Bookmark and Share  
အစ္စလာမ်နှင့်မွတ်စလင်တို့၏တကဲ့လက်တွေ့အကြားအကြီးအကျယ်ကွာခြားချက်
အမေး
                အစ္စလာမ်ဟာ အကောင်းဆုံးဘာသာတရားဆိုရင် မွတ်စလင် အများစုကြီးဟာ ဘာကြောင့် မရိုးမဖြောင့် ဖြစ်နေရတာလဲ။ အားကိုး ယုံကြည်စရာ မရှိ ဖြစ်နေရလဲ။ လိမ်လည်လှည့်ဖြားမှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ မူးယစ်ဆေးဝါး  ရောင်းဝယ်သုံးစွဲမှုတို့မှာဘာကြောင့် ပါဝင် ပတ်သက်နေကြရတာလဲ။
အဖြေ
၁။ မီဒီယာများက အစ္စလာမ်ကို အပုတ်ချနေကြသည်။

                (က) အစ္စလာမ်က အကောင်းဆုံးဘာသာတရားဆိုတာကတော့ သံသယဝင်စရာ မရှိပါဘူး။ ဒါပေမဲ့ မီဒီယာများက အစ္စလာမ်ကို ကြောက် ရွံ့နေကြတဲ့ အနောက်တိုင်းသားတွေရဲ့ လက်ထဲမှာ ရှိနေပါတယ်။ မီဒီယာ များက အစဉ်တစိုက်ဆိုသလို အစ္စလာမ်ကို ဆန့်ကျင်ပြီး အသံလွှင့် ပေးနေကြတယ်။ ရေးသားပုံနှိပ် ထုတ်ဝေနေကြတယ်။ အစ္စလာမ်နဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းကိုလွှင့်၊ အစ္စလာမ်ကို တလွှဲတချော် ကိုးကားလို့ ကိုးကား ဒါမှမဟုတ် အကွက်ချပြီး တစ်စုံတရာရာကို ထုတ် ပြချင် ထုတ်ပြနေကြတယ်။
                (ခ) ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဗုံးတစ်လုံးလုံးပေါက်ပြီဆိုတာနဲ့ ဘာသက်သေသာဓကမှမရှိဘဲနဲ့ တန်းပြီး စွပ်စွဲခံရတဲ့ပုဂ္ဂိုလ်တွေဟာ မွတ် စလင်တွေချည်းပဲ အမြဲ ဖြစ်နေပါတယ်။ သတင်းစာ ခေါင်းကြီးပိုင်းကနေ သတင်းကပါလာမြဲပဲ။ နောက်ပိုင်းကျတော့ လက်သည်တရားခံအစစ်က မွတ်စလင်မဟုတ်သူတွေ ဖြစ်နေတာကို တွေ့ခဲ့ရင်တော့ ဒီသတင်းက မထင်မရှား သတင်းတစ်ပုဒ် အနေနဲ့သာ ပါလာတော့တယ်။
                (ဂ) အသက် ၆၀ ကျော်ရှိတဲ့ မွတ်စလင်သက်ကြီး တစ်ဦးက၁၅ နှစ်သမီးကလေးကို သူမရဲ့ ခွင့်ပြုချက်ကို ရယူပြီးမှ လက်ထပ်ယူခဲ့ရင်လဲ ဒီသတင်းက သတင်းစာရဲ့ မျက်နှာဖုံးမှာ ထင်းထင်းကြီးပါလာပြီသာ မှတ်ရော့။ အဲ ...ဒါပေမဲ့လဲ မွတ်စလင်မဟုတ်တဲ့ အသက် ၆၀ ကျော် ရှိတဲ့သူ တစ်ဦးက ၆ နှစ်အရွယ် မိန်းကလေးကို မုဒိမ်း ကျင့်ခဲ့ရင်တော့ ဒီသတင်းက အတွင်းစာမျက်နှာမှာ သတင်းအကျဉ်းတစ်ခု အနေနဲ့သာ ပါလာစမြဲပဲ။ နေ့တိုင်းနေ့တိုင်း အမေရိကမှာ ပျမ်းမျှ မုဒိမ်းမှု ပေါင်း ၂၇၁၃ မှု ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေက သတင်းစာ တွေထဲ မပါဘူး။ ဒါက အမေရိကန်လူမျိုးတွေအဖို့ ဘဝပုံစံတစ်ခုလို ဖြစ်နေ လို့ပဲလေ။
၂။ လူမျိုးတိုင်းမှာ စုန်းပြူးကတော့ ရှိစမြဲပင်။
