေ သေးတာကြောင့် ဒီငွေအားလုံးကို ဒါမှမဟုတ် ရူပီရှစ်သောင်းလောက်ကိုသုံးခဲ့ရတယ်ထားပါတော့။ ဒါဆို သူ့မှာက အမွေအနေနဲ့ သူ့ခမျာ ရာခိုင် နှုန်းနည်းနည်းလောက်ပဲ ဖြစ်ဖြစ်မြောက်မြောက် ရရှာတာပါ။ ငွေလေးနှစ် သောင်းလောက်ပဲ ကျန်တာပါ။ တစ်ဖက်မှာကျတော့ သမီးဖြစ်သူက အမွေ အဖြစ် ရူပီ ငါးသောင်းရတယ်။ ဘယ်သူ့ကိုမှ သူက တစ်ပြားမှ မပေးဘဲ နေလဲရတယ်။ ရသမျှ သူ့အတွက်ပဲ အားလုံးထားနိုင်တယ်။ ဒါဆို ရတာက တစ်သိန်း၊ သုံးရမှာက ရှစ်သောင်းကို ကြိုက်လား၊ ငါးသောင်းပဲ ရပြီး ရသမျှ ကိုယ်အတွက်ဆိုတာကိုပဲ ကြိုက်လား။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com