                မရိုးမဖြောင့်တဲ့ အားထား မယုံကြည်ရတဲ့ လိမ်လည်လှည့်ဖြားမှု စတာတွေကို ကျူးလွန်တဲ့ မွတ်စလင်တချို့ ရှိနေတာကို ကျွန်တော်သိပါ တယ်။ ဒါပေမဲ့ မီဒီယာတွေ လုပ်တဲ့ပုံစံက ဒီကိစ္စမျိုးဆို မွတ်စလင်တွေရဲ့ လက်ချက်ဆိုတာမျိုးပဲ အကွက်ချ ဖန်တီးတင်ပြနေကြတယ်။ လူမျိုးတိုင်း လူမျိုးတိုင်းမှာကို စုန်းပြူးဆိုတာမျိုးကတော့ ရှိစမြဲပဲလေ။ မွတ်စလင် အရက်သမားတွေရှိတာကို ကျွန်တော်သိပါတယ်။ တချို့ကဆို မွတ်စလင် မဟုတ်သူတွေ ထက်တောင် အများကြီးစံချိန်ချိုး သောက်နေကြတာပဲ။
၃။ ခြုံပြီး ပြောစတမ်းဆို  မွတ်စလင်တွေက အကောင်းဆုံးပဲ။
                မွတ်စလင်လူ့အဖွဲ့အစည်းမှာလဲ စုန်းပြူး ဆိုတာရှိနေပေမဲ့ မွတ် စလင်အားလုံးကို ခြုံကြည့်ရင်တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး အမျိုး သားအုပ်စုကြီး ဖြစ်နေလေရဲ့။ အားလုံးကိုခြုံပြီး ပြောစတမ်းဆို ကျုပ်တို့တွေကသာ အကောင်းဆုံးသော လူ့အဖွဲ့အစည်းကြီးပါ။ အရက်သေစာ မသောက်တဲ့သူတွေ များမှများပဲ။ ကမ္ဘာပေါ်မှာ စုပေါင်းပြီး အလှူဒါန အများဆုံး ပေးနေတဲ့ လူ့အဖွဲ့အစည်းကြီးကလဲ ကျုပ်တို့ပဲလေ။ ကမ္ဘာမှာ လူ့အသိုင်းအဝိုင်း တစ်ခုလုံးကို ခြုံပြီးဆိုရရင် မွတ်စလင်တွေလိုမျိုး အိနြေ္ဒ သိက္ခာပိုင်းနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် တည်ကြည်လေးနက်မှုနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ် လူ့တန်ဖိုး ကိုယ်ကျင့်နီတိနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဘယ်သူ ကမှ လိုက်မမှီပါဘူး။
၎။ ယာဉ်မောင်းကို ကြည့်ပြီး ကားကို အဆုံးအဖြတ် မပေးနဲ့
                အသင့်အနေနဲ့ နောက်ဆုံး မာစီဒီးကားသစ်ကြီး ဘယ်လောက် ကောင်းတယ် ဆိုတာကို သိချင်တယ် ဆိုပါစို့။ ကား ဘယ်လိုမောင်းရမယ် မှန်းမသိတဲ့ လူတစ်ဦးက ကားပေါ်တက်ထိုင်ပြီး စတီယာရင်ကို ကိုင်မောင်း လိုက်တာမှာ ကားက တိုက်မိခိုက်မိသွားတယ် ဆိုပါစို့ ဒါဆို ဘယ်သူ့ကို သွားပြီး လူကြီးမင်းက အပြစ်တင်မလဲ။ ကားကိုလား၊ ဒါမှမဟုတ် ဒရိုင် ဘာကိုလား။ ယာဉ်မောင်းကိုသာ အပြစ်ဖို့မှာက ဓမ္မတာပဲလေ။ ကားတစ်စီး ဘယ်လောက်ကောင်းတယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် လူတစ်ဦး အနေနဲ့ ယာဉ်မောင်းကို မကြည့်သင့်ပါဘူး။ ကားရဲ့အရည်အသွေးနဲ့ ကြန်အင် လက္ခဏာတွေကိုပဲ ကြည့်ရမှာပါ။ ဒီကားက ဘယ်လောက် မြန်လဲ၊ ပျမ်းမျှ ဆီစားနှုန်းက ဘယ်လိုလဲ။ ဘေးကင်းလုံခြုံစေမဲ့ အစီအမံ စတာတွေက ဘာရယ်လဲပေါ့။ မွတ်စလင်တွေက ဆိုးမှဆိုးပဲဆိုတဲ့ စောဒ ကကို ကျုပ် ဘက်က လက်ခံခဲ့ရတယ်ဆိုရင်တောင်မှပဲ နောက်လိုက် ယုံကြည်သူများရဲ့ လုပ်ရပ်ကို ကြည့်ပြီး အစ္စလာမ်ကိုတော့ မဆုံးဖြတ် သင့်ပါဘူး။ အစ္စလာမ်ဘယ်လောက် ကောင်းကြောင်းကို အဆုံးအဖြတ် ပြုလိုတယ် ဆိုရင် ခိုင်လုံတဲ့ ရင်းမြစ်တွေဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်နဲ့ ဆွဟီးဟ် ဟဒီးဆ်များနဲ့ အညီသာ ဆန်းစစ်ကြည့်သွားရမှာပါ။
၅။ အစ္စလာမ်ဘာသာကို အကောင်းဆုံးလိုက်နာသွားခဲ့သူ တမန်တော်မြတ် (صلي الله عليه و سلم) မုဟမ္မဒ်ကို မူတည်ပြီးတော့သာ အဆုံးအဖြတ်ပြုပါ။
ကားတစ်စီး ဘယ်လောက် ကောင်းတယ်ဆိုတာကို လက်တွေ့ စစ်ဆေး ကြည့်ချင်တယ် ဆိုရင် စတီယာရင် ဘီးရဲ့နောက်က ကျွမ်းကျင်တဲ့ ယာဉ်မောင်းတစ်ဦးကို ထားပြီး စစ်ဆေးကြည့်ရမှာပါ။ အလားတူပဲ။ အစ္စလာမ် ဘယ်လောက် ကောင်းတယ်ဆိုတာကိုလဲ စစ်ဆေးနိုင်ဖို့အတွက် အလ္လာဟ်ရဲ့ နောက်ဆုံးတမန်တော်ကြီးဖြစ်တဲ့ တမန်တော် မုဟမ္မဒ် (صلي الله عليه و سلم) ဆိုတဲ့ အစ္စလာမ်ကို အကောင်းဆုံးနဲ့ စံအတင်ထိုက်ဆုံး လိုက်နာ ကျင့်သုံးပြသ သွားခဲ့သူအပေါ်မှာသာ ကြည့်ပြီး အကဲဖြတ်ရမှာပါ။ မွတ်စ လင်တွေသာမက အစွဲကင်းကြတဲ့ မွတ်စလင်မဟုတ်တဲ့ သမိုင်းပညာရှင် အများအပြားကပါ တမန်တော်မုဟမ္မဒ် (صلي الله عليه و سلم) က အကောင်းဆုံး လူသား ဆိုပြီး ကြွေးကျော်ခဲ့ကြပါတယ်။ "သမိုင်းတွင် ဩဇာ အကြီးဆုံးသော ပုဂ္ဂိုလ်တစ်ရာ" (The  Hundred  Most  Influential Men in History)  ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူ မိုက်ကယ်၊ အိပ်ခ်ျဟတ်ကလဲ အစ္စလာမ်ရဲ့ ချစ်ကြည်လေးစား ဖွယ်ရာ တမန်တော်ကြီး မုဟမ္မဒ် (صلي الله عليه و سلم) သခင်ကိုသာ ကမ္ဘာမှာ ဩဇာအရှိန်အဝါ ကြီးထွားခဲ့သူ အားလုံးထဲမှာ အဆင့် ၁ ထိပ်ဆုံးက ထားပြီး မော်ကွန်းတင်သွားခဲ့ပါတယ်။ သောမတ်စ် ကာလိုင်းလ်တို့ လာမာတိုင်တို့စတာတွေလို တမန်တော်မြတ်ကြီးကို အကြီး အကျယ် အမွှမ်းတင် ဂုဏ်ပြု ချီးကျူးစကား ဆိုသွားခဲ့ကြတဲ့ မွတ်စလင်မဟုတ် သူတွေရဲ့ ဒီလိုမျိုး ဥပမာတွေကို အများကြီးပဲ ကျွန်တော့်ဘက်က ထပ်ပြီး ပေးနိုင်ပါသေးတယ်။
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)


 
 
Please feel free to copy, print and otherwise reproduce and distribute articles to teach others about Islam, as widely as possible.
We believe that ALL Islamic Knowledge is the Property of Allah, and as such it is our duty, as Muslims to make that knowledge widely available as a resource for All.
This website DOES NOT belong to any political or any organization.
myanmarislam.com